ဧဒင်အချစ်ပုံပြင်: မီးသတ်တွေလက်မှိုင်ချခဲ့ရတဲ့ သစ်ခြောက်ပင်အို လောင်နေတဲ့မီး....

Wednesday 2 May 2012

မီးသတ်တွေလက်မှိုင်ချခဲ့ရတဲ့ သစ်ခြောက်ပင်အို လောင်နေတဲ့မီး....

မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော သစ်ခြောက်ပင်ကြီးအားတွေ့ရစဉ်
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့၊ ရွှေကူရပ်ကွက်၊ မြို့သူကြီးဘုရားအနောက်ဘက်အခြမ်း  ရေကာတာအပြင် ဘက်ရှိ သစ်ပင်အိုတွင် ဧပြီလ(၂၅)ရက်နေ့က မီးလောင်ကျွမ်းနေသည်ကို ဒေသခံများ စတင်မြင်တွေ့ကြပြီး မီးသတ်ကားများ  မီးသတ်တပ်ဖွဲ့ဝင်များ လာရောက် ငြိမ်းသတ်ခြင်း၊ မိုးများရွာချသော်လည်း နာရီပိုင်းသာ ငြိမ်းသေပြီး မေလ(၁)ရက်နေ့ အထိ မီးငြိမ်းသေသွားခြင်း မရှိဘဲ ပြန်လည်လောင်းကျွမ်းမြဲ ဖြစ်နေ၍ လာရောက်လေ့လာသော ဒေသခံများဖြင့် စည်ကားလျှက်ရှိ ကြောင်း သိရသည်။     
                                           
အဲဒီ အပင်ကြီးအကြောင်းကို သပြေပင်ကျောင်းက အသက်(၆ဝ)ကျော် ခမ်းနေဦးဇင်းကြီးက ပြောပြတယ်။  အပင်ကသက်တမ်းက မှီသလောက်ကို နှစ်(၆ဝ) မကတော့ဘူး။ ပထမပေါက်နေတဲ့ ကုက္ကိုပင်ကြီးကို နောက်ပေါက် တဲ့ ညောင်ပင်ကြီးက မျိုသွားတာ။ ပထမ ကုက္ကိုပင်ကြီးက သေသွားရော ညောင်ပင်ကြီးက ဆက်ရှင်နေတာ။ အဲဒီလိုနဲ့ နေလာခဲ့ တာ (၂၇)ရက်နေ့ ညနေ(၃)နာရီ လောက်က စပြီး မီးခိုးတဟူဟူနဲ့ ထွက်လာ ခဲ့တာ၊ ဒီနေ့(၃ဝ)ရက်နေ့အထိဘဲ။ ရပ်ကွက်က မီးလောင်လို့ ခုတ်ဖို့ သတင်းထွက်နေတယ်။ ခုတ်ပစ်ဖို့ ပြောတယ်။ ဒီနေ့အထိ မခုတ်ရသေးဘူး” ဟု စာရေးဆရာ ထက်လူ (ဟင်္သာတ) က ပြောသည်။            
မီးမေလာင္ကၽြမ္းမွီ

