ဧဒင်အချစ်ပုံပြင်: ထူးထူးဆန်းဆန်းရေချိုးကြသူများဘယ်လိုနည်းနဲ့များ ရေးချိုးကြတာပါလိမ့်လို့ သိချင်သူများ အောက်မှာ ဆက်ဖတ်ကြည့်ပါနော်။ စိတ်ဝင်စားဖို့ တကယ်ကောင်းပါတယ်

Sunday 18 March 2012

ထူးထူးဆန်းဆန်းရေချိုးကြသူများဘယ်လိုနည်းနဲ့များ ရေးချိုးကြတာပါလိမ့်လို့ သိချင်သူများ အောက်မှာ ဆက်ဖတ်ကြည့်ပါနော်။ စိတ်ဝင်စားဖို့ တကယ်ကောင်းပါတယ်

ဘီယာဖြင့်ချိုးနည်း
30surf.1large
ဘယ်လိုနည်းနဲ့များ ရေးချိုးကြတာပါလိမ့်လို့ သိချင်သူများ အောက်မှာ ဆက်ဖတ်ကြည့်ပါနော်။ စိတ်ဝင်စားဖို့ တကယ်ကောင်းပါတယ်း)
နှစ်ယောက်တွဲချိုးချိုး
ကဲလေ.. ဘီယာနဲ့ ဇိမ်ခံပြီး ချိုးကြပြန်သတဲ့.. ပြီးတော့ လက်ထဲမှာလည်း ဘီယာခွက်တွေနဲ့.. ကြည့်ရတာ သူတို့ချိုးနေတဲ့ စည်ထဲကနေ ပြန်ခပ်ပြီးများ သောက်ကြသလား မသိနော်။။ ဟိဟိ တစ်ယောက်ယောက် ရှူးပေါက်ချထားရင်တော့ တွားပြီး)


Image Hosted by PicturePush - Photo Sharing

သူငယ်ချင်းနဲ့ ချိုးချိုး
Image Hosted by PicturePush - Photo Sharing

တစ်ယောက်တည်းချိုးချိုး (ချိုးလည်းချိုး သောက်လည်းသောက်)

