Friday, 8 June 2012
စစ်ပွဲတစ်ပွဲ၊ ဓာတ်ပုံတစ်ပုံနဲ့ ကျိုးပျက်မသွားတဲ့ ဘ၀တစ်ခု
By Myanmar Journalist ဒီပုံထဲမှာတော့ ဒီမိန်းကလေး ငယ်ဟာ အမြဲ အသက်ကိုးနှစ်
အရွယ်ဖြစ်နေမှာဖြစ်ပြီး “အရမ်းပူတယ် အရမ်းပူတယ်”လို့လည်း အမြဲအော် ဟစ်နေမှာဖြစ်ပါတယ်။
သူ့ခန္ဓာကိုယ် ပေါ်မှာကပ်နေတဲ့ ပျစ်ချွဲချွဲအရာတွေ အရည်ပျော်ကျတဲ့နောက်လည်း သူဟာ အမြဲ
ဝတ်လစ်စလစ်နဲ့ ပြေးလွှားနေဦးမှာဖြစ်ပါတယ်။
ဒီမိန်းကလေးဟာ လူမသိသူ မသိ ခံစားခဲ့ရသူတွေထဲက တစ်ဦး လည်း အမြဲဖြစ်နေပါလိမ့်မယ်။
လွန်ခဲ့တဲ့ အနှစ် ၄၀ လောက် က “အေပီ”သတင်းဌာနရဲ့ ဓာတ်ပုံ သတင်းထောက် ဟွန်ကောင်း (ခေါ်)
“အွတ်”ဟာ ဒီသမိုင်းဝင်အဖြူအမည်း ဓာတ်ပုံလေးကို ရိုက်ယူလိုက်ဖို့ရာ မျက်စိတစ်မှိတ်လောက်ပဲ
ကြာခဲ့ပါ တယ်။ ဒါပေမဲ့ စကားလုံးတွေနဲ့ ပြောဖို့မဖြစ်နိုင်တဲ့ ဗီယက်နမ်စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေကို ဒီ
ဓာတ်ပုံလေးက တစ်ကမ္ဘာလုံးသိအောင် ပြောပြနိုင်ခဲ့ပါတယ်။ ဒါနဲ့ပဲ အမေရိကန်သမိုင်းတစ်လျှောက်
သဘောထားအကွဲလွဲ ခဲ့ဆုံး စစ်ပွဲကိုလည်း အဆုံးသတ်ပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဒီဓာတ်ပုံရဲ့နောက် ကွယ်မှာတော့ လူသိပ်မသိတဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိပါတယ်။ ဒါကတော့
သေလုမြောပါးခံစားခဲ့ရတဲ့ ကလေး ငယ်တစ်ဦးနဲ့ လူငယ်ဓာတ်ပုံဆရာ တစ်ဦးတို့ အမှတ်မထင် ကြုံဆုံခဲ့ရာ
က စခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ ကလေးငယ်ရဲ့ ဘ၀ခရီးမှာ သူ့ကို ကယ်တင်မယ့်သူရော ကျိန်စာတခုပါ
ဖြစ်လာမယ့် စစ်ပွဲတစ်ခုရဲ့ ဗရုတ် သုက္ခကာလအတွင်း အမိအရဖမ်းယူနိုင် ခဲ့တဲ့ တစ်ခဏတာလို့
ဆိုရင်လည်း မမှားဘူးပေါ့။
“အဲဒီ မိန်းကလေးငယ်ရဲ့အဖြစ်ကနေ ကျွန်မ အမြဲပဲပြေးထွက်သွား ချင်ခဲ့တယ်။ ဒါပေမယ့် အဲဒီဓာတ်ပုံ
ဟာ ကျွန်မကို လုံးဝပေးမသွားမယ့် ပုံပေါက်နေတယ်””လို့ အခု အသက်၄၉ နှစ်ရှိပြီဖြစ်တဲ့ ကင်မ်ဖု
