Wednesday, 9 May 2012
ကဆုန်လပြည်နေ့ မဟာကျိန်သစ္စာရှင်ဘုရား၊ ရန်ကုန် ထူးဆန်းသောဖြစ်ရပ်တစ်ခု
ယနေ့ ကဆုန်လပြည်နေ့(၀၅-၀၅-၂၀၁၂) တွင် ရန်ကုန်မြို့ မြောက်ဥက္ကလာပရှိ မဟာကျိန်ဘုရားကြီး၌ ထူးဆန်းသော
ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။
၀၄-၀၅-၂၀၁၂ နေ့ညနေဘက်တွင် တချို့သော ဘုရားဖူး ရဟန်း၊ ရှင်လူ၊ ပြည်သူများ ဘုရားလာဖူးယင်း အမှတ်တရ
ဓါတ်ပုံများ ရိုက်ကူးပြီးနောက် မိမိတို့၏ ဓါတ်ပုံများထဲတွင် နတ်ဘီိးလူးကြီးတစ်ပါးမှ မဟာကျိန်ဘုရားကြီး
တည်ထောင်သူ ဆရာတော် အရှင်ကုလရက္ခိတ၏ ရုပ်တုအား ပန်းအိုးလာရောက်ဆက်သက်နေသည်ကို
ပုံပါအတိုင်း
ထူးဆန်းစွာ တွေ့ရသည်။ အောက်ပါပုံမှာ ယခုနှစ်ဆယ်တန်းဖြေဆိုထားသော မောင်အဲထူးနောင်မှ
သူငယ်ချင်းနှင့်အတူ ဘုရားလားဖူးယင်း သူ၏မိုဘိုင်းဖုန်းဖြင့် ရိုက်ကူထားသောပုံဖြစ်သည်။ အခြားဘုရားဖူးများမှလည်း
၎င်းတို့၏ ဓါတ်ပုံများတွင် ဆရာတော်ကြီးလား ပန်းဆက်သက်နေသော နတ်ဘီလူးပုံကို ထူးဆန်းစွာ မြင်တွေ့ရသဖြင့်
ယနေ့နံနက်တွင် ဆရာတော်ကြီးအား ၄င်းတ့ရိုက်ကူးထားသော ပုံများအားလာရောက်ပြသကြကြောင်းသိရသည်။
အမှန်မှာ ဆရာတော်ကြီး၏ ရုပ်တုတ၀ိုက်တွင်မည်သည့်ပန်း ၊ ပန်းအိုးမှရှိချေ။ ၄င်းနတ်ဘီလူးကြီးပုံသည်
ဓါတ်ပုံထဲတွင်သာ ထင်ခြင်းဖြစ်ကြောင်းထူးဆန်းစွာသိရှိရသည်။
မေတÅာဖြင့်
Subscribe to:
Post Comments (Atom)
ဒီမဟာကျိန်သစ္စာရှင်ဘုရားကြီးတည်ဆောက်တဲ့အချိန်တည်းက မပြီးခင်ကတည်းက ဒီဘုရားရှင်ကိုကြည်ညိုနေခဲ့မိတာပါ ခုလို online ပေါ်မှာ တွေ့ရတော့အရမ်းဝမ်းသာမိပါတယ် ပြိးတော့ ကုသိုလ်ပါဝင်နိုင်ဖို့ကိုလည်းအမြဲကြိုးစားနေပါတယ်.........
ReplyDeleteခုလို တင်ပြပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်
ပိုပြီးကြည်ညိုသည်ထက် ကြည်ညိုမိပါသည်၊