ဧဒင်အချစ်ပုံပြင်: ဗီဒီယိုလောက အတွက် သက်မွန်မြင့်ရဲ့ ရင်ဖွင့်စကား

Thursday 3 May 2012

ဗီဒီယိုလောက အတွက် သက်မွန်မြင့်ရဲ့ ရင်ဖွင့်စကား


ကိုယ့်အနေအထားနှင့် ကိုယ်ရုန်းနေရသည့် အတွက် ရုပ်သံစီးရီး တစ်ခု တည်းနှင့် သွားလို့မရနိုင်ကြောင်း အကယ်ဒမီ သက်မွန်မြင့်က ဆိုသည်။  လက်ရှိ ဗီဒီယိုလောက ၏ ဖြစ်နေသော ဂယက်တစ်ခုမှာ ရုပ်သံ ဇာတ်လမ်းတွဲများ ရိုက်ကူးစေချင်ပြီဆိုသည့် အပေါ် အကယ်ဒမီ သက်မွန်မြင့်ရဲ့ အမြင်ကိုမေးကြည့်တော့ လက်ရှိရုပ်ရှင်လောက၏ အခြေအနေ နှင့် ပတ်သက်၍ ၄င်းက ”ဒီ ရုပ်ရှင်လောကက အဲဒီလို ဖြစ်နေတာကျတော့ ကိုယ်လည်း  စိတ်မကောင်းဘူးပေါ့နော်။
ကိုယ်တွေလည်း ဘယ်လိုလုပ်ပေးလို့ ရမလဲ စဉ်းစားတယ်။ အဓိက ကတော့ ဒီဈေးကွက်လေး ယိုင်သွားတာ။ ဒီအပေါ်မှာ ဖြစ်သွားတာပေါ့နော်။ ဒါတွက်ကို အကုန်လုံး ဝိုင်းဝန်းပြီး ကြိုးစားချင်တာ။ ကိုယ်တွေ လည်း တစ်ပတ်တစ်ကား ဘယ်လို လုပ်ရင် ကောင်းမလဲ။ မင်းသမီးက ဘာလုပ်ပေးလို့ ရမလဲပေါ့။ တစ်ခုရှိတာက မြန်မာနိုင်ငံမှာ မင်းသမီးဈေးကွက်ဆိုတာ နည်းတယ်။ အဓိက မင်းသား ဈေးကွက်နဲ့ သွားနေတဲ့ အခါကျတော့ သူတို့က အဓိကပေါ့နော်။ ကိုယ်တွေ က ဘေးကနေလိုက်ပြီး ကူညီပေးလို့ပဲရမှာ။ ပရိုဂျူဆာနဲ့ မင်းသားတွေက အဓိကကြိုးစားပေးရမှာပေါ့” ဟု ဆိုသည်။ ”ရုပ်သံဇာတ်လမ်းတွဲ ရိုက်စေချင်ပြီ ဆိုတာကိုတော့ စိတ်ဝင်စား ပါတယ်။ ရိုက်လည်းရိုက်စေချင်တယ်။ ကိုယ်တွေလည်း မလုပ်နိုင်ဘူး မဟုတ်ဘူး။ လုပ်နိုင်တယ်။ တစ်ခုရှိတာ ဘာကွာသလဲဆိုတော့ ဈေးကွက် ကွာသွားတာပေါ့။ တခြားနိုင်ငံမှာ စီးရီးရိုက်တယ်ဆိုတာက သူတို့ အချိန် အများ ကြီးပေးတယ်။ သူတို့ပေးတဲ့အချိန်နဲ့ တန်အောင်လည်း သူတို့ရတယ်။ ကိုယ်တွေက အဲဒီလိုမျိုး မရဘူး။ ကိုယ်တွေလည်း ကိုယ့်အနေအထားနဲ့ ကိုယ်တွေ ရုန်းနေရ တယ်ဆိုတော့ စီးရီးတစ်ခုတည်းနဲ့ သွားလို့ မရဘူးပေါ့ နော်။ ညီတူညီမျှ ဆိုရင်တော့ ပိုကောင်းမှာပေါ့”ဟု ၄င်းကဆိုသည်။
ဝဿန်    

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...