ဧဒင်အချစ်ပုံပြင်: မျက်နှာ တစ်ပြင်လုံးပျက်ဆီးသွားသော ကလေးငယ် ခွဲစိတ်ရန် ငွေကြေးလိုအပ်နေ

Friday 27 April 2012

မျက်နှာ တစ်ပြင်လုံးပျက်ဆီးသွားသော ကလေးငယ် ခွဲစိတ်ရန် ငွေကြေးလိုအပ်နေ

မျက်နှာ ပျက်စီးသွားသော ကလေးငယ်နေ့စဉ်နဲ့ အမျှ ဆိုသလို ရှင်သန် လှုပ် ရှားနေရ လျက်ရှိတဲ့ လူမှု ဘဝတွေမှာ တစ် ဦးနဲ့ တစ်ဦး ပေါင်းသင်း ပြောဆို ဆက်ဆံ ကာ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးအ ကြောင်းအရာတွေကို ရင်ဆိုင်ဖြေရှင်းနေ ကြရပါတယ်။ ဒီလိုဆက်ဆံကြရာမှာချို သာတဲ့မျက်နှာထားတွေကို အပြုံးတွေ ဆင်မြန်းရင်း ပြောဆိုမှသာလျှင်ပိုမိုအ ဆင်ပြေချောမွေ့နိုင်ပါလိမ့်မယ်။ ဈေး ကွက် မြှင့်တင်ရေးလုပ်ငန်းတွေမှာကြည့် မယ်ဆိုရင် မျက်နှာ အပြုံးလှလှပိုင် ဆိုင်ထားသူတွေ အများစုကသာတာဝန် ယူနေကြပြီး ဝယ်ယူသူတွေအနေနဲ့ လည်း စိတ်ချမ်းသာမှုရစေတာပါ။ ဒါ ကြောင့်စပါးလုံး တစ်ထောက်စာလို့ ဆို ကြပေမယ့် အဲဒီစပါးလုံးတစ်ထောက် စာမျက်နှာရဲ့ ချောမွေ့ပြေပြစ်မှုဟာ လူတစ်ဦးတစ်ယောက်အတွက် ဘဝ တိုး တက်ရေးလမ်းကြောင်းကိုပါ တိုက် ရိုက်သက်ဆိုင်မှုတွေရှိနေတာလို့ ဆိုနိုင် ပါလိမ့်မယ်။

