သမိုင်းဝင်ကျိုက်မောင်းဘုရားပွဲတော်
ကြီးမှာ တစ်ညဇာတ်ကြေး သိန်း၎ဝနဲ့ ၃ညစာ ငွေချေပြီးတဲ့နောက်
၂ညကပြီးနောက်ဆုံးည မှာစွမ်းဇာနည်က သီချင်း၅ပုဒ်သာဆို ပြီး ပြန်သွားတဲ့အတွက်
ဇာတ်ကန်ထရိုက်က မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)ကို ဖြေရှင်းပေးဖို့
တိုင်စာပို့လိုက်တယ်လို့ ဂျာနယ်တစ်စောင်မှာပါလာတဲ့သတင်းေ ကြာင့်
စွမ်းဇာနည်ရဲ့ ပရိသတ်တွေက တကယ့် ဖြစ်ရပ်မှန်ကို သိချင်ကြောင်း၊ ဒီသတင်း
တကယ်ဟုတ်၊မဟုတ်ဆိုတာကိုလည်း သူတို့ ချစ်တဲ့စွမ်းဇာနည် ကိုယ်တိုင်နှုတ် ကနေ
အဖြစ်မှန်ကို ဖြေပေးစေလိုကြောင်း ပရိသတ် တွေက ပေါ်ပြူလာကို ဖုန်းဆက်လာကြပါ
တယ်။ပေါ်ပြူလာကလည်း ပရိသတ်တွေ အဖြစ်မှန်ကို သိရဖို့ အတွက် စွမ်းဇာနည်ကို
ဆက်သွယ်မေးမြန်းဖြစ်ခဲ့သမျှကို ဖော်ပြ ပေးလိုက်ရပါတယ်။
မေး-
ပရိသတ်တွေကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး တကယ့်ဖြစ်ရပ်မှန်ကို သိချင်
နေကြတယ်။ ဒါကြောင့် စွမ်းဇာနည်အနေ နဲ့ ဒီသတင်းနဲ့ပတ်သက်ပြီး ပရိသတ်ကို
ရှင်း ပြပေးစေလိုပါတယ်။
ဖြေ-
ကျွန်တော်အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တအားရှင်းပြချင်နေတာပါ။ ဂျာနယ်ထဲမှာ
ကျွန်တော့်ကို ရေးထားတာက ၃ညစလုံး ပြဇာတ်၊အော်ပရာလုံးဝမကဘဲနဲ့ သီချင်း၅ ပုဒ်
ပဲဆိုပြီး ပရိသတ်ကို ရက်ရက်စက်စက် ဥပက္ခာပြုသွားတယ်လို့ ပါလာတယ်။
ကျွန်တော်ပြဇာတ်၊အော်ပရာ၃ညစလုံး ကပါတယ်။ နှစ်ပါးသွား၂ညကတယ်။ နှစ်ပါး
သွား၂ညစလုံးကို မနက်၆နာရီခွဲတဲ့အထိ ကျွန်တော်ကပါတယ်။ နောက်ဆုံးညမှာ ၂ပါး
သွားမကဖြစ်တဲ့ အကြောင်းအရင်းက အဲဒီပွဲက နယ်ပွဲလေးပါ။ နယ်ပွဲလေး ဆို တာက
ရွာဘက်မှာ လုပ်တဲ့ပွဲလေးပါ။ ဒါပေမဲ့ ပွဲကတအား စည်ကားတယ်။ စည် ကားတဲ့ကြား
ထဲမှာမှ ဇာတ်ရုံနောက် အထိ ကား မရောက်ဘူး။ ကျွန်တော့်ရဲ့ခြေထောက် ဒဏ်ရာ
မပျောက် သေးဘူးဆိုတာကိုလည်း ပရိသတ်တွေ တော် တော် များများသိကြပါတယ်။
အဲဒီလိုမျိုးကိုမှ ကျွန်တော့်ကားရပ်ထားတဲ့နေရာကနေ လမ်း လျှောက်ပြီး လာရတယ်။