ကပြော ပါတယ်။ ၁၉၇၂ ခုနှစ် ဇွန်လ ၈ ရက်နေ့
မှာ ဖုဟာ စစ်သားတစ်ယောက်ရဲ့ ““ဗုံးတွေကြဲဖို့လာနေပြီ။ ပြေး ပြေး သေကုန်လိမ့်မယ်”” ဆိုတဲ့ အော်သံကို
ကြားလိုက်ရပါတယ်။
စက္ကန့်အနည်းငယ်အကြာမှာ အ၀ါနဲ့ခရမ်းရောင် မီးခိုးဗုံးတွေ သူနဲ့သူ့မိသားစု သုံးရက်တိုင် ပုန်းခိုခဲ့တဲ့
ကောက်တိုက် ဘုရားကျောင်းနားမှာ ၀ဲပျံနေတာ ဖု တွေ့လိုက်ရပါတယ်။ တောင်နဲ့ မြောက်ဗီယက်နမ်တပ်တွေ
သူတို့ရွာလေးကို ထိန်းချုပ်ဖို့ အပြိုင်
ကြိုးပမ်းနေကြတဲ့ကာလပါ။ ဖုဟာ ခေါင်းပေါ်မှာ ကျယ် လောင်တဲ့အသံကြားလိုက်ရလို့ ဇက် ပြန်လည်ပြီး
မော့ကြည့်လိုက်တယ်။
တောင်ဗီယက်နမ်ဘက်က ဗုံးကြဲ လေယာဉ်ဟာ ပိုနီးကပ်လာပြီး အသံ ကလည်း ပိုဆူညံလာစဉ်မှာ လေ ယာဉ်ဟာ
သူ့ဆီကိုထိုးစိုက်ဆင်း လာပြီး ဖင်ပြန်ခေါင်းပြန် ကျလာတဲ့ ဥတွေအလား ဗုံးဆံတွေကိုကြဲချ လိုက်ပါတယ်။ မြေပြင်ဟာ
သိမ့်သိမ့်တုန်သွား
ပြီး မီးဖိုပေါင်းတစ်ရာလောက်နဲ့ညီမယ့် အပူလှိုင်းတစ်ခုဖြတ်သွား ပါတယ်။ လိမ္မောရောင်မီးတောက် တွေက
အရပ်ရှစ်မျက်နှာဆီ ပြေး ထွက်ခုန်ပေါက်လို့ပါ။
မီးက ဖုရဲ့ဘယ်ဘက်လက်မောင်းပေါ် တက်ဟပ်ပါတယ်။ သူ့ရဲ့ ချည်သားအင်္ကျီလည်း မီးနဲ့ထိတာနဲ့ အငွေ့ပျံသလို
ပျောက်ထွက်သွားပါ တယ်။ သစ်ပင်တွေက မုန်ယိုနေတဲ့ မီးတုတ်ကြီးတွေလိုပါပဲ။ မီးလောင် ခံရတဲ့ခံစားမှုက
ဖုရဲ့အရေပြားတွေ၊ ကြွက်သားတွေကို ကိုက်ခဲနာကျင်သွားစေပါတယ်။
“ငါတော့အရုပ်ဆိုးတော့မှာပဲ။ ဘယ်တော့မှ ပုံမှန်လူလိုဖြစ်တော့ မှာမဟုတ်ဘူး။ လူတွေရဲ့အမြင်မှာ ငါဟာ တမူ
ထူးခြားနေတော့မယ်”” လို့ သူ့ရဲ့ဘယ်ဘက်လက်ကို ညာ ဘက်လက်က အမြန်အမြန်ပွတ်သပ်ချနေရင်း ဖု တွေးလိုက်တယ်။
ကြောက်အားလန့်အားနဲ့ ဖု ဟာ အမှတ်(၁) အမြန်လမ်းမကြီးအတိုင်းသူ့အစ်ကိုရဲ့နောက်ကနေ ပြေးထွက်
လာခဲ့မိတယ်။ သူ ဦးတည်ပြီး အော်ဟစ်ပြေးထွက်သွားတဲ့ဘက်မှာ နိုင်ငံခြားသတင်းထောက်တွေ ရှိနေတာ ကို သတိမ
