ဧဒင်အချစ်ပုံပြင်: လက်သည်း အလှပြင်နည်း Tutorial (polka dots)

Thursday 5 April 2012

လက်သည်း အလှပြင်နည်း Tutorial (polka dots)


ရွှေမြန်မာမလေးများအတွက်ကိုယ့်အိမ်မှာ အလွယ်တကူ ရှိပြီးသား ပစ္စည်းလေးတွေကိုသုံးပြီးလက်သည်းအလှဖော်နိုင်ဖို့ရည်ရွယ်ပြီးဒီ Tutorial ပိုစ့်လေးကို တင်ပြလိုက်ပါတယ်။ဆက်လက်ကြည့်သွားပါနော်...



ချစ်စရာလည်းကောင်း ခေတ်လည်းမီတဲ့ Polka dots လို့ ခေါ်တဲ့ ဒီ ဒီဇိုင်းလေးဟာ လွယ်ကူလျှင်မြန်စွာ လိမ်းနိုင်သည့်အပြင် လက်သည်းဆိုးဆေး အရောင် နှစ်မျိုးသာ လိုအပ်လို့ လက်သည်းဒီဇိုင်း စမ်းခါစ ပျိုမေတို့ အတွက် အသင့်တော်ဆုံးဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ နှစ်သက်ရာ အောက်ခံ အရောင်တစ်မျိုး နဲ့ အစက်ချ ဖို့ အစက် အရောင် တစ်မျိုးကို ရွေးချယ်ပြီး အလှဆင်နိုင်ပါတယ်။
လိုအပ်တဲ့ ပစ္စည်းတွေကတော့
  1. အဖျားထိပ်လုံးတဲ့ ဆံညှပ်ကလစ်
  2. လက်သည်းဆိုးဆေး အကြည်
  3. လက်သည်းဆိုးဆေး အရောင် နှစ်မျိုး

ပထမအဆင့်
သန့်စင် ကြည်လင်သော လက်သည်းများကို လက်သည်းဆိုးဆေး အကြည်ကို ခံ လိမ်းပါ။ အကြည်ခံလိမ်းခြင်းအားဖြင့် လက်သည်းပေါ်မှာ အရောင် စွန်းထင်ကျန်ရစ်ခြင်း မှ ကာကွယ်ပေးသည့်အပြင် ပြန်ဖျက်လျှင်လည်း ပိုမို လွယ်ကူစွာ ဖျက်နိုင်တာကို တွေ့ရပါလိမ့်မယ်။

ဒုတိယအဆင့်
ရွေးချယ်ထားတဲ့ နှစ်သက်ရာ အောက်ခံ လက်သည်းဆိုးဆေး အရောင်ကို ညီညာစွာ ဆိုးပါ။ ၅မိနစ်ခန့် အခြောက်ခံပါ။
တတိယအဆင့်
အစက်ချ ဖို့ အတွက် ပြင်ဆင်ရမယ့် အဆင့်ဖြင့်ပါတယ်။ အစက်ချဖို့ ရွေးချယ်ထားတဲ့ လက်သည်းဆိုးဆေးကို စက္ကူ အကြမ်းပေါ်တွင် ပုံချလိုက်ပါ။
အဖျားထိပ်လုံး နေတဲ့ ဆံညှပ်ကို ယူပြီး လက်သည်းဆိုးဆေးထဲကို နှစ်ချပါ။ ကော်ပြား သို့ ပလတ်စတစ် တစ်ခုပေါ်မှာ ချကြည့်ပြီး လိုချင်တဲ့ အရွယ်အစား အစက် ရအောင် လေ့ကျင့်ပါ။ တစ်ခါနှစ်ရင် နှစ်စက်ကနေ လေးစက်ထိ ချလို့ရပါတယ်။ ပြီးရင် တစ်ခါပြန်နှစ်ပေါ့နော်။
စတုထ္တအဆင့်
အစက်ချဖို့လည်း အဆင်သင့်ဖြစ်ပြီ၊ အောက်ခံ လက်သည်းဆိုးဆေးလည်း ခြောက်ပြီ ဆိုရင်တော့ ပုံတွင်ပြထားသည့်အတိုင်း လက်သည်းရဲ့ အလယ်တန်းကို အရင် ချပါ။ ကြဲလေ ပိုလှလေ ဖြစ်ပါတယ်။ ကြဲကြဲလေး ချသွားပါ။

အလယ်တန်း အစက်လေးတွေ ချပြီးရင်တော့ ဘယ်ဘက်မှာ တစ်တန်း ချပါမယ်။ အလယ်တန်းက အစက်တွေနဲ့ တန်းနေအောင် မချရပါဘူး တစ်ခု ကျော် ချသွားရမှာဖြစ်ပါတယ်။

ဘယ်ဘက်တန်းချပြီးရင်တော့ ညာဘက်တန်းချသွားပါ။ ခုဏလိုပဲ တစ်ခုကျော် နေရာယူသွားပါ။

ကဲ သုံးတန်းချပြီးရင်တော့ ဒီလို လှပတဲ့ polka dots ဒီဇိုင်းလေးကို ရပြီနော်။
နောက်ဆုံး အဆင့်
အစက်လေးတွေချပြီးသွားတဲ့ အခါ နောက်ထပ် ၅ မိနစ်လောက် ခြောက်အောင်စောင့်ပြီး လက်သည်း အကြည်လေးနဲ့ ပြန်အုပ်ပေးပါ။ ဒါဆိုရင် ပြောင်ပြောင်လေးဖြစ်သွားပြီး ဒီဇိုင်းလေးက အနည်းဆုံး တစ်ပတ် ကြာကြာခံမှာပေါ့နော်။

1 comment:

  1. Would be very appreciate if u describe original source.
    Thanks,
    Kabyar (www.shwebeauty.com)

    ReplyDelete

Related Posts Plugin for WordPress, Blogger...