လမ်းလျှောက် လာရတော့ နောက်ဆုံးညမှာ ကျွန်တော် ချော်လဲသွားတယ်။ အဲဒီနေ့ညက
ကျွန်တော် နေမကောင်းလို့ ကျွန်တော်တည်းတဲ့ မြောင်းမြက နေ နန်းတော်ဆိုတဲ့
ဟိုတယ်ရဲ့ ဘေးက ဆေးခန်းမှာ ဆေးထိုးခဲ့ရတယ်။ အဲဒီ ဆေးမှတ်တမ်းတွေလည်း
ကျွန်တော့်မှာ ရှိပါတယ်။ အဲဒီမှာချော်လဲတာ ကျွန်တော့်ရဲ့ခြေထောက် က
ရောင်ပြီး ချက်ချင်းနာသွားတယ်။ အဲဒီတော့ ဇာတ် သမားတွေက စတိတ်ရှိုး ပြီးတော့
နားလိုက်ပါ တော့လို့ ပြောကြတယ်။ ဒါပေမဲ့ ကျွန်တော် က ပြဇာတ်ကလိုက်
မယ်။ပရိသတ် အထင်လွဲ သွားမှာစိုးလို့ပါ။ အဲဒါနဲ့ပြဇာတ်ကတယ်။ ပြဇာတ်ကပြီးတဲ့
အချိန်မှာမနက် ၄နာရီ ရှိသွားပြီ။ နှစ်ပါးသွားကိုဘယ်လိုမှ ကျွန်တော်
မလာနိုင်တော့ တဲ့အတွက် ဇာတ်ထဲက လူရွှင်တော်တွေ၊ မန်နေဂျာတွေ လူကြီး တွေကို
ကျွန်တော်ပြောပြတယ်။ ပြောပြီး ပရိသတ်ကို တောင်းပန်ခိုင်းတယ်။သူတို့
တိုင်ထားတဲ့ အတိုင်း ကျွန်တော် နှစ်ပါးသွား မကဖြစ်ဘူးဆိုတာဟုတ်ပါတယ်။ လူတစ်
ယောက်ရဲ့ ကျန်းမာရေးအတွက် ဒီလောက် လေးတော့ နားလည်ပေးသင့်ပါတယ်။ ပရိ သတ်က
နား လည်ပေးပါတယ်။ ဒါပေမဲ့ အကြီးကြီးဖြစ်အေင် ပုံကြီးချဲ့ပြီး ဂျာနယ်ထဲ
ထည့်တာတော့ မကောင်းပါဘူး။ ဒါပေမဲ့ ကျွန်တော်အဲဒီကိစ္စကို မကြောက်ပါဘူး။
စွမ်းကိုချစ်တဲ့ပ ရိသတ်က ကျွန်တော် အဲဒီလို
မလုပ်တတ်ဘူးဆိုတာသိတဲ့အတွက်ကြောင့်ပါ။
မေး-
ဇာတ်ကန်ထရိုက်က မြန်မာနိုင်ငံ သဘင်အစည်းအရုံးကို တိုင်စာပို့ ထားတယ်လို့
သိရပါတယ်။ ဒါကြောင့် သဘင်အစည်းအရုံးမှာ တိုင်စာကိစ္စနဲ့ ပတ်သက်ပြီး နှစ်
ဦးနှစ်ဖက်ဖြေရှင်း ခဲ့ကြပြီးပြီလား။ ဖြေရှင်းပြီးပြီဆိုရင် ထွက် လာတဲ့
အဖြေကိုလည်း သိချင်ပါတယ်။
ဖြေ-
တိုင်စာအရ အစည်းအရုံးက လူကြီး တွေက မတ်လ၉ရက်နေ့က နှစ်ဦးနှစ်ဖက်
ခေါ်ပါတယ်။ခေါ်တဲ့အခါမှာ ကျွန်တော့် ဘက်က နှစ်ပါးသွားမကဖြစ်ခဲ့တာ အမှန်ပါ။
ကန်ထရိုက်ကို အသိမပေးဖြစ်တာကလည်း ၃ရက်သာကတာ ကန်ထရိုက် ဘယ်သူလဲ ဆိုတာ
ကျွန်တော် မသိပါဘူး။ မသိတဲ့ အတွက် ကျွန်တော် မပြောဖြစ်ခဲ့ရ ဘူး။ ဒါပေမဲ့
