ဧဒင်အချစ်ပုံပြင်: မတ်လ အတွင်း ယာဉ်လိုင်းများ အတွင်း ယာဉ်မတော်တဆမှု ၁၈ မှု ဖြစ်ပွားခဲ့

Friday 6 April 2012

မတ်လ အတွင်း ယာဉ်လိုင်းများ အတွင်း ယာဉ်မတော်တဆမှု ၁၈ မှု ဖြစ်ပွားခဲ့

ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ မထသ ဗဟိုမှ လစဉ် ထုတ်ပြန်ချက် အရ မတ်လ အတွင်းမှာ ယာဉ်မတော်တဆ
မှုပေါင်း ၁၈ မှု ဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ယာဉ်တိုက်မှု ၁၈ မှုမှာ
ရန်ကုန် စည်ပင်သာယာ နယ်နိမိတ် အတွင်းမှာ ၁၆ မှုနဲ့ စည်ပင်သာယာ နယ်နိမိတ် ပြင်ပမှာ ၂ မှုတို့ဖြစ်ပြီး အဆိုပါ ယာဉ်လိုင်းများမှ ယာဉ်မတော်တဆ မှုကြောင့် သေဆုံးသူ ၇ ဦးနဲ့ ဒဏ်ရာရရှိသူ ၈၅ ဦးထိရှိ ခဲ့တယ်လို့ မထသ ဗဟို မှ ထုတ်ပြန်ချက် အရ သိရပါတယ်။

ဒီလို ယာဉ်တိုက်ခိုက်မှု ဖြစ်ပွားရတဲ့ အကြောင်းအရင်း တွေကတော့ မဆင်မခြင် မောင်းနှင်မှု၊ လမ်းကူးသူ ပေါ့ဆမှု၊ ယာဉ်စည်းကမ်း ချိုးဖောက်မှု၊ ယာဉ်မောင်း မကျွမ်းကျင်မှု၊ ရာသီဥတု ဆိုးဝါးခြင်း၊ အရက်သောက်ပြီး မောင်းနှင်မှု၊ လမ်းမကောင်းမှု၊ စက်ချို့ယွင်းမှု၊  ခရီးသည် ပေါ့ဆမှု အစရှိတဲ့ အကြောင်းအရင်း များကြောင့် ယာဉ်တိုက်မှုများ ဖြစ်ပွားရတာ ဖြစ်ပါတယ်။ ဒီလို ယာဉ်မတော်တဆမှုများ လျော့နည်း ကျဆင်း စေရေး အတွက် တာဝန်ရှိ သူများက ယာဉ်လုပ်သား များကို တနင်္ဂနွေ မွမ်းမံသင်တန်း အမှတ်စဉ် ၄ ကို လာမယ့် ဧပြီလ၂၇ ရက်နေ့မှာ ဖွင့်လှစ် သင်ကြား ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...