ဧဒင်အချစ်ပုံပြင်: နှယ်လှည့်ဆိုင်ကယ်သူခိုးနှစ်ဦးအားဖမ်းဆီးရမိခြင်း

Saturday 12 May 2012

နှယ်လှည့်ဆိုင်ကယ်သူခိုးနှစ်ဦးအားဖမ်းဆီးရမိခြင်း

(၉-၅-၂၀၁၂)ရက်နေ့တွင်တာဝန်သိပြည်သူတယောက်၏သတင်းပေးမှုကြောင့်နယ်လှည့်ဆိုင်ကယ်သူခိုးများ
ဖြစ်ကျသောကျော်စိုးနှင့်စိုင်းထွေးအောင်တို့နှစ်ဦးကိုPVAအမှတ်(၇)ဒေသ၊မယ်ပမှဒေသဦးဆောင်ကော်မတီ
(၁) ကိုကျော်ထက်နှင့်အဖွဲ့ဝင်များကသက်သေနှင့်တကွဖမ်းဆီးပေးနိုင်ခဲ့သည်။ဖြစ်စဉ်မှာ၎င်းတို့နှစ်ဦးသည် (၈-၅-၂၀၁၂)ရက်နေ့ည(၁၂း၀၀)နာရီခန့်တွင်မယ်ပ(၁)ရပ်ကွက်ရှိ(Golden New)ဟော်တယ်ရှေ့တွင် ရပ်ထားသောဟော်တယ်ဝန်ထမ်း၏ဆိုင်ကယ်(W-100)ပုံစံပြောင်းခဲအမည်း(821)ဆိုယ်ကယ်အားခိုးယူပြီး မယ်ပတောရကျောင်းရှေ့မအေးတန်းလျားအနီးရှိခေါင်မိုးနီးနှင့်တိုက်ကြီး၏အောက်ထပ်အိမ်သာထဲတွင် ဖွက်ထားခဲ့ပါသည်။ထို့နောက်(၉-၅-၂၀၁၂)ရက်နေ့၊ညနေ(၃း၀၀)နာရီခန့်တွင်၊၎င်းတို့နှစ်ဦးသည် ဆိုင်ကယ်
နံပါတ်ပြားဖြုတ်ရန်ဂွလိုက်လံငှားရမ်းရာတာဝန်သိပြည်သူတစ်ဦးမှတွေ့ရှိသတင်းပေးမှု ကြောင့်PVAအဖွဲ့ဝင်
များကသွားရောက်စုံစမ်းကြည့်ရူ့ခဲ့ရာအခိုးခံရသောဆိုင်ကယ်ဖြစ်နေကြောင်း တွေ့ရှိရပါသဖြင့်ပြည်သူ့
စေတနာ့ဝန်းအသင်း(P.V.A)အမှတ်(၇)မယ်ပမှဒေသဦးဆောင်ကော်မတီ(၁)ဦးကျော်ထက်ခေါင်းဆောင်သော
အဖွဲ့ဝင်များက၀င်ရောက်ဖမ်းဆီးရာခိုးရာပါဆိုင်ကယ်၏နံပါတ်ပြား ဖြုတ်နေစဉ်မှာပင်၎င်းဆိုင်ကယ်နှင့်အတူ၊
သူခိုးများဖြစ်ကြသောကျော်မိုးနှင့်စိုင်းထွေးအောင်တို့ကိုလက်ရဖမ်းဆီးမိခဲ့ပြီးထိုင်းနိုင်ငံအာဏာပိုင်များထံသို့
ဆက်လက်အရေးယူနိုင်ရန်အပ်နှံပေးခဲ့ပါသည်။
From May 12, 2012

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း

1 comment:

  1. သူတပါးပစ္စည်းအလကားလိုချင်တဲ့သူတွေကိုအပြစ်ပေးတာ
    အကောင်းဆုံးပါပဲ လက်ကောင်းခြေကောင်းကြီးနဲ့ ကျန်းကျန်းမာမာကြီး
    ရိုးရိုးသားသားလုပ်စားစမ်းပါအေ

    ReplyDelete

Related Posts Plugin for WordPress, Blogger...