ဧဒင်အချစ်ပုံပြင်: ဦးဂျမ်းချည်ချောလုံချည်ပိုင်ရှင် ဦးဂျမ်း ကွယ်လွန်

Wednesday, 16 May 2012

ဦးဂျမ်းချည်ချောလုံချည်ပိုင်ရှင် ဦးဂျမ်း ကွယ်လွန်

မေလ(၁၅)ရက်နေ့ နံနက်(၁၀)နာရီခန့်က ဦးဂျမ်းချည်ချောလုံချည်ပိုင်ရှင် ဦးဂျမ်းသည် အမရပူရမြို့ နေအိမ်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
အိန္ဒိယ ချည်ချောလုံချည်များ မြန်မာနိုင်ငံတွင်အ၀တ်များသည့်ကာလတွင် မြန်မာများ မြန်မာ့ လုံချည် ၀တ်နိုင်ရန် ပြည်တွင်းဖြစ်ကိုအသုံးပြုနိုင်ရန် ပြန်လည်ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်ပြီး သွင်းကုန်အစားထိုး
ထုတ်လုပ်အောင်မြင်ခဲ့သူ တစ်ယောက်အဖြစ် မှတ်တမ်းတင်ခံခဲ့ရသူလည်း ဖြစ်သည်။
ဦးဂျမ်း ကို အဘ ဦးကျော်၊အမိ ဒေါ်အေးစိန်တိုမှ အမရပူရမြို့ နယ် ၊ ရဲလွှမ်းကျော်ရွာတွင် မွေးဖွားခဲ့ပြီး၊ မွေးချင်း(၉)ယောက်အနက် တတိယမြောက်သားဖြစ်ပါသည်။
ကွယ်လွန်ချိန်တွင် အသက်(၈၅)နှစ်ရှိပြီး၊ ဇနီးဒေါ်မြရင်၊သားသမီး (၄)ယောက်၊ မြေး (၈) ယောက်ကျန်ရှိခဲ့ကြောင်း သိရသည်။
Source : Moemaka

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...