ကျွန်တော့်ဇာတ်က လူ ကြီးတွေကို အသိပေးခဲ့ပါတယ်။ ဒါ ပေမဲ့
ကျွန်တော့်ဘက်ကမှန်တယ်ဆို ပေမယ့်လည်း သူ့ဆန်စားရင်ရဲရတယ် ဆိုသလို ပိုက်ဆံ
ယူထား တဲ့အတွက် ကန်ထရိုက်ကို အစည်းအရုံးက လူ ကြီးတွေရှေ့မှာ တောင်းပန်ခဲ့ပါ
တယ်။ နှစ်ပါးသွားမကဖြစ်တဲ့ အတွက်ပါ။ နောက် အဲဒီညမှာ ငွေကုန်ကြေးကျခံပြီး
လာေ ရာက် အားပေးကြတဲ့ ပရိသတ် မှန်သမျှ ကိုလည်း ကျွန်တော်ပေါ်ပြူလာ ဂျာနယ်ကနေ
တောင်းပန်ပါတယ်။ဇာတ်ကန်ထရိုက် ဦးဝင်းဦးက လည်း ဂျာနယ်ထဲမှာ မဟုတ်မ မှန်
ပြောဆိုထားတာဖြစ်ကြောင်း သူ ကိုယ်တိုင်ရှင်းပေးပါ့မယ်လို့ မြန်မာ
နိုင်ငံသဘင်အစည်းအရုံး (ဗဟို) လူကြီးတွေရဲ့ အရှေ့မှာ လက်မှတ်
ရေးထိုးသွားပါတယ်။ အဲဒီ အတွက် လည်း သဘင်ပညာရှင်ကြီးတွေရော၊ မင်း
သားကြီးတွေရော ကျွန်တော့်ကို အထင် မလွဲကြဖို့ ကျွန်တော်ပြောချင်တာပါ။
မေး-
စွမ်းဇာနည်အနေနဲ့ နောက်ဆုံးညမှာ နှစ်ပါးသွားမကဖြစ်ခဲ့တဲ့အတွက် ပရိသတ် တွေက
အကြီးအကျယ်စိတ်ဆိုးကြတယ်လို့ ပြောပါတယ်။ ဒီသတင်းကို စွမ်းဇာနည်
ပြန်ကြားခဲ့ရပါသလား။ နောက်ကခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာကော ပရိသတ်
မပြန်သေးဘဲ ဇာတ်ပွဲကို သိမ်းခဲ့တာမျိုးတွေ ရှိခဲ့လား။
ဖြေ-
ဇာတ်ထဲက လူရွှင်တော်ကြီးတွေ၊ ဆိုင်း ဆရာကြီးတွေက ပြန်ပြောကြပါတယ်။
ပြဿနာလုံးဝမဖြစ်ပါဘူးတဲ့။ ဇာတ်ကားထွက် တဲ့အထိ အေးအေးပဲရှိခဲ့ပါတယ်။
ကျွန်တော် ဘယ်လောက်အထိ ကန်ထရိုက်တွေအပေါ် ကောင်းသလဲဆိုရင်
အကျိုးတူစီးပွားဘက်ဖြစ် တဲ့အတွက် ပွဲမကခင် ဘုရားကန်တော့ပြီး တာနဲ့
ကန်ထရိုက်ကိုပါ စိတ်ထဲကနေမှန်းပြီး ကန်တော့ပါတယ်။ ပြီးမှ ပွဲကတာပါ။ သူတို့
ကျွန်တော့်ကို တစ်ည သိန်း၎ဝနဲ့ငှားပြီး ၁၂ဝရှင်း လိုက်တယ်ဆိုတာ
အဲဒါကျွန်တော် ရတာမဟုတ်ပါဘူး။ ကျွန်တော်က ကျွန်တော့် ညကြေးပဲရတာပါ။
သိန်း၎ဝ၊ ၃ည ၁၂ဝဆိုတာဇာတ်ကြေးပါ။ အဲဒါဇာတ်ဆရာ အကန့်ပါ။
ကျွန်တော်အကန့်မဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ ခြေထောက်ကျိုးပြီး