မီးတောက်တွေဝါးမြိုမှုအောက်မှ
တရုတ်နိုင်ငံ၊နင်ကျန်းပြည်နယ်မှာ တည်ရှိတဲ့ ယင်ချွမ်ရွာလေးမှာ လွန်ခဲ့တဲ့ ၂၀၁၀ခုနှစ်၊ နိုဝင်ဘာလတုန်းက က လေးငယ်တစ်ဦး ပြောင်းခင်းထဲမီးလောင် ခံရမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဲဒီအ ချိန်က(၃) နှစ်အရွယ်သာရှိခဲ့သေးတဲ့ ဝမ်ကျန်ပန်ဆို သူကလေးငယ်ဟာ မီး လောင်ဒဏ်ရာတွေကြောင့် တစ်ကိုယ် လုံးပြင်းထန်စွာဒဏ်ရာတွေရခဲ့ပြီး အ ဆိုးဆုံးကတော့ မျက်နှာတစ်ပြင်လုံးမှာ ပါ။
သူ့မိဘနှစ်ပါးခမျာ မရှိဆင်းရဲသား တွေဆိုတော့ ရှိစုမဲ့စုလေးတွေ ထုခွဲ ရောင်းချလို့ ပြည်နယ်ဆေးရုံကိုသွား ပြခဲ့ကြရရှာတယ်။ ဝမ်လေးရဲ့ဒဏ်ရာ တွေ အရမ်းပြင်းလွန်းတာကြောင့်(၃) လနီးပါးကုသရပြီးချိန်မှာတော့ ဆေးရုံ စရိတ်ကယွမ်(၁၅၀ဝ၀ဝ)ကျနေခဲ့ပါပြီ။ ဒါကိုပေးဖို့အတွက် ဝမ်လေးမိဘနှစ်ပါး လည်းဘိုး ဘွားအမွေအိမ်လေးကိုရတဲ့ ဈေးနဲ့ထိုးပြီး ရောင်းခဲ့ရသလိုအိုစာမင်း စာစုဆောင်းထားတာတွေလဲ ဆေးဖိုး ပေးဖို့ထုတ်သုံးလိုက်ရတယ်လေ။ ဆေး ရုံကဆင်းလာခဲ့ ပြီးတဲ့နောက်မှာဝမ် လေးတို့မိသားစုဟာ (၂)ဧကလောက် သာရှိတဲ့မြေကွက်လေးမှာ သီးနှံတွေ စိုက်ပျိုးရင်း နေထိုင်နေခဲ့ရပါတယ်။
သူ့ဖခင်ဝင်ငွေဆိုတာကလည်း တစ်လ မှ ယွမ်(၂၀ဝ၀)ပဲရှိတာဆိုတော့ သား လေးမျက်နှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေ တာကို ခွဲစိတ်ကုသဖို့ဆိုတာနေ့စဉ် ညတိုင်းအိပ်မက်ထဲမှာသာဖြစ်နိုင်ခဲ့တယ်။ ဝမ်လေးရဲ့ မီးလောင်ဒဏ်ရာတွေ ဟာ တော်တော်ဆိုးရွားပါတယ်။ လက် ချောင်းလေးတွေဆိုတာတစ်ဆစ်ချင်း လှုပ်မရတော့ပါဘူး။ အဆိုးဆုံးကသူ့ မျက်နှာပါ။ မြင်နေကျသူငယ်ချင်းတွေ ထဲက အချို့လောက်ပဲ သူနဲ့လာဆော့ကျ ရဲတော့တဲ့ အထိဖြစ်နေရပါတယ်။
(၅)နှစ်ပြည့်သွားတဲ့ ကလေးတစ်ယောက် အနေနဲ့ ကျောင်းတက်ပညာသင်ကြား ချင်ပေမယ့်လည်း ဘယ်ကျောင်းကမှ လက်မခံခဲ့ဘူး။ တဒင်္ဂအမှားလေးတစ်ခု ကြောင့် မိသားစုတစ်စုလုံးဘဝပျက်တဲ့ အထိဖြစ်ခဲ့ရတာပါပဲ။
မကြည့်ရက်တဲ့စာဖတ်သူတွေ..
ဝမ်လေးအကြောင်းကို ဓါတ်ပုံအ ထောက်အထားတွေနဲ့ သတင်းမီဒီယာ တွေကနေမကြားသေးခင်ရက်ပိုင်းအ တွင်းကဖော်ပြခဲ့ကြရာမှာ စာဖတ်သူတွေ အားလုံးစုပ်တစ်သပ်သပ်ဖြစ်ခဲ့စေပါတယ်။ ဒီလိုဂရုဏာသက်ခဲ့သူတွေထဲမှာ နယ်စည်းမခြား ဗြိတိန်ကူညီမှုဂျာနယ် လစ်များအဖွဲ့က ထိပ်ဆုံးကပါဝင်နေပါ တယ်။ ဘာ ကြောင့်လဲဆိုရင် ဒီအဖွဲ့ အစည်းကနေဦးဆောင်ပြီး ဝမ်လေးခွဲ စိတ်ကုသဖို့ နှိုးဆော်မှုတွေပြုလုပ်နေ ခြင်းကြောင့်ပါ။ "ဒါဟာ ကျွန်တော်တို့ လုပ်ခဲ့ဖူးသမျှထဲမှာ အခံစားရဆုံးပါပဲ ဗျာ။ ဒီကလေးမျက်နှာကိုကြည့်ကျပါဦး၊ ဒါကို လူတစ်ယောက်လို့ဘယ်လိုခေါ် နိုင်ဦးမလဲ။
ပိုပြီးဝမ်းနည်းစရာကောင်း တာက ကုသဖို့ဆေးတွေလဲရှိတယ်၊ ကု သနည်းတွေလည်းရှိတယ်၊ ဒါပေမယ့် ဗျာဆေး ကုသစရိတ်မရှိလို့ ဒီကလေး တစ်သက်လုံးနေသွားရမယ်ဆိုတာ ပါပဲ။ ဒါကြောင့် ကျွန်တော်တို့ ဒီကလေး အတွက်ဆေးကု သစရိတ်ရှာဖွေပေးနိုင်ဖို့ ကြိုးစား သွားတော့မှာပါ"လို့ ဂျာနယ်လစ်တစ်ဦးကဆိုခဲ့ ပါတယ်။ နင်ကျန်းပြည်နယ်ဆေးရုံက ဝမ်လေးကို ကုသပေးခဲ့တဲ့ ဆရာဝန်လီဂျင်နင်က "ဒီက လေးမျက်နှာကို ပုံစံပြန်ပေါ်လာစေအောင်ပဲ(၃) ကြိမ်လောက်ခွဲရပါလိမ့်မယ်။ ဒါက အခြေခံ အဆင့်ပဲရှိသေးတာပါ။ နောက်ထပ်အဆင့်တွေ အများကြီးကျန်နေပါသေးတယ်။ တော်တော်လေး ကိုငွေကုန်ကြေးကျများနိုင်တဲ့ခွဲစိတ်မှုတွေဖြစ်ပါ တယ်" လို့ဆိုခဲ့ပါတယ်။
ဝမ်လေးရဲ့ ဖခင်ဖြစ်သူ ယွန်ဂျီကလည်းသားလေးကို မြင်ရလေတိုင်းရင် တွေကွဲရတာပါ။ ဘာမှမလုပ်ပေးနိုင်တဲ့ဘဝမှာ ကြေကွဲမှုတွေကိုပဲ ပိုက်နေခဲ့ရဟန်တူပါတယ်။ "ရာသီကာလတွေဟာ သားလေးအတွက် ပူလောင်စေလွန်းတဲ့အချိန်တွေပါ။ ခြင်တွေ ကိုက်ရင်လည်း တော်တော်ဒုက္ခရောက်တယ် လေ။ ကျွန်တော့်အတွက် အကြီးမားဆုံးရည်မှန်း ချက်ကတော့ သားလေးကို ကျောင်းတတ်စေချင် တာပါဗျာ။ ဒါပေမယ့် ခွဲစိတ်ကုသမှုလုပ်နိုင်၊ မလုပ်နိုင်ဆိုတဲ့ အချက်ကသာဆုံးဖြတ်သွားပါ လိမ့်မယ်ဗျာ"လို့ ကြေကွဲစွာဆိုခဲ့တဲ့ ဖခင်တစ် ဦးရဲ့ ဆန္ဒတွေ ဘယ်အချိန်မှပြည့်နိုင်ပါ့မလဲ။
အောင်မျိုးသန့်
Health Care

2 comments:

  1. စိတ်မကောင်းစရာပဲကလေးကံဆိုးလိုက်တာ
    အလှူရှင်တွေ့ ပါစေ

    ReplyDelete
  2. စိတ်မကောင်း စရာလေး ပါပဲ..ကလေး ကံကောင်းပါစေ။ ကျန်းမာပါစေ။ ချမ်းသာပါစေ။

    ReplyDelete

Related Posts Plugin for WordPress, Blogger...