Image Hosted by PicturePush - Photo Sharing
သူလေးက Budweiser ဘီယာနဲ့ ချိုးတာနော်
ဘီယာနဲ့ရေချိုးနည်းကို ကလေးလူကြီး နှစ်သက်ကြတယ်လို့ဆိုပါတယ်။ ပြီးတော့ ဘီယာနဲ့ ချိုးကြသူများကတော့ ဘီယာဟာ လူရဲ့အရေပြားကို လှပပြီး ငယ်ရွယ်နုပျိုစေပါတယ်လို့ ယုံကြည်ကြပါတယ်တဲ့။ ဟုတ်မဟုတ်တော့ ဘီယာထဲ လက်တွေ့ စိမ်ကြည့်ကြပါနော်..  သောက်ဖို့တောင် အနိုင်နိုင် ဘီယာနဲ့ ရေချိုးဖို့လာပြောနေပြန်ပြီ လို့တော့ မပြောကြေးနော်း)
~~~~~~~~~~~~~~

ဝိုင်နီဖြင့်ချိုးနည်း
wine-bath-001
Image Hosted by PicturePush - Photo Sharing
ဝိုင်အနီဖြင့်ရေချိုးနေကြသူတွေပေါ့
ဝိုင်နီနဲ့ ချိုးတဲ့နည်းက ဂျပန်နိုင်ငံမှာ ခေတ်စားနေတဲ့ ချိုးနည်းတစ်ခုဖြစ်ပါတယ်။  ဂျပန်နိုင်ငံ Hakone Kowakien  က ရေပူစခန်းမှာ ချိုးနိုင်ပါတယ်။ ရေနွေးကန်ထဲမှာ ဝိုင်ဖြင့်ရောစပ်ထားတဲ့ ရေနွေးနွေးကို စိမ်နေရတာဟာ တကယ့်ကို ထူးခြားတဲ့ ခံစားမှုမျိုးကို ပေးနိုင်တယ်လို့ဆိုပါတယ်။ ဝိုင်ကန်ထဲမှာ စိမ်နေရင်း နှစ်သက်သူများက ဝိုင်ကိုသောက်သုံးနိုင်ပါတယ်။ ဝိုင်အနီဟာ အရေပြားကို နုပျိုလှပစေပြီး ဆဲလ်အသစ်များဖြစ်ပေါ်ခြင်းကို အားပေးတယ်လို့ ဆိုပါတယ်။ ဝိုင်နှစ်သက်ကြတဲ့ ကိုကိုမမ၊ မောင်ညီမများ ဝိုင်ဖြင့်ရေချိုးသွားခဲ့ရင် ကန်ထဲက ဝိုင်တွေကို ကုန်အောင်သောက်ခဲ့ကြပါလို့ မှာလိုက်ပါရစေး)
Image Hosted by PicturePush - Photo Sharing
လက်ထဲမှာလည်း ဝိုင်ခွက်တွေကိုယ်စီနဲ့ တော်တော်ပျော်ကြပုံဘဲ။ ကန်ထဲက ဝိုင်တွေကို ခပ်သောက်နေကြတာတော့ မဟုတ်ပါဘူးနော်း)
Image Hosted by PicturePush - Photo Sharing
အချို့သော မိန်းမပျိုတို့ကတော့ ရေနွေးနွေးကို စပျစ်ဝိုင်အညိုရောင်ဖြင့်ရောစပ်လို့ ချိုးကြပါတယ်။ ဝိုင်နဲ့ ချိုးပြီးလို့ အပြင်ထွက်တဲ့အခါ ဘယ်လိုရေမွှေးမျိုးကိုမှ သုံးဖို့မလိုအောင် ခန္ဓာကိုယ်ပေါ်မှာ ဝိုင်ရဲ့ ရနံ့က စွဲကျန်နေရစ်ခဲ့တာက သိပ်ကို နှစ်သက်ဖို့ကောင်းတယ်လို့ ပြောကြပြန်ပါတယ်။ ဝိုင်နဲ့စိမ်ပြီးတော့ ရေအေးနဲ့ ပြန်မချိုးဘူးလား မသိနော်း)
~~~~~~~~~~~~~~
ချောကလက်ရည်ဖြင့်ချိုးနည်း
ကပ်သီးကပ်သပ် နောက်တစ်နည်းက ချောကလက်ပျော်ရည်နဲ့ ချိုးနည်းဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ချောကလက်ကို တစ်ကြိမ်တစ်ခါတောင် မစားဖူးကြသူတွေ အများအပြား ရှိနေကြမှာပါနော်။ ဒါပေမဲ့ သူတို့များကျတော့ ချောကလက်နဲ့တောင် ချိုးကြပါသတဲ့.. ကုသိုလ်ကံချင်း ကွားခြားပုံများပြောပါတယ်။
Image Hosted by PicturePush - Photo Sharing

တွေ့လား ဒီကောင်မလေးကတော့ မိုက်တယ်။ ချောကလက် ကန်ထဲမှာ ချိုးရင်းနဲ့ စားနေတယ်..း)

Image Hosted by PicturePush - Photo Sharing
ချောကလက်ကန်ထဲမှာ ကြည်စယ်နေကြသူနှစ်ဦး



Image Hosted by PicturePush - Photo Sharing
သူတို့၂ယောက်ကတော့ ကန်ထဲက ချောကလက်မဟုတ်ဘဲ ချောကလက်အတောင့်ကို စားနေတာဖြစ်ပုံရတယ်း)


ချစ်သူစုံတွဲတွေကတော့ ချစ်သူများနေ့ ( Valentine's Day) မှာ အမှတ်တရအနေနဲ့ ချောကလက်ရည်ထဲမှာ စိမ်ချိုးကြတာပါတဲ့။ ဂျပန်မှာတော့ ချစ်သူများနေ့ကနေစပြီး မတ်လ ၃၁ရက်နေ့အထိ တိုင်အောင်  ရေပူစမ်းတွေမှာ ရေပူနဲ့အတူ ချောကလက်တွေကို ရောစပ်ထားတဲ့ရေနဲ့  ချိုးနိုင်တဲ့ အစီအစဉ်ကို လူငယ်တွေ အတွက်  ပြုလုပ်ထားပေးပါတယ်။


Image Hosted by PicturePush - Photo Sharing
ဒီ၂ယောက်ကတော့ ချောကလက်ကို မစားဘဲ မျက်နှာကို လိမ်းနေကြပြန်တယ်


