ဧဒင်အချစ်ပုံပြင်: အတင်းအကျပ် ကိုယ်ဝန်ဖျက်ချစေခြင်း အပေါ် တရုတ်အရာရှိများ တရားဝင် တောင်းပန်

Thursday 21 June 2012

အတင်းအကျပ် ကိုယ်ဝန်ဖျက်ချစေခြင်း အပေါ် တရုတ်အရာရှိများ တရားဝင် တောင်းပန်

တရုတ် အမျိုးသမီး တစ်ဦးအား အတင်းအကျပ် ကိုယ်ဝန် ဖျက်ချစေခဲ့ခြင်း
အပေါ် တရုတ် အရာရှိများက တရားဝင် တောင်းပန်ခဲ့ကြပြီး တာဝန်ရှိသူ သုံးဦးအား ရာထူးမှ ရပ်စဲထား လိုက်ပြီဟု တရုတ်နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြထားသည်။
အတင်းအကျပ် ကိုယ်ဝန်ဖျကချခံရသော Feng Jianmei နှင့် ၄င်း ၏ သန္ဓေသားအသေအား ယှဉ်တွဲ ထားသောဓာတ်ပုံများ အင်တာ နက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့ပြီးနောက် တွင်မှ တရုတ်အစိုးရက စုံစမ်းစစ် ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။Shaanxi ပြည်နယ် Zhenping ခရိုင်တွင် နေထိုင်သော Feng Jianmei သည် ကိုယ်ဝန် ခုနစ်လအရွယ်တွင် အတင်းအကျပ် ကိုယ်ဝန်ဖျက်ချခြင်း ခံခဲ့ရသည်ဟု စုံစမ်းစစ်ဆေး သိရှိခဲ့ရသည်ဟု အစိုး ရက သတင်းထုတ်ပြန်သည်။
“တရုတ်နိုင်ငံတွင် ပြဋ္ဌာန်းထား သောဥပဒေများအရ ကိုယ်ဝန် ဆောင်ကာလ ခြောက်လအထိ
ကိုယ်ဝန်ဖျက်ခွင့်ရှိပြီး ခြောက်လ ထက်ကျော်လွန်သွားပါက ဖျက်ချခွင့် မရှိတော့ပေ။ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ တင်ပြချက်အရ အပြစ်ရှိသူ သုံးဦးအား ရာထူးကရပ်ဆိုင်းထားပြီး ပြီဟု အစိုးရမှ သတင်းထုတ်ပြန် ထားသည်ဟု ဆင်ဟွာသတင်းတစ် ရပ်တွင် ဖော်ပြထားသည်။
ခရိုင်အုပ်ချုပ်ရေး အရာရှိများ ကMs. Feng နှင့် သူမ၏ မိသား စုကိုတရားဝင်လာရောက် တောင်း ပန်ခဲ့သည်ဟု သတင်းစာများတွင် ရေးသားဖော်ပြထားသည်။ သူမသည်Zhenping ခရိုင် အတွင်းရှိ ဆေးရုံတစ်ရုံ၌ ဇွန်လ ၂ ရက်က ကိုယ်ဝန်ဖျက်ချခြင်း ခံခဲ့ရသည်ဟု ဆိုကြသည်။
တရုတ်၏ တစ်အိမ်ထောင်ကလေးတစ်ယောက် စနစ်အရ သူမတွင် သမီးတစ်ဦး ရှိ ထားပြီးဖြစ်သဖြင့် ဒုတိယသားသမီး တစ်ဦး မွေးခွင့်မရှိတော့ပေ။ သူမ အနေနှင့် ဒုတိယကလေးမွေးရန် အစိုးရဒဏ်ကြေးငွေကို ပေးဆောင် ရန်မတတ်နိုင်၍ ယခုကဲ့သို့ကိုယ်ဝန် ဖျက်ချခြင်းကို သဘောတူလက် ခံခဲ့ရခြင်းဖြစ်ကြောင်း လူ့အခွင့်အရေး တက်ြွကလှုပ်ရှားသူများကဆိုကြသည်။
ကျော်ရဲလင်း Ref: BBC.
Popular News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...