အဆိုပါ သစ်ခြောက်ပင်သည် ကုက္ကိုပင်အား ညောင်ပင်အုပ်နေသော ညောင်ကျပ်ပင်အမျိုးအစားဖြစ်၍ အပင် လုံးပတ် လူ(၃)ဖက်စာခန့် ရှိပြီး အပင်သေဖြစ်ကာ အပင်သက်တမ်းမှာ ကြာမြင့်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။“မီးလောင်တာ လေးရက် ရှိပါပြီ။
  ဘယ်လိုစလောင်လဲတော့ မသိရဘူး။ လွန်ခဲ့တဲ့ သုံးရက်က ညနေစောင်း လောက် နေ့ခင်းပိုင်းမှာ ဗဟိုမီးသတ်က လာပြီး မီးသတ်တယ်တဲ့။ သစ်ပင်ကြီး မီးလောင်လို့ ဆိုပြီး ကျွန်တော်တို့ လာကြည့် တာပေါ့။ ကြည့်တော့ မီးက အခုလိုပဲ တောက်လောင်နေတယ်။ ဗဟိုမီးသတ်က ကားတစ်စီးနဲဲ့ နှစ်ခေါက်လာတယ်။ နှစ်စီးစာပေါ့။ သူတို့ သတ်ပြီးတော့ ရှင်းပြီးဆိုပြီး ပြန်သွားကြတာ။ နေ့ခင်းပိုင်းပေါ့။ ညနေ ကျ မီးတွေ ထပ်တောက် နေတယ်။ ကျွန်တော်က လာကြည့်ပြီး မီးတွေ ထပ်တောက် နေတယ် လုပ်မှဖြစ်မယ်ဆိုပြီး အရံမီးသတ်ကားကို သွားယူပြီး သတ်တယ်။ သတ်တော့ မီး က ငြိမ်းသွားတယ်။ ဘာမှ မရှိတော့ ဘူး။ ပင်စည်ခြေရင်းမှာ ဗွက်ထသွားတယ်။ ကျွန်တော်တို့လည်း နှစ်ခေါက်၊ နှစ်စီး ပက်ခဲ့ တာ။ လက်နဲ့ပါ ကိုင်ကြည့်တာ အေးနေတယ်။ ည(၁၁)နာရီလောက်မှာ စိတ်ထဲ တစ်မျိုးဖြစ်တာနဲ့ သွားကြည့် တော့ မီးလောင် နေပြန်ရော။ ဒါနဲ့ ရွှေကူ အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းနဲ့ ကျွန်တော်တို့ ရေဘုံးတွေနဲ့ သတ်တာ သေသွားတယ်။ မနက်မိုးလင်း တော့ ပြန်လောင်နေပြန်တယ်။ မနက်ကျတော့ မီးခိုးပဲတွေရပြီး ညပိုင်း ကျမီးက  ရဲလာပြန်ရော။ ဗဟိုမီးသတ်က ဘာဆက် လုပ်မလဲ မသိပါဘူး” ဟု ဥယျာဉ်မြောက် အရံမီးသတ်မှ တပ်စုမှူး စန်းငွေ က ရှင်းပြသည်။         
မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော သစ်ခြောက်ပင်ကြီးအားလောင်ကျွမ်းမှုမဖြစ်ပွားခင် တွေ့ရစဉ်
ရွှေကူရပ်ကွက်ရှိ ညောင်ကျပ်ပင်အိုတွင် လောင်ကျွမ်းနေသော မီးအား ညအချိန်အမှောင်တွင် အလင်းဖွင့်ရိုက်ပါက လောင်နေသော မီးအရောင်ပျောက်ကာ သစ်ပင်ပုံသာပေါ်ပြီး အလင်းပိတ်ရိုက်ကူးမှသာ မီးအရောင် ပေါ်ကြောင်း၊ အချို့ ရိုက်ကူး သူများတွင် ပုံမပေါ်သော အဖြစ်များ ကြုံတွေ့မှုရှိပြီး ဓါတ်ပုံကဒ်များပင် ပျက်သွားကြောင်း၊ သစ်ပင်တွင် လောင်ကျွမ်းနေသောမီးကို ယူဆနိုင်ခြင်းမရှိဘဲ အပူလှိုင်းနှင့် မြေအောက် သဘာဝအပြောင်းအလဲများကြောင့် ထင်မြင်သူ များရှိပြီး တန်ခိုးပြသည်ဟု ယူဆသူများလည်းရှိကြောင်း ဒေသခံ ဦးအောင်မျိုး က ဆိုသည်။                

ဟင်္သာတမြို့
  ဗဟိုမီးသတ်မှ စတင်တွေ့ရှိသည့်  နေ့တွင် မီးသတ်ကား နှစ်ခေါက်ဖြင့် လာရောက် ငြှိမ်းသတ်ပေးပြီး ဥယျာဉ်မြောက်အရံမီးသတ်မှ နှစ်ခေါက် စုစုပေါင်း မီးသတ်ကား လေးစီးစာဖြင့် ပက်ဖျန်းခဲ့ပြီး ငြိမ်းသေ ခြင်းမရှိ လောင်ကျွမ်း နေမြဲဖြစ်၍ ညအချိန်တွင် မီးကျီးခဲများပုံစံ ရှိနေရာ ဟင်္သာတမြို့၌ ဧပြီလ(၂၉)ရက်နှင့်(၃ဝ)ရက်နေတို့့တွင် မိုးများရွာသွန်းခဲ့ သော်လည်း အဆိုပါသစ်ပင်သည် မီးငြိမ်း သေခြင်း မရှိ မီးကျီးခဲ၊ မီးပွားများ ထွက်ပေါ်နေ၍ ပြန်လည် လောင်ကျွမ်း မြဲ ဖြစ်နေ သဖြင့် ဖြစ်ရပ်အဆန်းဖြစ်နေကာ သိပ္ပံနယ်လွန်ဖြစ်ရပ်ဟု ယူဆသော သတင်းများ ထွက်ပေါ်ပြီး  ည(၈)နာရီခန့်တွင် လာရောက် လေ့လာကြည့်ရှုသူဦးရေ(၅ဝဝ) ထက် မနည်းရှိခဲ့ကြောင်း  သိရသည်။    
by-ရန်ကုန်တိုင်းမ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...