ဧဒင်အချစ်ပုံပြင်: မေတ္တာခြင်းပြိုင် သားကိုဘယ်သူပိုင်သလဲ

Saturday 31 March 2012

မေတ္တာခြင်းပြိုင် သားကိုဘယ်သူပိုင်သလဲ


 
(၂၅-၃-၂၀၁၂) ရက်နေ့တွင် မြဝတီမြို့(၉၇) ကုန်းရပ်နေကိုဇော်ထူးမှ ၎င်း၏ မွေးစားသားအားပြန်လည် ရယူလိုမှုအားအကူအညီပေးပါရန်PVA ရုံးသို့လာရောက်အကူအညီတောင်းခံခဲ့ပါသည်။ အကြောင်းစုံမှာ ကိုဇော်ထူးသည်မိုးမင်းခန့်(၆)နှစ်အား(၅)လသားအရွယ်မှစတင်၍ မြဝင်္တီမံမီဂိတ်တွင် စာချုပ်စာတမ်းနှင့် သဘောတူလက်မှတ်ထိုး မွေးစားခဲ့ခြင်း ဖြစ်ပါသည်။
(၄-၃-၂၀၁၂)ရက်နေ့တွင် ဖခင်ရင်းဖြစ်သူ ကိုစောဆဲနေမှ ကလေးအားတွေ့ဆုံခွင့်တောင်းပါသဖြင့်ေ
ခတ္တခဏ ပို့ဆောင်တွေ့ဆုံခွင့်ပြုခဲ့ပါသည်။ဤသို့အလည်အပတ်ခေါ်ဆောင်သွားခွင့်ပြုခဲ့ပါသော်လည်း (၂၅-၃၂၀၁၂) ရက်နေ့တိုင်အောင်ပြန်လည်ပို့ဆောင်ပေးခြင်းမရှိပဲ အဆက်အသွယ်ပါဖြတ်တောက် ထားပါသဖြင့်ဤသို့လာရောက်တိုင်ကြားရခြင်းဖြစ်ကြောင်းရှင်းပြခဲ့ပါသည်။ကိုဇော်ထူးကမွေးစားစဉ်ချုပ်ဆိုခဲ့သော စာချုပ် မွေးစာရင်း အိမ်ထောင်စုစာရင်းများကိုပါ ပူးတွဲတင်ပြခဲ့ခြင်းဖြစ်ပါသည်။
ထိုကြောင့် PVA မှ ခြေရာဖျောက်သွားသူ ကိုစောဆဲနေ၏နေရပ်ကို စုံစမ်းရာ နောင်ခယိုဒေသတွင် လက်ရှိနေ နေကြောင်းကြားသိရပါသဖြင့် PVA ဗဟိုရုံးမှတာဝန်ရှိသူများသည် မယ်တောင်မိုင်ဒေသ ကော်မတီဝင်များနှင့်အတူ(၂၇-၃-၂၀၁၂)ရက်နေ့တွင်နောင်ခယိုဒေသ သို့သွားရောက်ကာ ရွာသူကြီးနှင့် နှင့်တကွKNUနှင့်KYOအဖွဲ့အစည်းများအားပြောဆိုရှင်းပြအကူအညီတောင်းခံစုံစမ်းခဲ့ပါသည်။ကိုစောဆဲနေအားရှာဖွေတွေရှိခဲ့ခြင်းမရှိသော်လည်းဝဲကုလားကျေးရွာတွင်ရှိနေကြောင်းထပ်မံသိရှိရပါသဖြင့်PVA၊ KNUနှင့် KYO အဖွဲ့ဝင်များပူးပေါင်းပြီး ဝဲကုလားကျေးရွာသို့ ဆက်လက်သွားရောက် စုံစမ်းခဲ့ကြပါသည်။ ကိုစောဆဲနေအား ချက်ခြင်းရှာဖွေတွေ့ရှိခြင်းမရှိသော်လည်း KNU၊ KYO နှင့် ထိုင်းသူကြီးများအဖွဲ့က ၎င်းတို့ဆက်လက်စုံစမ်းထားပေးမည်ဖြစ်ကြောင်းတွေ့ရှိသည်နှင့်တပြိုက်နက်အကြောင်းကြားပေးပါမည်ဟူသော ကတိပြု ကူညီလိုက်လျောမှုကိုမူရရှိခဲ့ပါသည်။ထိုနောက် (၂၉-၃-၂၀၁၂) ရက်နေ့တွင် ၎င်းတို့ ကတိပြုထားသည့်အတိုင်းကိုစောဆဲနေကိုရောကလေးကိုပါတွေ့ရှိပြီးဖြစ်ပါ၍လာရောက်ခေါ်ယူရန်KNU KYOနှင့်ရွာသူကြီးအဖွဲ့ကအကြောင်းကြားလာပါသဖြင့် PVA အဖွဲ့ဝင်များသည် ဝဲကုလားသို့သွားရောက် ကလေးငယ်အားခေါ်ဆောင်ခဲ့ပြီး၎င်း၏မွေးစားဖခင်ကိုဇော်ထူးနှင့်မိခင်တိုထံသားငယ်မိုးမင်းခန့်အား ပြန် လည်အပ်နှံပေးခဲ့ပါသည်။
pva.masDescription: http://img2.blogblog.com/img/icon18_edit_allbkg.gif

1 comment:

  1. မိဘမေတ္တာတရားကတော့ ဘာနဲ့မှ နှိုင်းလို့မရပါဘူးဗျာ....အကြောင်းကြောင်းကြောင့် မွေးစားတာကို လက်ခံလိုက်တာနဲ့တူပါတယ်......စိတ်မကောင်းပါဘူးဗျာ....

    ReplyDelete

Related Posts Plugin for WordPress, Blogger...