ဧဒင်အချစ်ပုံပြင်: ဗုဒ္ဓ ဘုရား လူဝင်စား သတင်း

Tuesday, 1 May 2012

ဗုဒ္ဓ ဘုရား လူဝင်စား သတင်း

အေ ပီ - နိပေါလ်

သိန်းဇော် - အိန္ဒိယ

         ဒီနေ့ ကမ္ဘာအင်တာနက်စာမျက်နာ တွေမှာ ပါလာတဲ့သတင်းတပုဒ်ကတော့ စိတ်ဝင်စားစရာကောင်းတယ်။ သတင်းကတော့ နိပေါနိင်ငံ မြို့ တော် ခပ်တမန်ဒူး နဲ့  ၁၆၈ ကီလိုမီတာတွေတဲ့  ရက်တန်ပူရ် (Ratanpur ) တောထဲမှာ ဗုဒ္ဓ၀င်စား တယ်ဆိုတဲ့ သတင်းဖြစ်တယ်။ ဗုဒ္ဓ ၀င်စားတယ်လို့ သတင်းကြီးတဲ့ သူကတော့ အသက် ၁၈ နှစ်မျှသာရှိသေးတဲ့ ရမ်ဘဟာဒါ ဘမ်ဂျန် (Ram Bahadur Bamjan) အမည်ရတဲ့  လူငယ်လေးတဦးဖြစ်ပါတယ်။ သူက အစာမစား မလှုပ်မရှားပဲ နဲ့ နေလာတာ သုံးနစ်ခန့် ရှိသွားပြီလို့ သိရပါတယ်။ ဒီနေ့ တော့သူက သူနောက်လိုက်တွေခြံရံပြီး
ထွက်လာပါတယ်။ ရှည်လျားလှတဲ့ သူဆံပင်တွေကို ဖါးလျား ချပြီး ညောင်ပင် အောက်မှာတင်ပုလင်ခွေ ထိုင်နေပါတယ်။ သူကိုလာရောက်ဖူးတဲ့သူတွေရှီခိုးဦးချ လုပ်နေသူတွေထဲမှာ လူတွေရော ဗုဒ္ဓဘာသာ သံဃာတွေပါပါဝင်နေခြင်းဖြစ်ပါတယ်။
        သူလက်နဲ့  လာရောက်ဖူးမျော်သူရဲ့ ဦးခေါင်းနဲ့ လက်ကို သူက သပ်ပြီး ဆုမွန်ကောင်းပေးနေတာကိုတွေ့ ရပါတယ်။ တယောက်ကဆိုရင် သူကိုဖူးရတာ အလင်းရောင်တွေ ရလာသလို ပဲလို့ ဆိုတယ်။ အမျိုးသမီးကြီးတယောက်ကတော့ သူကိုဖူးမြင်ရတာ ချမ်သာသုခ ကိုခံစားရတယ်လို့ ဆိုတယ်။ ဒါပေမဲ့ မယုံကြည်တဲ့သူတွေကလည်း ရှိနေပါတယ်။ သူဟာ ဗုဒ္ဓ ၀င်စားဆိုတာက တရားထိုင်နေရုံ ဘာမှ မစားပဲနေရုံလောက်နဲ့ မလုံလောက်ဘူးလို့ ဆိုပါတယ်။ ဗုဒ၀င်စား ကတော့ ဒီလိုစွပ်စွဲချက်တွေကို ဘာမှာ မတုန့် ပြန်ဘူး လို့ ဆိုတယ်။ သူကို ဖူးမျော်ဖို့ လာတဲ့ ချီတဲ့ သူတွေ တန်းစီနေတဲ့ လိုင်းကတော့ ထောင်နဲ့ ချီပြီးရည်လျား နေတယ်။
မြန်မာပြည်ကို  နိပေါက ဗုဒ္ဓ အလောင်းအလျာ ရောက်သွားရင်တော့ ........................။


Summary

မူရင်း=http://komoethee.blogspot.com/2008/11/blog-post_3969.html
-----------------------------------------------------------------

4 comments:

  1. ရူးပါ့ မြန်မာပြည်လာရင် ဗုဒ္ဓ အယောင်ဆောင်မှုနဲ့ ထောင်ထဲထည့်လိုက်မယ် ဘုရားရှင်တော် ဗုဒ္ဓက နိဗာန်စံဝင်သွားပြီ ဘုရားတရားတော်နဲ့လည်း မညီ ဆန့်ကျင်မှားယွင်းတဲ့ အယူဆနဲ့ လူလိမ်တွေ၊ ယုံကြည်သူတွေက လည်းဗုဒ္ဓတရားတော်ကို သေချာမသိလို့ရယ် ရူးနေ ဦးဏှောက်မရှိလို့ရယ် ပဲ ဖြစ်မယ်

    ReplyDelete
  2. မဖြစ်သင့်တဲ့ကိစ္စပဲ ထေရ၀ါဒ ဗုဒ္ဓဘာသာမှာ အဲလိုအယူအဆမျိုးဟာ မိစ္ဆာဒိဌိ အယူမျှသာဖြစ်တယ်
    ပါးချည်းအချက်နှစ်ဆယ်လောက်ဖြတ်ရိုက်ပလိုက်ချင်တယ်
    ဗုဒ္ဓဘာသာ တရပ်လုံးအတွက် တော်တော်အကျဉ်းတန်တဲ့ ကိစ္စဖြစ်တယ် ကျွန်တော်တို့ ရဲ့ မြတ်ဗုဒ္ဓဟာစင်္ကြာဝဠာ တိုက်တသောင်းမှာတုမရှိအတူမရှိဖြစ်ပါတယ်....

    ReplyDelete
  3. မထင်ပြီးရင်း မထင်ပေါ့ဗျာ... ဗုဒ္ဓက ပြန်ဝင်စားမှတော့ ဗုဒ္ဓက နိဗ္ဗာန်မရောက်တော့ဘူးပေါ့.... ဟုတ်လား... ဗုဒ္ဓဟောသွားတဲ့ နိဗ္ဗာန်ဆိုတာ မရှိဘူးလို့ သူကိုယ့်သူ လိမ်ရာကျပေတော့မယ်.... ဘယ်လိုနည်းနဲ့မှ လူပြန်မ၀င်းစားနိုင်ပါ... ကြမ်းတော်တွေမှာလဲ... လူပြန်ဝင်စားမယ်လို့ တစ်လုံးမှ မပါလောက်ပါဘူးဗျာ... သေချာ ပြန်ဖတ်ကြည့်ပါဦး...
    အဲ့လိုသာဆို နိဗ္ဗာန် ဆိုတာ ပိတ်ကန်ချင်စရာ ဖြစ်တော့မယ်ကွာ... ဒုက္ခပဲ..

    ReplyDelete

Related Posts Plugin for WordPress, Blogger...