ထားမိခဲ့ပါဘူး။ ဒီ့နောက်ဖုလည်း သတိမေ့သွားခဲ့ပါတယ်။
ဖုရဲ့ဓာတ်ပုံကို ရိုက်ယူခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် ဗီယက်နမ် ဓာတ်ပုံဆရာ “အွတ်”ဟာ ဖု ကို ဆေးရုံးငယ်လေးတစ်ခုဆီ
ကားနဲ့ မောင်းခေါ်သွားပါတယ်။ ဟိုရောက် တော့ ပြောတာက ကလေးမအခြေ အနေက သိပ်ဆိုးနေပြီ မရတော့ဘူးတဲ့။
ဒါပေမယ့် သူက သူ့ရဲ့ အမေ ရိကန်သတင်းထောက်ကတ်ပြားကို ပြလိုက်ပြီး ဒီကလေးကို ကုသပေးဖို့ ပစ်မထားဖို့ ပြောဆိုခဲ့ပါတယ်။
“သူ ပြေးထွက်လာတာ မြင် တော့ ကျွန်တော်ငိုမိတယ်””လို့ အွတ်က ပြောပါတယ်။ သူ့အစ်ကိုက မဲခေါင်မြစ်ဝကျွန်းပေါ်တောင်ပိုင်းကို
အေပီသတင်းဌာနအတွက် အလုပ် လုပ်ပေးဖို့သွားရင်း အသက်ဆုံးခဲ့ တာပါ။
“ဒီကလေးမကို ကျွန်တော် မကယ်လိုက်လို့ တစ်ခုခုဖြစ်ပြီး သူ သေသွားခဲ့ရင် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သတ်မိမလားပဲ”
အဲဒီအချိန်က အမေရိကန်တို့ ထိန်းချုပ်ခံ ဆိုင်ဂုံက ရုံးခန်းကိုပြန် ရောက်တော့ သူ့ဖလင်လိပ်ကို ဆေးပါတယ်။
ကိုယ်မှာအ၀တ်မပါတဲ့ အဲဒီ ကလေးမရဲ့ပုံကိုမြင်တော့ အားလုံး က ပြောကြတယ်။ ဒီပုံကို သတင်း ဌာနက ၀တ်
လစ်စလစ်ပုံတွေနဲ့ဆိုင် တဲ့ သူ့တို့ရဲ့မူနဲ့ငြိလို့ သုံးမှာမဟုတ် ဘူးပေါ့။ ဒါပေမယ့်လည်း ၀ါရင့် သတင်းဓာတ်ပုံအယ်ဒီတာ
ဖော့စ် ဟတ်စ်က တစ်ချက်ပဲကြည့်လိုက်ပြီး ဒီပုံဟာ စည်းကမ်းချက်ကိုသွေဖည် ရမယ့်ပုံပဲလို့ သဘောပေါက်လိုက် ပါတယ်။
ဒီပုံရဲ့သတင်းတန်ဖိုးဟာ တခြားဟာတွေထက် ပိုလွန်ကဲနေတဲ့ အကြောင်း ဆွေးနွေးရာမှာတော့ သူ့စကားကို လက်ခံခဲ့ကြပါတယ်။
တစ်ကမ္ဘာလုံးကို ဒီဓာတ်ပုံက ကိုင်လှုပ်ခဲ့ပြီး နှစ်ရက်အကြာမှာ ဒီ မိန်းကလေးဟာ အသက်မသေဘူး ဆိုတာ တခြား
သတင်းထောက်တစ် ယောက်က တွေ့ရှိခဲ့ပါတယ်။ ဗြိတိသျှအင်ဒီပင်းဒင့်ရုပ်သံကွန်ရက် သတင်းထောက် ခရစ္စတိုဖာ
ဝိန်း ဟာ သူ့ရဲ့ခရီးဆောင်ရေဗူးကနေ ဒီ ကလေးမကို ရေတိုက်ခဲ့သလို သူ့ရဲ့ မီးသင့်ကျောပြင်ပေါ်ကိုလည်း ရေ စက်
