ဧဒင်အချစ်ပုံပြင်: မရီနာ (တောင်) ဆိပ်ခံ တံတားအနီး လှေပေါ်မှ ပြုတ်ကျသွားသူ

Wednesday 25 April 2012

မရီနာ (တောင်) ဆိပ်ခံ တံတားအနီး လှေပေါ်မှ ပြုတ်ကျသွားသူ




အင်္ဂါနေ့မနက်က မရီနာ (တောင်) ဆိပ်ခံ  တံတားအနီး လှေပေါ်မှ ပြုတ်ကျသွားသူ အသက် ၃၂နှစ်ရှိသူ မောင်ဇော်မျိုးဝင်း အား ယခုအချိန်ထိ ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါသည်။ မောင်ဇော်မျိုးဝင်း မှာ အဲဗားရက်စ် မရင်း ဆားဗစ်ဆက်စ် မှ အလုပ်သမားတစ်ဦးဖြစ်ပြီး သူ့ကို မနေ့ မနက် ရ နာရီခန့်က အခြားလှေတစ်စီးပေါ်တွင် မီးစက်နှိုးနေသည်ကို နောက်ဆုံးတွေ့ခဲ့ရခြင်းဖြစ်သည်။


သူ့လုပ်ဖော်ကိုင်ဖက်များ ပြောပြချက်အရ မောင်ဇော်မျိုးဝင်းမှာ ရေမကူးတတ်ကြောင်းသိရသည်။

ရှာဖွေရေးလုပ်ငန်းတွင် ဆိပ်ကမ်းအာဏာပိုင်မှ ရေယာဉ်တစ်စီး၊ ကမ်းခြေစောင့် ရဲမှ ရေယာဉ်တစ်စီးနှင့် ရေငုတ်သမား (၅) ဦးပါဝင်သည်။ ရေငုတ်သမားများ နှင့် ရှာဖွေမှုကို အင်္ဂါနေ့ညနေ (၅) နာရီတွင် ရပ်ဆိုင်းလိုက်သော်လည်း ရေယာဉ်များနှင့် ညဘက်တွင် မောင်ဇော်မျိုးဝင်းအား ဆက်လက်ရှာဖွေနေကြသည်။

ယနေ့တွင် မောင်ဇော်မျိုးဝင်း၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ မစ္စတာ ဂျာရေး မီလန်ဟစ် ပြောပြချက်အရ ဆိပ်ကမ်းအာဏာပိုင်မှ ရေယာဉ်နှစ်စီး၊ ကမ်းခြေစောင့် ရဲမှ ရေယာဉ်နှစ်စီးတို့ ၄င်းနေရာတ၀ိုက် ပိုက်စိတ်တိုက် ရှာဖွေလျက်ရှိကြကြောင်း သိရသည်။

ref: The Straits Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...