အစီအစဉ် အဖြစ် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ၁၄ မြို့နယ် အတွက် မော်တော်ဆိုင်ကယ် လိုင်စင်များအား ဇွန်လ ၅ ရက်နေ့မှ စ၍ ထုတ်ပေးခဲ့ ကြောင်း သိရသည်။
အဆိုပါမြို့နယ်များ မှာ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူး၊ ထန်းတပင်၊ ကိုကိုးကျွန်း၊ ဒလ၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်များဖြစ်ကြပြီး လိုင်စင်ပြုလုပ်လိုသူများအနေဖြင့် အကောက်ခွန် သတ် မှတ်ကာလတန်ဖိုး၏ ငါးရာခိုင်နှုန်း၊
ကုန်သွယ်လုပ်ငန်းခွန် သတ်မှတ်ကာလ တန်ဖိုး၏ ငါးရာခိုင်နှုန်း၊ အာမခံပရီမီယံကြေး ၂၅၅၀ ကျပ်နှင့်မှတ် ပုံတင်ကြေး ၂၂၀ဝ၀ ကျပ်တို့ပေး သွင်းရမည်ဖြစ်ကြောင်း သိရသည်။
ယခုစီမံကိန်းအား ဇွန်လ ၅ ရက်နေ့မှ အောက်တိုဘာလ ၄ ရက်နေ့အထိ လေးလကြာ ဆောင်ရွက်သွားမည် ဖြစ်ပြီး သတ်မှတ်ကာလကျော်လွန် သွားပါက လိုင်စင်မဲ့ ဆိုင်ကယ်များအား နိုင်ငံပိုင်အဖြစ် သိမ်းယူသွားမည်ဖြစ် ကြောင်း သိရသည်။
No comments:
Post a Comment