ချပေးခဲ့သူပါ။ ဒါ့ပြင် ဖုကို အမေရိကန်တွေရဲ့ ဘတ်စကီးယူနစ်ဆီ သယ်သွားပေးဖို့ကိုလည်း အသည်း အသန်ပြောခဲ့သူပါ။
အဲဒီမှာက ဖုရဲ့ ဒဏ်ရာတွေကိုဆေးကုဖို့ ကိရိယာအစုံအလင်ရှိတဲ့ ဆိုင်ဂုံရဲ့တစ်ခု တည်းသောဆေးခန်းရှိပါတယ်။
“ကျွန်မ ဘယ်ရောက်နေလဲ၊ ဘာဖြစ်ခဲ့လဲ ကျွန်မမသိပါဘူး။ ကျွန်မ သတိရလာတော့ ဆေးရုံရောက် နေတယ်။ နာလည်း
အရမ်းနာတယ်။ သူနာပြုတွေက ကျွန်မအနားမှာ ၀ိုင်းလို့။ ထိတ်လန့်တုန်လှုပ်မှုကြီးစွာနဲ့ ကျွန်မ သတိရလာခဲ့တယ်””လို့ ဖု
က ပြန်ပြောပြပါတယ်။
ဖုရဲ့ ခန္ဓာကိုယ်သေးသေးလေး ရဲ့ သုံးဆယ်ရာခိုင်နှုန်းလောက်ဟာ တတိယအဆင့် မီးလောင်ကျွမ်းခံခဲ့ရပေမယ့် မျက်နှာ
ကတော့ အလောင်မခံခဲ့ရပါဘူး။ အချိန်ကြာတာနဲ့အမျှ ဖုရဲ့ ပျော်ကျနေတဲ့အသားတွေ လည်း ပြန်ကျက်လာခဲ့ပါတယ်။
“မနက်တိုင်း မနက်၈ နာရီဆို သူနာပြုဆရာမက ကျွန်မရဲ့ မီးလောင်ထားတဲ့ နေရာတွေကို ရေ ဆေးပေးပြီး အသားမာတွေကို
ညှပ် ထုတ်ပစ်ပါတယ်။ ကျွန်မမှာ ငိုရ တယ်။ မခံနိုင်တော့တဲ့အခါ ကျွန်မ သတိလစ်သွားတော့တာပဲ”
အသားအစားထိုးကုသမှု၊ ခွဲစိတ်ကုသမှုပေါင်း မြောက်များစွာလုပ်ပြီး နောက်၊ ဗုံးကြဲတဲ့နေ့ကနေ ၁၃ လ အကြာမှာတော့
ဖုကို ဆေးရုံကနေ ဆင်းခွင့်ပေးလိုက်ပါတယ်။ အဲဒီ အချိန်မှာ ပူလစ်ဇာဆုရပြီးဖြစ်တဲ့ အွတ်ရဲ့ပုံကို သူတွေ့ဖူးပြီးပါပြီ။ ဒါ
ပေမယ့် အဲဒီပုံရဲ့ စွမ်းပကားနဲ့ ပြန့် နှံ့မှုကိုတော့ သူမသိသေးပါဘူး။
ဖုကတော့ ရွာကိုပဲပြန်ပြီး ကလေးတစ်ဖန်ပြန်လုပ်ချင်သေး တာပါပဲ။ တစ်ခဏတော့သူ့ဘ၀ဟာပုံမှန်ပြန်ဖြစ်သွားသလိုပါပဲ။
သူ့ဓာတ်ပုံဟာ နာမည်ကြီးသွားတယ်။ ဒါပေမယ့် ဖုကိုတော့ ကမ္ဘောဒီးယားနဲ့ နယ်စပ်နားက သူ့ရွာကလူတွေက လွဲလို့
အပြင်မှာသိသူသိပ်မရှိပါဘူး။ အွတ်နဲ့ တခြားသတင်းထောက်အချို့ကတော့ တခါတရံ ဖုဆီလာလည် ကြပါတယ်။ ဒါပေမယ့်
၁၉၇၅ ဧပြီ လ ၃၀ ရက်နေ့မှာ မြောက်ပိုင်းက ကွန်မြူနစ်တပ်တွေ တောင်ဗီယက် နမ်ကို သိမ်းပိုက်လိုက်လို့ စစ်ကြီးပြီးသွားတဲ့