ချောကလက်က စားရတာတောင် ချိုချိုရဲရဲနဲ့။ တကယ်လို့များ ချောကလက်ကန်ထဲ ၀င်ချိုးရရင် ကပ်စီးစီးနဲ့ အတော်နေရခက်မယ် ထင်ပါရဲ့။ ပြီးတော့လည်း လူတွေဝင်ချိုးပြီးတဲ့ ချောကလက်ရည်ကို ချောကလက်တောင့်များ ပြန်ထုတ်ကြဦးမှာလား မသိ တော်ပြီ ချောကလက် စားတော့ဘူးး)
~~~~~~~~~~~~~~

ကော်ဖီရည်ဖြင့်ချိုးနည်း

လာပြန်ပြီနောက်တစ်မျိုး။

ဒီတစ်ခါတော့ ကော်ဖီနဲ့ ရေနွေးကို ရောစပ်လို့ ချိုးကြပြန်ပါပြီ။ ကော်ဖီနဲ့ ရေချိုးခြင်းအားဖြင့် ပင်ပန်းနွမ်းနယ်မှုတို့ကို ပပျောက်စေနိုင်ပြီး စိတ်ကိုလည်း လန်းဆန်းစေနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်
Image Hosted by PicturePush - Photo Sharing

ကော်ဖီပန်းကန်ထဲက သူမ


Image Hosted by PicturePush - Photo Sharing
ဂျပန်နိုင်ငံရဲ့ ရေပူစခန်းတွေမှာ ခုလိုဆန်းဆန်းပြားပြား ရေချိုးနည်းတွေကို နိုင်ငံခြားသာတွေကလည်း နှစ်သက်စွာ လာရောက်အားပေးကြပါတယ်။

~~~~~~~~~~~~~~

လက်ဖက်စိမ်းရေဖြင့်ချိုးနည်း

အစိမ်းရောင် လက်ဖက်ရည်ဖြင့် ရေချိုးနည်းကလည်း ဂျပန်မှာ ချိုးကြတဲ့ နည်းတစ်ခုဖြစ်ပါသလို ကိုးရီယားနိုင်ငံရဲ့ ရေပူစမ်းတွေမှာလည်း ရှိပါတယ်. လက်ဖက်စိမ်းရဲ့ ထူးခြားတဲ့ အာနိသင်ကြောင့် အရေပြားတွေကို နုပျိုလန်းဆန်းစေနိုင်ပြီး ဖြူစင်ဝင်းပတဲ့အသားအရေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ အရေပြားခြောက်သွေ့သူများအား အသားအရေ ပြန်လည်စိုပြေ လှပစေနိုင်ပါတယ်လို့ ပြောကြပါတယ်။ ဒဏ်ရာအနာတရများ ရှိနေပါကလည်း လျှင်မြန်စွာ သက်သာပျောက်ကင်းအောင် လက်ဖက်စိမ်းက စွမ်းဆောင်ပေးနိုင်ပါတယ်။ ကိုယ်ခန္ဓာရဲ့ ခုခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်တဲ့။


