မြန်မာ နိုင်ငံအိမ်နီးချင်း
ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ကိုယ့်ကိုကိုယ် သတ်သေနုန်းမှာ တနှစ်ထက်
တနှစ်မြင့်မားလာသည်ဟု ဘင်္ဂလာဒေခ်ျ့ရဲ အဖွဲ့က ထုတ်ပြန်သော အစီရင်ခံစာတွင်
ဖေါ်ပြသည်။
၂၀၀၂ ခုနှစ်မှ ၂၀၀၉ ခုနှစ် ထိ (၇) နှစ်ကာလ အတွင်း ဘင်္ဂလာဒေခ်ျ့တွင် မိမိကိုယ်ကို သတ်သေသူ အရေအတွက်မှာ ၇၃၃၈၉ ဦးရှိခဲ့သည်ဟု ရဲအဖွဲ့ က ပြောသည်။
ထိုအထဲမှ ၃၁၈၅၇ ဦးမှာ ကြိုးဆွဲချ သေဆုံးခဲ့ကြပြီး ၄၁၅၃၂ ဦးမှာ အဆိပ်သောက်၍ အဆုံးစီရင်ခဲ့ကြသည်။ သေဆုံးသူ အများစုမှာ လူငယ်များ ဖြစ်ပြီး အရေအတွက်မှာ လူကြီး အရေအတွက်ထက်များကြောင်း ရဲအဖွဲ့က ပြောသည်။
ဘင်္ဂလာဒေခ်ျ့ လူ့အခွင့်အရေး အဖွဲ့ တစ်ခု ဖြစ်သော Bangladesh Manabadhikar Bastabayan Sangstha က ထုတ်ပြန်သော အစီရင်ခံစာ တစ်စောင်တွင် သူတို့အဖွဲ့၏ ကောက်ယူထားသော စာရင်းအရ ၂၀၁၁ ခုနှစ် ဇန္န၀ါရီလမှ ၂၀၁၁ သြဂတ်စ်လ အထိ (၈) လအတွင်း မိမိကိုယ်ကို သတ်သေသူ အရေအတွက်မှာ ၂၅၈ ဦးရှိပြီး ထိုအထဲမှ ၁၈၀ ဦးမှာ အမျိုးသမီးများ ဖြစ်ကြပြီး ၇၈ ဦးမှာ အမျိုးသားများ ဖြစ်ကြောင်း ဖေါ်ပြသည်။
၂၀၀၆ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း မိမိကိုယ်ကို သတ်သေသူ အမျိုးသမီးပေါင်းမှာ ၄၇၄၇ ဦးရှိပြီး ထိုအထဲမှ အမျိုးသမီးငယ် ၄၀ မှာ အမျိုးသားများ၏ လိုက်လံ နှောင့်ယှက်မူများကြောင့် မိမိကိုယ်ကို သတ်သေခဲ့ကြသည်ဟု တခြား အဖွဲ့အစည်း တစ်ခုက ထုတ်ပြန်သော အစီရင်ခံစာတွင် ဖေါ်ပြသည်။
သေဆုံးသူ အမျိုးသမီးများထဲတွင် အမျိုးသားများသို့ လက်ထပ်စဉ် ပေးဆောင်ရသော dowry ခေါ် အသွင်းကို မပေးဆောင်နိုင်သဖြင့် လင်ယောင်္ကျား၏ နှိပ်စက်ခံရမူကြောင့် သတ်သေသူ အမျိုးသမီးများလည်း ပါဝင်ကြောင်း သိရသည်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် လက်ရှိ အစိုးရ ထုတ်ပြန်ချက် အရ လူဦးရေ ၁၆၅ သန်းရှိပြီး လူဦးရေ ထူထပ်မူ၊ ခွဲခြားဆက်ဆံမူ၊ ဆင်းရဲမွဲတည်မူနုန်းနှင့် အတူ အလုပ်လက်မဲ့ ပြဿနာကြောင့် အများစုမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာရာမှ မိမိကိုယ်ကို သတ်သေကြခြင်း ဖြစ်ကြောင်း လူ့အခွင့်အရေး အဖွဲ့များက ထုတ်ပြန်ထားသော အစီရင်ခံစာများတွင် ဖေါ်ပြသည်။
ဘင်္ဂလာဒေခ်ျ့မှ ရထား ဘူတာ တစ်ခု
များမကြာမှီက
