ဧဒင်အချစ်ပုံပြင်: ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် ဖုန်းဖြင့် မက်ဆေ့ခ်ျ ပေးပို့သူကို အီလက်ထရွန်နစ် ဥပဒေဖြင့် အမှုဖွင့်

Wednesday 2 May 2012

ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် ဖုန်းဖြင့် မက်ဆေ့ခ်ျ ပေးပို့သူကို အီလက်ထရွန်နစ် ဥပဒေဖြင့် အမှုဖွင့်


ပန်းဘဲတန်းမြို့နယ်၊ ၄ ရပ်ကွက်၊ ကုန်ဈေးတန်းလမ်း၊ စန္ဒီပရဆေးဆိုင်တွင် ၁၈-၄-၂၀၁၂ ရက် ည ၈ နာရီ ၄၅ မိနစ်အချိန်ခန့်က လူတစ်ဦးတစ်ယောက် ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် ရည်ရွယ်သူအချို့က မဟုတ်မမှန်သော စာသားများကို ဖုန်းဖြင့် မက်ဆေ့ခ်ျ ပေးပို့သော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ၊  ရန်ကုန်တိုင်းဒေသကြီး သက်ဆိုင်ရာမှ ၂၃-၄-၂၀၁၂ ရက်က သိရသည်။ အဆိုပါ ဖြစ်ရပ်မှာ စန္ဒီပရဆေးဆိုင်သို့ အသက် ၂၃ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး (စုံစမ်းဆဲ) က အိတ်ပိတ်စာအိတ် တစ်အိတ်ကို လာရောက်ပေးပို့သဖြင့် ဆိုင်တာဝန်ခံ ကိုဘိုဘိုအောင်က ၎င်းစာအိတ်ကို ဖွင့်ဖတ်ကြည့်ရာ ကွန်ပျူတာဖြင့် ပြုပြင်ဖန်တီးထားသော ကာတွန်းရုပ်ပုံများနှင့် စန္ဒီပရဆေးဆိုင်အတွက် ဂုဏ်သိက္ခာ ကျဆင်းစေသော စာသားများ ရိုက်နှိပ်ထားသည့် A-၄ စာရွက် ၂၂ ရွက်အား တွေ့ရှိခဲ့ကြောင်း၊ ယင်းနောက် ဖုန်းဖြင့်
ဆိုင်ရှိ တယ်လီဖုန်းများနှင့် စန္ဒီဘရားသား ထရေးဒင်း ကုမ္ပဏီလီမိတက် ဖုန်းများထံ မဟုတ်မမှန် ဖန်တီးမက်ဆေ့ခ်ျများ ပေးပို့ခဲ့ကြောင်း သိရသည်။ ယင်းဖြစ်ရပ်နှင့် ဆက်စပ်၍ ဆိုင်တာဝန်ခံ ကိုဘိုဘိုအောင်က တရားလိုပြုလုပ် တိုင်တန်းမှုကို ပန်းဘဲတန်းရဲစခန်းက (ပ) ၁၀၈/၁၂ အီလက်ထရွန်နစ်နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၄ (ဃ) ဖြင့် အမှုဖွင့်ကာ တရားခံဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိကြောင်း သိရသည်။               
@Pyi Myanmar

2 comments:

  1. အမည်မဖော်လိုပဲ အဲလိုလုပ်ရပ်တွေကိုကောင်းကောင်းအရေးယူတာကောင်းပါတယ်

    ReplyDelete
  2. ဒါမျိုးတွေအရည်မရအဖတ်မရတွေ လုပ်နေတဲ့လူတွေ
    မှတ်လောက်အောင်တော့ အပြစ်ပေးသင့်တယ်။

    ReplyDelete

Related Posts Plugin for WordPress, Blogger...