Image Hosted by PicturePush - Photo Sharing

ပုံထဲက ကရားအိုးကြီးဟာ ၂မီတာခန့် ကြီးမားကျယ်ပြောပါတယ်

Image Hosted by PicturePush - Photo Sharing




Image Hosted by PicturePush - Photo Sharing
ပျော်ပျော်ပါးပါး ရေချိုးကြသူများ
~~~~~~~~~~~~~~~~~~

ရွံ့နှစ်ရေဖြင့်ချိုးနည်း 
အခြားသော ရေချိုးနည်းတစ်ခုက ရွံ့ဗွက်ရေဖြင့် ချိုးနည်းဖြစ်ပါတယ်။ ရေနွေးနွေးဖြင့် ရွံ့နှစ်များကို ရောနှောကာ ၄င်းစေးပျစ်နေတဲ့ ရွံ့နှစ်ရေထဲမှာ အချိန်ယူပြီး စိမ်ကြတာဖြစ်ပါတယ်။ အထူးသဖြင့်တော့ ပင်လယ်သေကရတဲ့ ရွံ့မဲက ခုလို ရွံ့နှစ်ရေလုပ်ဖို့ အကောင်းဆုံးဖြစ်တယ်လို့ သိရပါတယ်။ ပင်လယ်သေထဲက ရေထဲမှာက သတ္တုဓာတ် အလွန်ကြွယ်ဝတာကြောင့် ဖြစ်ပါတယ်။ ပျော့ပျောင်းတဲ့ ရွံ့နှစ်တွေက ကိုယ်ခန္ဓာအကြောအချင်များကို ပြေလျော့စေပြီး ကြွက်သားများ နာကျင်မှုကိုလည်း သက်သာစေနိုင်ပါတယ်။ အသားအရေကို တောက်ပစိုပြေစေနိုင်ပြီး စိတ်ဖိစီးမှုကိုလည်း လျော့ပါး သက်သာစေတယ်လို့ ဆိုပါတယ်။
 



Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing

သူများတွေကတော့ ရွံ့တွေ ဗွက်တွေနဲ့မို့ စိတ်ညစ်ရတယ် ။ သူတို့တွေမှာတော့ ရွံ့တွေနဲ့ တကူးတက စိမ်ကြပြန်တယ်။


Image Hosted by PicturePush - Photo Sharing

ရွာပြန် လယ်ထဲဆင်းပြီး သူတို့လို ဗွက်အိုင်ထဲ လူးပစ်ဦးမှ။ သူတို့ကို ဘယ်သူက ညစ်ပတ်တယ်လို့ ပြောဦးမလဲး)

Image Hosted by PicturePush - Photo Sharing
အချို့ကျတော့ တစ်ကိုယ်လုံးကို ရွံ့တွေဖုံးပြီး ခုလို စိမ်ခံကြပါသေးတယ်.. မြေမြုပ်ခံထားရသလိုပါလားနော်း(
~~~~~~~~~~~~~~~~~~

ဂျပန်အရက်(ဆာကေး)ဖြင့်ချိုးနည်း

Image Hosted by PicturePush - Photo Sharing

ဂျပန်ဆာကေးနဲ့ စိမ်ချိုးနိုင်တဲ့ နေရာကလည်း ဂျပန်နိုင်ငံ Hakone Kowakien Yunessun ရေပူစခန်းမှာ ဖြစ်ပါတယ်။ ဆာကေးမှာပါဝင်တဲ့ အမိုင်နိုအက်ဆစ် (Amino Acids) ဟာ အရေပြား သန့်စင်လှပဖို့ အလွန်အစွမ်းထက်တယ်လို့ ဆိုကြပြန်ပါတယ်။ ဆာကေးဖြင့် ချိုးခြင်းအားဖြင့်  ခြောက်သွေ့နေတဲ့ အရေပြားကို စိုစွတ်ချောမွေ့ စေနိုင်ပြီး နူးညံ့ပျော့ပြောင်းတဲ့ အရသာသစ်ကို ခံစားရမှာ ဖြစ်ပါတယ်တဲ့။  ရေချိုးကန်ထဲမှာ ရေနွေးနွေးဖြင့် ဆာကေးအရက်ကို ရောထည့်ပြီးမှ စိမ်ချိုးရမှာ ဖြစ်ပါတယ်။ ကဲ လှချင်ကြသူများ ရေချိုးတဲ့အခါ အရက်လေးထည့်ပြီး ချိုးကြပါလို့း)
World's Strangest Spa Treatments

