ယူအေအီးနိုင်ငံ ဒူဘိုင်းတွင် လုပ်ဖော်ကိုင်ဖက်တစ်ဦးရဲ့ အဓမ္မပြုကျင့်ဖို့
အားထုတ်ခြင်းမှ လွတ်မြောက်လာခဲ့တဲ့ အသက်(၂၅)နှစ်အရွယ်
စပိန်အမျိုးသမီးတစ်ယောက်ဟာ အဝတ်မပါ ကိုယ်ဗလာနဲ့ Emirates
လမ်းမကြီးပေါ်မှာ ပြေးနေခဲ့တဲ့အမှုကို ဗုဒ္ဓဟူးနေ့တွင် တရားရုံးက
ကြားနာခဲ့တယ်လို့ သိရပါတယ်။
ထိုမိန်းကလေး၏ အပြောအရ သူမ၏ လုပ်ဖော်ကိုင်ဖက် အသက်(၃၇)နှစ်အရွယ်
ယူအေအီးနိုင်ငံသားနဲ့ Jebel Ali ဟိုတယ်မှာ ညစာစားပြီးနောက် ထိုအမျိုးသားက
သူမအား ကန္တာရပိုင်းကို ခေါ်သွားခဲ့ကာ အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တာလို့
သိရပါတယ်။
ထိုသူက သူမ၏ဖုန်းကို လုယူခဲ့ပြီးနောက် သူမထိုင်နေသော
ခရီးသည်ထိုင်ခုံဘက်သို့ ပြောင်းလာခဲ့ကာ သူမအားရိုက်နှက်
အဝတ်တွေချွတ်ခဲ့ပြီး အဓမ္မပြုဖို့ ကြိုးစားခဲ့တာဖြစ်ကြောင်း
သူမက ပြောဆိုခဲ့ပါတယ်။
ထိုမိန်းကလေး၏ BlackBerry ဖုန်းနဲ့ ယူအေအီးငွေ တစ်ထောင်ပါတဲ့
ပိုက်ဆံအိတ်ဟာ ထိုအမျိုးသား၏ ကားထဲတွင် ကျန်နေခဲ့ကြောင်း
ထိုမိန်းကလေးက ပြောပေမယ့် စွပ်စွဲခံရသော ထိုအမျိုးသားက ၎င်းအား စွဲဆိုသော
အမှုများအတွက် ငြင်းဆိုခဲ့ကြောင်း သိရသည်။
Jebel Ali ဟိုတယ် စားသောက်ဆိုင်မှ စားပွဲထိုးက သူမတို့နှစ်ယောက်
အတူညစာလာစားခဲ့တာ ဟုတ်မှန်ကြောင်း သက်သေထွက်ဆိုခဲ့ပြီး CCTV ကင်မရာများ၏
သက်သေခံချက်အရ သူမဟာ ထိုအမျိုးသား၏ ကားထဲမှာ ၎င်းနှင့် အတူရှိနေခဲ့တာကို
သက်သေခံနိုင်ခဲ့ပါတယ်။
ထိုအမျိုးသားက မိန်းကလေးအား အိမ်သို့ပြန်လိုက်ပို့ပေးမည်ဟု ခေါ်သွားခဲ့ကာ
လူပြတ်သော ကန္တာရ နေရာသို့ ခေါ်ဆောင်ပြီး အဓမ္မပြုကျင့်ဖို့
ကြိုးစားခဲ့တာလို့ သိရပါတယ်။
ထိုအမျိုးသားလက်မှ တနည်းတဖုံ ထွက်ပြေးလွတ်မြောက်လာသော မိန်းကလေးဟာ
ကားလမ်းမကြီးပေါ်ရောက်အောင် ပြေးတက်လာနိုင်ခဲ့ကြောင်း ၊ သူမအားမြင်တဲ့
ပါကစ္စတန်နိုင်ငံသား ထရပ်ကားမောင်းသူဟာ သူမအား အဝတ်အစားအချို့နဲ့
ဖုန်းငှါးခဲ့ကာ သူမ၏သူငယ်ချင်းနှင့် ရဲကို ဖုန်းဆက်ခေါ်နိုင်ဖို့
ကူညီပေးခဲ့တာဖြစ်ကြောင်း သိရသည်။
Source : Gulf News
No comments:
Post a Comment