ကတည်းကဇာတ်ဆရာကို ကျွန်တော်ပြော ပါတယ်။ ကျွန်တော် စတိတ်ရှိုးနဲ့ ပြဇာတ်လေး
ပဲ ကနိုင်မယ်။ အဲဒါကို လက်ခံမှပဲပွဲလက်ခံပါ။ အဲဒါကို ကန်ထရိုက်တွေကလည်း
လက်ခံပါ တယ်။ဒါပေမဲ့ ပရိသတ်တွေကကျွန်တော့်ကို နှစ်ပါးသွားတအား
ကြည့်ချင်တယ်။ ဒါကြောင့်မို့ နှစ်ပါးသွားကို ကျွန်တော်ကပြခဲ့ တာပါ။
နှစ်ပါးသွားမကပြရင်တောင် ကျွန် တော့်ကို သူတို့တိုင်လို့မရပါဘူး။ ကျွန်တော်
မဟုတ်တာမလုပ်ထားပါဘူး။ ကျွန်တော် ကပြတဲ့ မြို့တိုင်းမှာလည်း အမြဲတမ်း
ပြောပါ တယ်။ ပရိသတ်မပြန်မချင်း ကျွန်တော် ကပါ တယ်။ ပရိသတ်တွေထိုင်နေတာကို
ကျွန် တော့်ရာဇဝင်မှာ သိမ်းခဲ့တယ်ဆိုတာ မရှိပါ ဘူး။ ဒါကျွန်တော့်ပရိသတ်ကို
တအားချစ်လို့ ပါ။
မေး-
စွမ်းဇာနည်အနေနဲ့ အရင်တုန်းက ပရိသတ်တွေနဲ့ဖြစ်ခဲ့တဲ့ကိစ္စလေးတစ်ခု ကြောင့်
ဇာတ်ကခွင့်ပိတ်ခံခဲ့ရတဲ့နောက်ပိုင်း ကိုယ့်ကိုယ်ကိုယ်
လူကြီးတစ်ယောက်လိုမျိုး ဘယ်လို ထိန်းထိန်းသိမ်းသိမ်းနေဖြစ်ခဲ့ပါ
သလဲ။ကိုယ့်ဘဝရဲ့ တက်လမ်းမထိခိုက် ဖို့ပေါ့။
ဖြေ-
ကျွန်တော့်အတွက် ပညာပေးသလို ပါပဲ။ ပွဲတော်တစ်ခုမှာ ဘယ်လောက်ပဲငြိမ်
ပါတယ်ဆိုတဲ့ ပွဲတော်ဖြစ်ဖြစ် မူးတဲ့လူ တွေ၊ပြဿနာ မဖြစ်ဖြစ်အောင် အောက်က
နေစတာမျိုးတွေရှိပါတယ်။ အရင်တုန်းက ဆိုရင်တော့ ခဏခဏပြဿနာတက်ပါ တယ်။
ကျွန်တော်ပြန်ကခွင့်ရတဲ့နောက်ပိုင်း မှာ ပရိသတ်နဲ့လည်း ပြဿနာမဖြစ်တော့ သလို
ဘယ်သူနဲ့မှလည်း ပြဿနာမဖြစ် အောင် ဆင်ခြင်ပါတယ်။ သည်းခံတတ်လာ
ပါတယ်။ဒါကလည်းအသက်အရွယ်လေး ရလာတာနဲ့ဆိုင်မယ်ထင်ပါတယ်။အခုလ ည်း ကိုယ်မဟုတ်ဘဲ
ပုတ်ခတ်ထားတဲ့ ကိစ္စကိုတော့ ကိုယ်မဟုတ်ဘူးဆိုတာသိအောင် လူကြီး ဆန်ဆန်
ပြန်ဖြေရှင်းတယ်။ ပုဂ္ဂိုလ်ရေးအရ ဒေါသမဖြစ်ဘဲနဲ့တရားနဲ့ ဖြေ လိုက်တော့
တယ်။ဘုရားတရားပိုလုပ်လိုက်တော့တယ်။
လင်းအက္ခရာ
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
လင်းအက္ခရာ
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
No comments:
Post a Comment