အရက်ကြိုက်သူများ ဂျပန်ပြည်အလည်သွားလို့ ဆာကေးနဲ့ စိမ်ရင်း ဇိမ်ခံနိုင်ကြပါတယ်နော်း)


~~~~~~~~~~~~~~~~~~

ခရမ်းချဉ်သီးဖြင့်ချိုးနည်း


စပိန်နိုင်ငံဗလင်စီယာမြို့အနီးက Bunyol မှာ နှစ်စဉ်နှစ်တိုင်း သြဂုတ်လရဲ့ နောက်ဆုံး ဗုဒ္ဓဟူးနေ့ရောက်တိုင်း ၁၁နာရီမှ နေ့လည် ၁နာရီအထိ ကျင်းပလေ့ရှိတဲ့ ခရမ်းချဉ်သီး ပွဲတော်မှာ လူပေါင်းမြောက်မြားစွာဟာ ခရမ်းချဉ်သီးတွေကို သယ်ဆောင်လာကြပြီးတော့ တစ်ဦးနဲ့တစ်ဦး ပစ်ပေါက်ကစားရင်း ခုလို ခရမ်းချဉ်သီး ပင်လယ်ကြီးဖြစ်လာခဲ့ပါတယ်။ ဒီအခါ ခရမ်းချဉ်သီး ပင်လယ်ထဲကို လူတွေဟာ ပျော်ပျော်ပါးပါး လူးလိမ့်ဆောကစားကြပါတယ်။ ထူးထူးဆန်းဆန်း နှစ်သက်သဘောကျတဲ့ ခရီးသည်များဟာ ခရမ်းချဉ်သီးပွဲတော်ကျင်းပချိန်ရောက်တိုင်း စပိန်နိုင်ငံကို သွားရောက်ပြီး ခရမ်းချဉ်သီးပွဲတော်ကို ဆင်နွဲကြပါတယ်. ခုဆိုရင် ခရမ်းချဉ်သီးပွဲတော်ဟာ ကမ္ဘာလှည့်ခရီးသည်တွေကြား ရေပန်းစားနေတဲ့ ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ ခရမ်းချဉ်သီးပွဲတော်ကို ဆင်နွဲမယ်ဆိုရင် အောက်ပါ စည်းကမ်းချက်တွေကို လိုက်နာရမှာ ဖြစ်ပါတယ်
၁.  ပွဲကျင်းပရာ နေရာအတွင်းသို့ မည်သည့် ပုလင်း၊ ဘူးခွံများကိုမှ ယူဆောင်ခြင်း မပြုရ
၂. ၀တ်ဆင်ထားသော အင်္ကျီအဝတ်အစားများကို ဆုတ်ဖြဲခြင်း မပြုရ။
၃. ခရမ်းချဉ်သီးဖြင့် တစ်ဦးကို တစ်ဦး ပစ်ပေါက်မည်ဆိုပါက မပစ်ခင်မှာ ခရမ်းချဉ်သီးအား ညှစ်ခွဲပစ်ရမည်။ သို့မှသာ အပေါက်ခံရသူအား ထိခိုက်နာကျင်စေခြင်း မဖြစ်နိုင်ပေ
၎. ခရမ်းချဉ်သီးဖြင့် ပစ်ပေါက်ခြင်းအား ဒုတိယမကြိမ် အချက်ပေးသံကြားသည်နှင့် ရပ်ဆိုင်းရမည်။ စသည်တို့ဖြစ်ပါတယ်။
Image Hosted by PicturePush - Photo Sharing
ခရမ်းချဉ်သီးပုံထဲမှာ ခုလိုပျော်ပျော်ပါးပါး ခုန်ဆင်းနေတာကြည့်ပါ


Image Hosted by PicturePush - Photo Sharing
သူလေးလဲသိပ်ပျော်နေပုံရတယ်

Image Hosted by PicturePush - Photo Sharing
An Israeli boy splashes around in a pool of tomatoes at a tomato festival at Hevel Shalom in the western Negev region of Israel
ခရမ်းချဉ်သီးတွေကြား ပျော်နေတဲ့ ကလေးငယ်
ခရမ်းချဉ်သီးနဲ့ ပျော်လိုသူများ ခရမ်းချဉ်သီးပွဲတော်ကို ဆင်နွဲရင်း ခရမ်းချဉ်သီးရေကို ချိုးနိုင်ကြပါတယ်။
~~~~~~~~~~~~~~~~~~
ဆီဖြင့်ချိုးနည်း
ရေချိုးတဲ့အခါမှာ ချိုးရေထဲကို သံလွင်ဆီ၊ နေကြာဆီ ၊ အုန်းဆီ၊ နှမ်းဆီ၊ Jojoba ဆီ စတဲ့အဆီတစ်ခုခုကို ထည့်ပြီး ချိုးပေးမယ်ဆိုရင် အသားအရေအတွက် အလွန်ကောင်းမွန်ကောင်း သိရပါတယ်။ ဒါကြောင့် အချို့သော အမျိုးသမီးများဟာ ချိုးရေထဲကို ဆီတစ်မျိုးမျိုး ထည့်ချိုးတတ်ကြပါတယ်။ ထိုသို့ ချိုးပေးခြင်းအားဖြင့် အသားအရေကို စိုစွတ်နူးညံ့ ချောမွေ့ တောက်ပြောင်စေရုံသာ မက ရေဓာတ်ကို ဖြည့်တင်းပေးပြီး ဆဲလ်များကိုလည်း နုပျိုလာအောင် အားဖြည့်စေနိုင်စွမ်းရှိကြောင်း သိရပါတယ်။
bath 300x240 Unexpected Beauty Item: Olive Oil

