အသက် ငယ်ငယ်လေးနဲ့ ဘာသာရေး စိတ်ဝင်စားနေတဲ့ နေယံရဲ့ သဘောထားကို သိပါရစေ။
ဘာသာရေးကတော့ ငယ်ငယ်ကတည်းက လုပ်ဖြစ်တာ ပေါ့နော်။ ငယ်ငယ်တုန်း ကတည်းက အိမ်မှာမိဘတွေ အဘိုးအဘွား တွေနဲ့ နေ လာတဲ့အခါကျတော့ ဘုရားရှိခိုးဖို့ ကအစ ဂါထာတွေ သင်ပေးတဲ့အခါ ဂါထာတွေ တော်တော် များများလည်း ငယ်ငယ်ကတည်းက ရတယ်။ အဲဒီလိုနဲ့
ရှင်သန်လာတာကို ပတ်ဝန်းကျင် မှာလည်း အခုချိန်ထိ အေး အေးချမ်းချမ်းနဲ့ တည်တည်ငြိမ်ငြိမ် အချိန်တွေကြာဖြတ်သန်းလာတဲ့ အခါကျတော့ ဘုရား၊ တရားရယ်၊ နှလုံးသားငြိမ်းချမ်းမှု တကယ့်ကို ငြိမ်းချမ်းတဲ့ အရာတစ်ခုကို ငယ်ငယ်ကတည်းက သိထားတော့ ဘာသာရေးကို လုပ်ဖြစ်တာပေါ့နော်။ တတ်နိုင်သေလာက်လုပ်ဖြစ်ပါတယ်။ တစ်ခါတလေ ကျတော့လည်း ကိုယ်က လုပ်ချင်ပေမယ့် စိတ်ကပြည့် ပြည့်ဝ၀မရှိတဲ့အချိန်ကျ မလုပ်ဖြစ်ဖူးပေါ့။ တရားစခန်းဝင်တာတို့၊ ဘုန်းကြီးဝတ်တာတို့ လုပ်ချင်တယ်။
ဘဝမှာ ဘယ်လိုမျိုး မိန်းမကို အမုန်းဆုံးလဲ။
အမုန်းဆုံးဆိုတာမရှိတော့ ဘယ်လိုမျိုးမိန်းမကိုမုန်းလဲဆိုတာ မသိဘူး။ အခုချိန်ထိ အမုန်းဆုံးမိန်းမသားဆိုတာကတော့ မရှိပါဘူး။
ကိုနေယံဘဝမှာ စိတ်ပျက်စရာကောင်းလောက်တဲ့ မိန်းမ မျိုးနဲ့ကြုံဖူးလား။
အဲဒီလောက်ကြီး ဆိုးဆိုးရွားရွားကြီးတော့ မကြုံခဲ့ဘူးဗျ။ ကျွန် တော်ပဲ ကံကောင်းသေးလို့လားတော့မသိဘူး။ ဆိုးဆိုးရွားရွားကြီး စိတ်အနှောင်အယှက်ဖြစ်စေမယ့်၊ စိတ်ပျက်စရာကောင်းတဲ့မိန်းမမျိုးနဲ့ တော့ မကြုံဖူးဘူးဗျ။
နေယံ အကြောင်းတစေ့တစောင်းလေး ဖတ်ခဲ့ပါတယ်
ReplyDelete