ဧဒင်အချစ်ပုံပြင်: ပါကစ္စတန်နိုင်ငံတွင် ခြေထောက် ၆ ချောင်းပါ ကလေးငယ် မွေးဖွား...
Monday 16 April 2012
ပါကစ္စတန်နိုင်ငံတွင် ခြေထောက် ၆ ချောင်းပါ ကလေးငယ် မွေးဖွား...
A newly-born child, who has six legs, rests on his grandmother's lap at his family home in Sukkur in Pakistan's Sindh province
ပါကစ္စတန်မှ ခြေထောက် ၆ ချောင်းပါကလေးငယ်....
A newly-born child, who has six legs, rests on his grandmother's lap at his family home in Sukkur in Pakistan's Sindh province. Reuters
ပါကစ္စတန်နိုင်ငံ၊ ဆင်းဒ်ပြည်နယ်၊ ဆွက်ကာဒေသ အရပ်တွင် လွန်ခဲ့ သည့် သောကြာနေ့ ကခြထောက် ၆ 
ချောင်းပါရှိသည့် ကလေးငယ်တစ်ဦးမွေးဖွားခဲ့ သဖြင့် နိုင်ငံ၏ဆေးပညာအသိုင်းအ၀န်းလောကတစ်ခုလုံး
တုန်လှုပ်ခြောက်ခြားအံ့ သြသွားခဲ့ ရပါတယ်...
စွက်ကာပြည်သူ့ ဆေးရုံတွင်မွေးဖွားခဲ့ သည့် ခြေထောက် ၆ ချောင်းပါရှိသည့် သားယောကျာင်္းလေးဟာ 
ကျန်းမာရေးအခြေအနေကောင်းမွန်တည်ငြိမ်လျှက်ရှိနေပါတယ်လို့  The Express Tribune သတင်းဌာက
က ဖော်ပြခဲ့ ပါတယ်...
သို့ သော်လည်း ကလေးငယ်၏ပုံသဏ္ဍာန်ချို့ ယွင်းမှုကြောင်း ဆေးရုံမှသက်ဆိုင်ရာတာဝန်ရှိသူများအနေ
ဖြင့် ကလေးငယ်အား ရောဂါပိုးမွှားများမကူးစက်နိုင်ရန်အထူးဂရုစိုက်လျှက်ရှိနေပါတယ်....
အမည်မဖော်ပြနိုင်သေးသည့် ကလေးငယ်၏မိခင်ဖြစ်သူလည်း ကျန်းမာရေးကောင်းမွန်လျှက်ရှိပြီး သူမ၏
ပထမဦးဆုံးရင်သွေးငယ်ရဲ့ ပုံသဏ္ဍာချွတ်ယွင်းမှုအတွက် အံ့ သြတုန်လှုပ်လျှက်ရှိနေပါတယ်...
သွားပြီ ဆက်လက်ကုသရန်အကြံပြုပြောကြားခဲ့ ပါတယ်...
တစ်လလျှင် ပါကစ္စတန်ငွေ ရူပီး ၆၀၀၀ ( ၆၇ ဒေါ်လာ ) ခန့် သာရသော ၀င်ငွေနည်းပါးသည့် ဓါတ်မှန်ကျွမ်း
ကျင်သူ အလုပ်သမားရှိတ်အနေဖြင့် ထိုသို့ ကလေးငယ်အားကုသနိုင်ရန်ကုန်ကျစားရိတ်အတွက် အစိုးရနှင့် 
စေတနာရှင်များ၏ ကူညီထောက်ပံ့ မှုအား တောင်းဆို၊ ရှာဖွေနေပါတယ်....
မိသားစု၏ငွေကြေးဆိုင်ရာအခက်အခဲများကြောင့် ကလေးငယ်အား ၎င်းတို့ အိမ်သို့ ခေါ်ဆောင်သွားရတော့
မည်ဖြစ်ကြောင်း သတင်းများကဆိုပါတယ်...
ကလေးငယ်၏အပိုခြေထောက်များအား အခက်အခဲသိပ်မရှိပဲ ခွဲစိတ်ဖယ်ရှားပစ်နိုင်မည်ဟု အစ္စလာမ်မာ
" ဒါဟာပါကစ္စတန်သမိုင်းမှာ ပထမဦးဆုံးခြေထောက် ၆ ချောင်းပါရှိတဲ့ ကလေးဖြစ်ပါလိမ့် မယ်....ဒီဖြစ်ရပ်
ဟာ ဆရာဝန်တွေအတွက် စမ်းသပ်မှုတစ်ခုဖြစ်ပြီး အကောင်းဆုံးဖြစ်မယ်လို့ မျှော်လင့် ပါတယ်..." လို့ 
ကိုင်ဆာ ကပြောကြားခဲ့ ပါတယ်... 
by-kopitar
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...