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
~~~~~~~~~~~~~~
ရေနံဆီဖြင့်ချိုးနည်း
2-bizarre-Petroleum-bath

Oil Bath awesome 2
Image Hosted by PicturePush - Photo Sharing
ကဲလေ.. ရေနံဆီနဲ့လည်း ချိုးကြပြန်တယ်တဲ့.. ဘယ်လိုစိတ်ကူးနဲ့များ ဒီလောက်နံစော်နဲ့တဲ့ ရေနံဆီမျိုးနဲ့ ချိုးကြတယ် မသိပါဘူး။။
~~~~~~~~~~~~~

 
နှင်းဆီပွင့်ဖတ်ဖြင့်ချိုးနည်း
မိမိချိုးမည့် ရေထဲကို နှင်းဆီပွင့်ဖတ်များ ထည့်ချိုးတတ်ကြပါတယ်။ ၄င်း နှင်းဆီပွင့်ဖတ်များဖြင့်ရေချိုးခြင်းကိုတော့ beauty spa များမှာ ပြုလုပ်နိုင်ပါတယ်။ နှင်းဆီပွင့်ဖတ်များဖြင့် ရောစပ်ထားတဲ့ ရေနဲ့ ခန္ဓာကိုယ်ကို စိမ်ပေးခြင်းအားဖြင့် သင့် အရေပြားကို တင်းရင်းစေပြီး နုပျို ချောမွေ့တောက်ပစေနိုင်ပါတယ်။
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
ဒီလိုနည်းတော့ မဆိုးဘူး။ အသားအရေ လှတာ မလှတာ အသာထားလို့ မိမိစိတ်ကိုတော့  ကြည်နူးချမ်းမြေ့စေမှာ သေချာတယ်

~~~~~~~~~~~~~~~~~~~~~~~~
ပန်းပေါင်းစုံဖြင့်ချိုးနည်း 


ကဗျာလဲဆန်သလောက် လှလဲ လှတဲ့ ပန်းတွေ


Image Hosted by PicturePush - Photo Sharing
ခုလိုချိုးမယ်ဆိုရင်လဲ ပျော်ဖို့ကောင်းမယ်

Image Hosted by PicturePush - Photo Sharing
သူတို့များ ကဲလိုက်တာ။ ရေချိုးတာတောင် မခွဲဘူးတဲ့လေး)

Image Hosted by PicturePush - Photo Sharing
တစ်ယောက်တည်းမို့ ခုလို ငိုင်နေတာဖြစ်မယ်

Image Hosted by PicturePush - Photo Sharing

သူကတော့ တစ်ယောက်တည်းလည်း ပျော်ပျော်ဘဲတဲ့း)

~~~~~~~~~~~~~

နွားနို့ဖြင့်ချိုးနည်း

နွားနို့နဲ့ ချိုးတာကတော့ အထူးအဆန်းတစ်ခု မဟုတ်တော့ဘူးထင်ပါတယ်။ ရှေးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အမျိုးသမီးတွေဟာ လှချင်တဲ့အတွက် နွားနို့နဲ့ ချိုးခဲ့ကြတယ်လို့ ကြားသိရပါတယ်။ ရာဇဝင်မှာ ထင်ရှားကြော်ကြားတဲ့ အလှဘုရင်မ ကလီယိုပါထရာဟာလည်း နွားနို့နဲ့ အမြဲရေချိုးတယ်လို့ ဖတ်ဖူးခဲ့ပါတယ်။

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
နွားနို့၊ ပန်းပွင့်တို့ဖြင့် ရေချိုးနေသူတစ်ဦး
နွားနို့ဖြင့်ရေချိုးပေးခြင်းအားဖြင့် ကိုယ်ခန္ဓာပေါ်မှ ဆဲလ်အသေများကို ဖယ်ရှားပေးနိုင်ပြီး အရေပြားကို ချောမွေ့တောက်ပစေကာ ကျန်းမာအောင် အားဖြည့်ပေးနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။ အရေပြားပေါ်က အညစ်အကြေးများကို ဖယ်ရှားသန့်စင်စေနိုင်ပါတယ်။ ဒါကြောင့် လှပလိုသူများ နွားနို့နဲ့ ရေချိုးနိုင်ကြပါတယ်နော်း)
~~~~~~~~~~~~~
ဆားရေဖြင့်ချိုးနည်း
သင်ချိုးမဲ့ရေထဲမှာ ဆားအနည်းငယ်ထည့်၍ ချိုးပေးခြင်းအားဖြင့် ချွေးပေါက်များကို ပွင့်စေပြီး အရေပြားကို သန့်ရှင်းစင်ကြယ်စေတယ်လို့ ဆိုပါတယ်။ ၄င်းအပြင် ကြွက်သားများ နာကျင်ခြင်းကိုလည်း သက်သာစေပြီး အဆိပ်အတောက်များကို ပြေလျော့စေနိုင်ပါတယ်။

Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing


~~~~~~~~~~~~~

သစ်သီးဝလံများဖြင့် ချိုးနည်း အခြားသော ရေချိုးနည်းတစ်နည်းမှာ ရေထဲကို သံပုရာသီး၊ ရှောက်သီး၊ စတော်ဘယ်ရီ စသော အချဉ်သီးများကို ထည့်၍ ချိုးနည်းဖြစ်ပါတယ်။




~~~~~~~~~~~~~

ရေခဲဖြင့် ချိုးနည်း
Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
ဒီလောက်အေးခဲနေတဲ့ ရေထဲမှာ ဘယ်လိုလူတွေကများ ကြာကြာချိုးနိုင်မှာပါလိမ့်နော်။
~~~~~~~~~~~~~~~~~~~~~~


ခေါက်ဆွဲဟင်းရည်ဖြင့်ချိုးနည်း

Image Hosted by PicturePush - Photo Sharing

ဒီတစ်ခါ ဖော်ပြမဲ့ ရေချိုးနည်းတစ်မျိုးက ခေါက်ဆွဲဟင်းရည်နဲ့ ချိုးတဲ့နည်း ဖြစ်ပါတယ်။ ဂျပန်နိုင်ငံက အလွန်ထင်ရှားတဲ့ Hakone Kowakien Yunessun ရေပူစခန်းမှာ ရရှိနိုင်တဲ့ ရေချိုးနည်းတစ်ခုလည်း ဖြစ်ပါတယ်။ ရေထဲမှာတော့ ဂျပန် ramen ခေါက်ဆွဲတစ်မျိုးရဲ့ ဟင်းရည်ချက်ပြုတ်ပုံနည်းအတိုင်း အမွှေးအကြိုင်များကို ထည့်သွင်းဖော်စပ်ထားတာဖြစ်တာကြောင့် ၄င်းအရည်ထဲမှာ ငရုပ်ကောင်း၊ ကြက်သွန်ဖြူ တို့ရဲ့ အဆီအနှစ်များပါဝင်ပြီး ဟင်းရည်ရဲ့ အရောင်မှာလည်း Ramen ခေါက်ဆွဲဟင်းရည်ရဲ့ အရောင်အတိုင်း အညိုဖျော့ဖျော့အရောင် ဖြစ်ပါတယ်။ ခေါက်ဆွဲဇလုံရဲ့ ပုံသဏ္ဍာန်အတိုင်း ပြုလုပ်ထားတဲ့ အိုးကြီးထဲမှာ ဟင်းရည်များကို ထည့်ထားတာ ဖြစ်ပါတယ်။ ငရုပ်ကောင်းနံ့ သင်းနေတဲ့ ရေထဲမှာ ချိုးရတာဟာ အလွန်ထူးခြားတဲ့ ခံစားမှုမျိုးကို ပေးနိုင်စွမ်းသကဲ့သို့ စိတ်ကိုလည်း လန်းဆန်းစေနိုင်စွမ်း ရှိပါတယ်တဲ့။
Image Hosted by PicturePush - Photo Sharing
ရေချိုးသူတွေရဲ့ ခေါင်းပေါ်မှာတော့ ကြီးမားတဲ့ တူကြီး နှစ်ချောင်းနဲ့ ညှပ်ထားတဲ့ ခေါက်ဆွဲမျှင်သဏ္ဍာန် ပိုက်များကို ထားထားပါတယ်။
Image Hosted by PicturePush - Photo Sharing
ရုတ်တရက်ကြည့်ရင် ခေါက်ဆွဲဖတ်တွေနဲ့တူပါတယ်

1 comment:

Related Posts Plugin for WordPress, Blogger...