ဧဒင်အချစ်ပုံပြင်: ဂိမ်းဆော့တဲ့ကလေးကို ကမ္ဘောဒီးယားဖခင် အပြစ်ပေးပုံ

Friday 30 March 2012

ဂိမ်းဆော့တဲ့ကလေးကို ကမ္ဘောဒီးယားဖခင် အပြစ်ပေးပုံ


ကျောင်းပြေးပြီး အွန်လိုင်းမှာ ဂိမ်းဆော့တဲ့ ဆယ်ကျော်သက်လေးကို သူ့အဖေက ပုံမှာ တွေ့ရတဲ့အတိုင်း တိုင်မှာ သံကြိုးတန်းလန်းနဲ့ဖြစ်အောင် လုပ်ထားလိုက်ပါတယ်။ လည်ပင်းကိုလည်း သံကြိုးနဲ့ပတ် သော့နဲ့ခတ်ထားပါတယ်။ အင်္ဂါနေ့ကပါ။
ကောင်လေးက အသက် ၁၃ နှစ်ပဲ ရှိပါသေးတယ်။ အဲဒီလို အပြစ်ပေးပြီး ၂ နာရီအကြာမှာ အိမ်နီးချင်းတွေ သတင်းပို့တဲ့အတွက် ရဲတွေက သော့ပြင်ဆရာနဲ့အတူ ရောက်လာပြီး ကောင်လေး လွတ်သွားအောင် လုပ်ပေးလိုက်တယ် တဲ့၊ ဘန်ကောက်ပို့စ် သတင်းစာ အင်တာနက်စာမျက်နှာမှာ ဒီနေ့ ရေးထားပါတယ်။
"သူ့အဖေက သူ့ကို ကျောင်းမသွားဘဲ အင်တာနက်ဆိုင်ထဲ ရောက်နေတာကို တွေ့လို့ စိတ်အရမ်းတိုသွားတယ်၊ ဒါကြောင့် သူ့ကို သင်ခန်းစာပေးတဲ့အနေနဲ့ အများမြင်အောင် သံကြိုးနဲ့ချည်ထားတာ တဲ့၊ ရဲအရာရှိ Cheth Vanny က AFP သတင်းဌာနကို ပြောပါတယ်။ ကလေးရဲ့ အပြောအရ ဆိုရင် အရိုက်လည်း ခံထားရသေးတယ် လို့ ဆိုတယ်။
ကလေးအဖေက အသက် ၄၀ ရှိပါပြီ။ Battambang မြို့က ဆိုင်ကယ်တက္ကစီသမားပါ။ ကလေးသူငယ်နှိပ်စက်မှုနဲ့ အရေးယူခံရမှာ ကြောက်လို့ ထွက်ပြေးနေတယ် တဲ့။
"သူ ရှောင်နေတုန်းပဲ။ ဒီလို နှိပ်စက်ပုံမျိုးဟာ လက်ခံနိုင်စရာ မရှိဘူး" လို့ ရဲအရာရှိက ပြောပါတယ်။
ဧရာဝတီ ဘလော့ဂ်


1 comment:

  1. ဂိမ်းဆော့ လို့ အခုလိုအပစ်ပေးတာတော့ နှိပ်စက်သလိုဖြစ်တာပေါ့...
    အခုတော့ ကိုယ်တိုင်လည်း ၀ရမ်းပြေးဘ၀ရောက်သွားရော...
    သားသမီးနဲ့ မိဘ အဆုံးအမ မတတ်တော့ အလိုလားအပ်
    တဲ့နောက်ဆက်တွဲပြဿနာတွေပေါ်လာတာပေါ့ ... သင်
    ခန်းစာယူ စရာကောင်းပါတယ် ...

    ခင်မင်စွာဖြင့်
    ရာဇာထွေး

    ReplyDelete

Related Posts Plugin for WordPress, Blogger...