ဧဒင်အချစ်ပုံပြင်မှလှိုက်လဲစွာကြိုဆိုပါတယ်
ကမ္ဘာဒီးယားနိုင်ငံအတွင်း၌ ယခုနှစ်ငါးလတာကာလအတွင်း မိုးကြိုးထိမှန်၍
သေဆုံးသူဦးရေ ၄၇ ဦးအ ထိ ရှိခဲ့ကြောင်း၊ ဒဏ်ရာရသူမှာ ၄၀ ရှိကြောင်း
ဌာနဆိုင်ရာ အရာရှိ၍ သေဆုံးသူဦးရေ ၄၇ ဦးအ ထိ ရှိခဲ့ကြောင်း၊ ဒဏ်ရာရသူမှာ
၄၀ ရှိကြောင်း ဌာနဆိုင်ရာ အရာရှိ တစ်ဦးက မေ ၁၉ ရက်တွင် ပြောကြား သည်။
ယခုနှစ် ၂၀၁၂ ခုနှစ်အစောပိုင်းကာလများမှာပင် မိုးကြိုးထိမှန်၍
သေဆုံးသူဦးရေမှာ ၄၇ ဦးရှိပြီး ဒဏ်ရာရသူဦးရေမှာ ၄၀ ရှိကြောင်း
သဘာဝဘေးဆိုင်ရာ စီမံကိန်းခန့်ခွဲရေးအမျိုးသားကော်မတီမှ ပြော ရေးဆိုခွင့်ရှိသူ ကီဂိုဗိုင်က ပြောကြားခဲ့သည်။ ထို့အပြင် မိုးကြိုးထိမှန်၍ ကျွဲ၊ နွား ၂၇ ကောင်သေဆုံးခဲ့ ပြီး မိုးကြိုးထိ၍ ပျက်စီးသွားသည့် အိမ်သုံးအိမ်ရှိကြောင်း ကီရိုက ဆက်လက်ပြောကြားသည်။ (အင်တာနက်)
**အီတလီတောင်ပိုင်းတွင် ငလျင်လှုပ်၊ လေးဦးသေဆုံး**
(ရောမ၊ မေ ၂၀) အီတလီနိုင်ငံမြောက်ပိုင်းတွင် မေ ၂၀ ရက်အစောပိုင်းက အင်အားရစ်ခ်ျတာစကေး ၆ အဆင့်ရှိ ငလျင် လှုပ်ခဲ့ရာ လေးဦးသေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးဝန်ထမ်းများက ပြောကြားသည်။ ငလျင်ဗဟိုချက် မှာ ဘိုလော့ဂါမြောက်၊ အနောက်မြောက် ၃၅ ကီလိုမီတာအကွာ၊ မြောက်အောက်အနက် ၁၀ ကီလိုမီ တာတွင် ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။ ဒေသစံတော်ချိန် နံနက် ၄ နာရီဝန်းကျင် တွင် အဆိုပါ အားပြင်းငလျင်လှုပ်မှုကြောင့် ဘိုဘော့ဂါ၊ မိုဒီနာ၊ ဗင်းနစ်၊ ဖာရာရာ၊ ဗာရှီနာနှင့် မန်ကျူရာ မြို့များတွင် ငလျင်ဒဏ်ကို ကြုံတွေ့ခဲ့ပြီး အိပ်မောကျနေသော လူများစွာမှာလည်း လမ်းပေါ်သို့ ကသုတ် ကရက်ထွက်ပြေးကြကြောင်း သတင်းတွင်ဖော်ပြသည်။ (အင်တာနက်)
No comments:
Post a Comment