ထုတ်ပြန်သော ရဲအဖွဲ့ အစီရင်ခံစာ အရ တနှစ်တွင် မိမိကိုယ်ကိုသတ်သေသူ
အရေအတွက်မှာ ၁၀၀၀၀ ကျော်ထိ ရှိကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့်
ကိုယ့်ကိုကိုယ် သတ်သေ ခဲ့ကြသည်ဟု သိရသည်။ ၂၀၀၂ ခုနှစ်မှ ၂၀၀၉ ခုနှစ် ထိ (၇) နှစ်ကာလ အတွင်း ဘင်္ဂလာဒေခ်ျ့တွင် မိမိကိုယ်ကို သတ်သေသူ အရေအတွက်မှာ ၇၃၃၈၉ ဦးရှိခဲ့သည်ဟု ရဲအဖွဲ့ က ပြောသည်။
ထိုအထဲမှ ၃၁၈၅၇ ဦးမှာ ကြိုးဆွဲချ သေဆုံးခဲ့ကြပြီး ၄၁၅၃၂ ဦးမှာ အဆိပ်သောက်၍ အဆုံးစီရင်ခဲ့ကြသည်။ သေဆုံးသူ အများစုမှာ လူငယ်များ ဖြစ်ပြီး အရေအတွက်မှာ လူကြီး အရေအတွက်ထက်များကြောင်း ရဲအဖွဲ့က ပြောသည်။
ဘင်္ဂလာဒေခ်ျ့ လူ့အခွင့်အရေး အဖွဲ့ တစ်ခု ဖြစ်သော Bangladesh Manabadhikar Bastabayan Sangstha က ထုတ်ပြန်သော အစီရင်ခံစာ တစ်စောင်တွင် သူတို့အဖွဲ့၏ ကောက်ယူထားသော စာရင်းအရ ၂၀၁၁ ခုနှစ် ဇန္န၀ါရီလမှ ၂၀၁၁ သြဂတ်စ်လ အထိ (၈) လအတွင်း မိမိကိုယ်ကို သတ်သေသူ အရေအတွက်မှာ ၂၅၈ ဦးရှိပြီး ထိုအထဲမှ ၁၈၀ ဦးမှာ အမျိုးသမီးများ ဖြစ်ကြပြီး ၇၈ ဦးမှာ အမျိုးသားများ ဖြစ်ကြောင်း ဖေါ်ပြသည်။
၂၀၀၆ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း မိမိကိုယ်ကို သတ်သေသူ အမျိုးသမီးပေါင်းမှာ ၄၇၄၇ ဦးရှိပြီး ထိုအထဲမှ အမျိုးသမီးငယ် ၄၀ မှာ အမျိုးသားများ၏ လိုက်လံ နှောင့်ယှက်မူများကြောင့် မိမိကိုယ်ကို သတ်သေခဲ့ကြသည်ဟု တခြား အဖွဲ့အစည်း တစ်ခုက ထုတ်ပြန်သော အစီရင်ခံစာတွင် ဖေါ်ပြသည်။
သေဆုံးသူ အမျိုးသမီးများထဲတွင် အမျိုးသားများသို့ လက်ထပ်စဉ် ပေးဆောင်ရသော dowry ခေါ် အသွင်းကို မပေးဆောင်နိုင်သဖြင့် လင်ယောင်္ကျား၏ နှိပ်စက်ခံရမူကြောင့် သတ်သေသူ အမျိုးသမီးများလည်း ပါဝင်ကြောင်း သိရသည်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် လက်ရှိ အစိုးရ ထုတ်ပြန်ချက် အရ လူဦးရေ ၁၆၅ သန်းရှိပြီး လူဦးရေ ထူထပ်မူ၊ ခွဲခြားဆက်ဆံမူ၊ ဆင်းရဲမွဲတည်မူနုန်းနှင့် အတူ အလုပ်လက်မဲ့ ပြဿနာကြောင့် အများစုမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာရာမှ မိမိကိုယ်ကို သတ်သေကြခြင်း ဖြစ်ကြောင်း လူ့အခွင့်အရေး အဖွဲ့များက ထုတ်ပြန်ထားသော အစီရင်ခံစာများတွင် ဖေါ်ပြသည်။
-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာမှ သတင်းများ
No comments:
Post a Comment