ဧဒင်အချစ်ပုံပြင်: မွန်တို့ဌာနီရာမည၏ အလွန်ထူးဆန်းသော ယာဉ်စည်းကမ်းဥပဒေသစ်

Saturday 3 March 2012

မွန်တို့ဌာနီရာမည၏ အလွန်ထူးဆန်းသော ယာဉ်စည်းကမ်းဥပဒေသစ်


 မြန်မာနိုင်ငံအတွင်း ဒေသဖွံ့ဖြိုးတိုးတက်မှုတွင် တတိယအဆင့် အကောင်းဆုံးမြို့တော်ကိုပြသပါဆိုရင် မွန်ပြည်နယ် မော်လမြိုင်မြို့ကို
ညွှန်ပြချင်ပါသည်။ ခေတ်အဆက်ဆက်တွင် ပြည်နယ်အရပ်ရပ်သို့ ဒေသထွက်ကုန်စီးဆင်းမှု အားကောင်းပြီး အိမ်နီးခြင်း ထိုင်းနိုင်ငံနှင့်
ကုန်စည်ဖလှယ်ရောင်းဝယ်ဖောက်ကားရာတွင်လည်း အချက်အခြာကျသည့် မြို့တော်ဖြစ်ပါသည်။
ကုန်းလမ်းရေလမ်းမှတဆင့် နေ့စဉ်
ကုန်မျိုးစုံဝင်ထွက်ရာ မြို့ဟုဆိုလျှင်လည်း မမှားပေ။ ယနေ့ပြောင်းလဲတိုးတက်လာသော စီးပွါးရေးမူအရဆိုလျှင် အောက်မြန်မာပြည်၏
မာန်ဖီနေသောကျားပျိုအသွင်ကဲ့သို့ အလျှင်အမြန်ရုန်းထနေပါသည်။ ကျွန်တော်တို့နိုင်ငံ၏ အစိုးရသစ်လက်ထက်တွင် အိုဟောင်းနေပြီ
ဖြစ်သော ဥပဒေဟောင်းအချို့အားပြင်ဆင်ခြင်း ၊ အချို့သောဥပဒေများကို အလုံးစုံဖျက်သိမ်းခြင်း စသဖြင့် လက်ရှိခေတ်နှင့်လျော်ညီ
သော အုပ်ချူပ်ရေးမူဝါဒဖြင့် အရှိန်အဟုန်ပြင်းစွာတိုးတက်လုပ်ဆောင်မှုကြောင့် များစွာဝမ်းသာပီတိ ဂုဏ်ယူမိပါသည်။
   မြို့တော်မော်လမြိုင်၏ လမ်းမများပေါ်တွင် ကြီးပွါးတိုးတက်မှုပြယုဒ်ဖြစ်သော အလွန်တရာရှုပ်ထွေးပွေလီလှသော ယာဉ်မျိုးစုံသည်
နေ့စဉ်နှင့်အမျှ သွားလာလှည့်ပတ်လျှက်ရှိနေပါသည်။ ထိုအထဲတွင် ယာဉ်စည်းကမ်းအားတိကျစွာ လိုက်နာရန် ကင်းဝေးလွန်းလှသည့်
မြို့တော်နေ မော်တော်ကား/ဆိုင်ကယ်ယာဉ်မောင်းများကြောင့် မွန်ပြည်နယ်ယာဉ်စည်းထိန်းသိမ်းရေးအဖွဲ့အစည်းမှာလည်း အလွန်
ခေါင်းခဲနေကြရပါသည်။ တဖန် နယ်စပ်နိုင်ငံနှင့်နီးစပ်သဖြင့် လိုင်စင်မဲ့မော်တော်ကား/ဆိုင်ကယ် ယာဉ်မျိုးစုံမှာလည်း မြို့ပေါ်နှင့် ရွာ
နီးစပ်ချုပ်ပါမကျန် နေ့စဉ်အလုံးအရင်းဝင်ရောက်လာပါသည်။ ယခုအခါ နံပါတ်ပြားတပ်ဆင်ထားခြင်းမရှိ ယာဉ်လိုင်စင်မရှိ ယာဉ်တစ်စီး
တွင်ပါရှိရမည့် အင်္ဂါရပ်မစုံခြင်းသည် မော်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အစည်းမှ တားမြစ်အရေးယူဆောင်ရွက်မည့် အဓိက
လုပ်ငန်းစဉ်မဟုတ်ပါ၊ လွတ်လပ်စွာစီးနင်းနိုင်သည်။ ဖမ်းဆီးအရေးယူတော့မည်မဟုတ်ကြောင်းကို မော်တော်ယာဉ်စည်းကမ်းထိန်းသိမ်း
ရေးအရာရှိတစ်ဦးမှ စာရေးသူအား မကြာသေးမီရက်မှ ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ယာဉ်စီးနင်းစဉ်ဆိုင်ကယ်စီးဦးထုပ်မဆောင်းသည့်
သူများကိုသာ အရေးယူဆောင်ရွက်နေကြောင်း၊ ဒဏ်ကြေးမှာသုံးထောင်ကျပ်တိတိကိုချက်ချင်းပေးဆောင်ရကြောင်း ချလံဖြတ်ပိုင်းကို
ချက်ချင်းရေးသွင်း ဒဏ်ကြေးအခုပေးဆောင် ပြီးရင်လိုရာခရီးဆက်နိုင်ပြီ ဟူသည့် ဒီမိုကရေစီခေတ်မှာ လူလာဖြစ်ရသည့် ကျွန်တော်တို့
အတွက် အသစ်အဆန်းဥပဒေတစ်ခုဖြစ်ပါကြောင်း၊ ရိုးစင်းစွာသိရှိခဲ့ရပါသည်။ မည်သည့်နိုင်ငံတွင်မှ မရှိသေးသည့် လိုင်စင်မဲ့မော်တော်
ယာဉ်/ဆိုင်ကယ်အား လွတ်လပ်စွာစီးနင်းနိုင်သော အချုပ်အခြာအာဏာရ ခေတ်သစ်ဒီမိုကရေစီနိုင်ငံကြီးဖြစ်လာတော့မည်မှာ ဧကန်
အမှန်ပင်ဖြစ်ပါကြောင်း နှင့် မကြာမီတွင် ၄င်းစနစ်ဥပဒေအား အာစီယံဒေသနိုင်ငံများမှ လာရောက်လေ့လာအတုယူ ကျင့်သုံးလာကြနိုင်
ကြောင်းကို ကျွန်တော် ရင်လေးစွာသုံးသပ်လိုက်ရပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...