ဧဒင်အချစ်ပုံပြင်: ကျွန်တော့်ရဲ့ဟီးရိုးတွေက ရသနဲ့ ဇေယျာသော်ပဲ ဆိုတဲ့ မျိုးကျော့မြိုင်

Monday 2 April 2012

ကျွန်တော့်ရဲ့ဟီးရိုးတွေက ရသနဲ့ ဇေယျာသော်ပဲ ဆိုတဲ့ မျိုးကျော့မြိုင်



 စိုင်းစိုင်းရဲ့စာနယ်ဇင်းရှင်းလင်းပွဲမှာ မျိုးကျော့မြိုင်နဲ့ တွေ့ဆုံခိုက်-

"အခု ကျွန်တော့်ရဲ့ အခွေ အတွက်ရယ်၊ တခြားသူတွေ လာအပ် တဲ့ အနုပညာအလုပ်တွေ လုပ်ပေးနေ ပါတယ်။ ကျွန်တော်ကျတော့ အရင် ထဲက ဘယ်နှစ် ရောက်ရင် ဘယ်အခွေ ဘာလုပ်မယ် ဆိုတာမျိုးဆိုတော့ ကျွန် တော်လိုချင်တဲ့ အနေအထားပါ။ ဒီ အနေအထား ကလေ။ ကျွန်တော်အခွေ ကို ဒီနှစ်ထဲမှာ ထွက်နိုင် မယ်လို့ ထင် ပါတယ်" လို့ ဆိုသွားပါတယ်။

ဆက် လက်ပြီး လက်ရှိအပြောင်းအလဲများ အပေါ်အမြင်ကို မေးကြည့်တော့-
"ကောင်းတာတွေပဲ မျှော် လင့်ပါတယ်။ ကောင်းတာရှိရင် ဆိုးတာတွေလည်း ရှိတယ်ဆိုတာ သိ ရမယ်။ကျွန်တော်ကတော့ ကျွန်တော့် ပုံစံအတိုင်းပဲနေပါတယ်။ ကျွန်တော် ကအမှန်အတိုင်းပြောရရင် ဒီအရွယ်က ဒါတွေလုပ်ရမယ့် အရွယ်ပေါ့နော်။

ဒါပေမယ့် သေချာ ဂဃနဏ တကယ် သိတကယ်တတ်တာမျိုးလိုချင်တယ်။ ကျွန်တော် ရသတို့ဘာတို့နဲ့တော့ ဆုံ ဖြစ်ပါတယ်။သူတို့ကတကယ် Strong ဖြစ်တယ် လေ။ ဘာလို့လဲဆိုတော့သူတို့ စပြောတုန်းက ကျွန်တော်သိပ်မထင် ဘူး။

နောက်ပိုင်း တကယ်လုပ်လာ တော့မှ သိလာတာ။ကျွန်တော် အမြဲ ပြောပါတယ်။ ကျွန်တော့်ရဲ့ ဟီးရိုးတွေ က ရသနဲ့ဇေယျာသော်လို့လေ။ ဘာလို့ လဲဆိုတော့ ယောကျာ်းလေး အရမ်း ဆန်ပါတယ်" လို့ ဖြေသွားတဲ့ မျိုး ကျော့မြိုင်က သင်္ကြန်အပြီးမှာ Show လုပ်ဖို့ရှိတယ်လို့ ဆိုသွားပါတယ်။

From:ရိုးရာလေး by:ဝါဝါကြည်

1 comment:

Related Posts Plugin for WordPress, Blogger...