ဧဒင်အချစ်ပုံပြင်: သံသယနဲ့ ဆက်မချစ်နိုင်တော့ လို့ ....

Sunday 1 April 2012

သံသယနဲ့ ဆက်မချစ်နိုင်တော့ လို့ ....

အိမ်ထောင်သက် ၂ နှစ်မြောက်အထိမ်းအမှတ်အဖြစ် ခင်ပွန်းဖြစ်သူအား အံ့ အားသင့် ကာ ချစ်

မိုးဆွေနိုင်ဖို့ အတွက် နဂိုအနေ၊အပျိုရည်အဖြစ်ပြန်လည် အသက်သွင်းကာချစ်လာက်ဆောင်
ပေးနိုင်ရန်အတွက် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် အပျိုစင်အဖြစ်ပြန်လည်ဖန်တီးပေးမည့် အ
မျိုးသမီးသုံးပစ္စည်းတစ်ခုဝယ်ယူအသုံးပြုထားကြောင်းဖြင့် ဆော်ဒီနိုင်ငံမှ အိမ်ထောင်ရှင်အမျိုး
သမီးတစ်ဦးက ခင်ပွန်းဖြစ်သူအားဖွင့် ဟပြောပြခဲ့ ပါတယ်...
သူမရဲ့ ရင်ခုန်ယစ်မူးဖွယ်ရာ ကြိုတင်ပြင်ဆင်မှုအတွက် ချီးကျူးဂုဏ်ပြုရမည့် အစား ခင်ပွန်းဖြစ်

သူက သူမအားကွာရှင်းခဲ့ ပါတော့ တယ်...
အဆိုပါဇနီးမောင်နှံဟာ ၎င်းတို့ ၏မင်္ဂလာနှစ်ပါတ်လည်ပွဲကို ဆော်ဒီနိုင်ငံ၊ မြို့ တော် ရီယဒ်တွင်

ကျင်းပခိုက် အမျိုးသမီးဖြစ်သူက သူမရဲ့ ငယ်မူငယ်သွေး၊ အပျိုလေးပြန်ဖြစ်အောင်ဖန်တီးမှုကို
ဝမ်းသာပျော်ရွှင်စွာဖြင့် ဖွင့် ဟပြောကြားခဲ့ လိုက်တာဖြစ်သော်လည်း ခင်ပွန်းဖြစ်သူကတော့ 
ဝမ်းမြောက်ဝမ်းသာမဖြစ်သည့် အပြင် ဇနီးဖြစ်သူအား ချက်ချင်းလက်ငင်းကွာရှင်းခဲ့ လိုက်ခြင်း
ဖြစ်ပါတယ်...


ဂြိုလ်မွှေတဲ့ အပျိုရည်...

ယခုကဲ့ သို့ အပျိုစင်အဖြစ်နောက်တစ်ကြိမ်အတုအယောင်ပြုလုပ်ခြင်းဟာ ၎င်းတို့ လက်မထပ်
ခင်ကလည်း ဇနီးဖြစ်သူဟာ အပျိုမစစ်ပဲ အပျိုစင်အဖြစ်သက်သေပြနိုင်မည့် ဤကဲ့ သို့ ပစ္စည်း
သုံးပြီး လှည့် ဖျားနိုင်ခဲ့ တယ်လို့ ခင်ပွန်းဖြစ်သူက သံသယရှိခဲ့ တယ်လို့ အဆိုပါ ဇနီးမောင်နှံနှင့်
နီးစပ်သည့် အသိုင်းအ၀ိုင်းအား ကိုးကားပြီး The Sharq  နေ့ စဉ်သတင်းစာကဖော်ပြခဲ့ ပါတယ်..
အာရပ်ဘာသာစကားဖြင့် ထုတ်ဝေသည့် အဆိုပါသတင်းစာတွင် ဇနီးမောင်နှံနှစ်ဦး၏အမည်နှင့်
အဆိုပါအမျိုးသမီး မည်သို့ မည်ပုံ အတုအပဖန်တီးထားသည့် ပစ္စည်းအား ၀ယ်ယူရရှိသည်ကို
ဖော်ပြထားခြင်းမရှိပါဘူး...
ရှေးရိုးစွဲအယူအဆသဘောထားအတင်းမာဆုံး မွတ်ဆလင်နိုင်ငံတစ်ခုဖြစ်သည့် ဆော်ဒီနိုင်ငံ
တွင် ယခုကဲ့သို့ လိင်မှုဆိုင်ရာပစ္စည်းများအား အထူးတင်းကြပ်တားဆီးထားပါတယ်...
အဆိုပါအမျိုးသမီးများအသုံးပြုသည့် ပစ္စည်းအနေဖြင့် ဇနီးမောင်နှံအတူနေထိုင်သွားလာစဉ်
အပျိုစင်တစ်ဦးကဲ့ သို့ ဖြစ်စေသည့် အထောက်အထားမျိုးဖန်တီးပေးသည်ဟုဆိုပါတယ်...

စေတနာကနေ ဝေဒနာဖြစ်ရတယ်ဆိုတာ ဒါမျိုးပေါ့ ...
ဒါကြောင့် လည်း စေတနာလူတိုင်းနဲ့ မတန် ဆိုတဲ့ စကားပေါ်ပေါက်ခဲ့ တာဖြစ်မယ်...

1 comment:

Related Posts Plugin for WordPress, Blogger...