အချိန်ကစလို့ သူတို့လည်း ထပ်မလာနိုင်တော့ပါဘူး။
အစိုးရသစ်ရဲ့အောက်မှာ နေရ တဲ့ဘ၀ဟာ ခက်ခဲကြမ်းတမ်းလာပါ တယ်။ ဆေးကုသဖို့နဲ့ အနာသက်သာ ဆေးတွေဟာ
ဈေးကြီးပြီး ခေါင်း ကိုက်ဝေဒနာနဲ့ အပြင်းအထန် နာကျင်မှုဝေဒနာကိုခံစားနေရတဲ့ ဆယ် ကျော်သက်ကောင်မလေး
ဖုအတွက်ဝယ်ရတာ သိပ်ခက်ခဲခဲ့ပါတယ်။
ဖုတစ်ယောက် သိပ်ကိုကြိုးစား ခဲ့ပြီး ဆရာဝန်ဖြစ်ရေး သူ့အိပ်မက် အကောင်အထည်ဖော်ဖို့ ဆေးကျောင်းတက်ခွင့်ရခဲ့ပါတယ်။
ဒါပေမယ့် ကွန်မြူနစ်အစိုးရပိုင်းက ဒီ ဓာတ်ပုံထဲက မိန်းကလေးရဲ့ ၀ါဒ ဖြန့်ချိရေးဆိုင်ရာ အသုံးကျတန်ဖိုးကိုနားလည်သွား
တဲ့နောက်ပိုင်းမှာ ဒါ လည်း အဆုံးသတ်သွားတာပါပဲ။
ဖုကို ကျောင်းကနေအတင်း ထွက်ခိုင်းကြပြီး ဇာတိကိုပြန်နေခိုင်း ပါတယ်။ အဲဒီမှာ နိုင်ငံခြားသတင်း ထောက်တွေနဲ့ ဖု
ထွက်တွေ့ရပါ တယ်။ ဧည့်သည်တွေနဲ့တွေ့ဆုံတာ တွေကို ထိန်းချုပ်စောင့်ကြည့်ထား ပြီး ဖုပြောရမယ့်စကားတွေကိုလည်း
ကြိုတင်ရေးပေးထားကြတယ်။
ဖု ကတော့ ပြုံးပြုံးလေးနဲ့ သူတို့ဇာတ် ထဲ ၀င်ကပေးနေပေမယ့် သူ့ရင်ထဲက ဒေါသကတော့ တစ်ကိုယ်လုံးကို ဖုံးလွှမ်းလို့ပါပဲ။
“ကျွန်မ ဒီပုံရဲ့အရိပ်ကနေ လွတ်မြောက်ချင်ခဲ့ပါတယ်။ ကျွန်မ မီး လောင်ဗုံးထိပြီး မီးလောင်ခံခဲ့ရတယ် စစ်ရဲ့သားကောင်ဖြစ်ခဲ့ရတယ်။
ကြီး လာတော့လည်း နောက်ထပ် သား ကောင်တစ်မျိုးဖြစ်ရပြန်တယ်””လို့ ဖုက ပြန်ပြောင်းပြောပြပါတယ်။
ဖုဟာ သူတို့ရိုးရာဘာသာတရားဖြစ်တဲ့ ကောက်ဒိုက်ဘုရားဆီမှာ ဆုတောင်းပေမယ့် ဆုတောင်းမပြည့်ဝ ခဲ့ပါဘူး။
“ကျွန်မနှလုံးသားဟာ ဘလက်ကော်ဖီတစ်ခွက်လိုပါပဲ။ အဲဒီတုန်းက ကျွန်မအစ်ကိုဝမ်းကွဲနဲ့အတူ၊ တောင် ဗီယက်နမ်တပ်သားတွေနဲ့အတူ သေသွားခဲ့ရင်ကောင်းမယ်လို့ တွေးမိ တယ်။ တစ်ခါတည်းသေသွားခဲ့ရင် အခုလို ထပ်ပြီး
ခံစားရမှာမဟုတ် တော့ဘူးလို့ ထင်တယ်။ အဲဒီ အမုန်းတရား၊ ဒေါသနဲ့ခါးသီးမှုတွေနဲ့အတူ အဲဒီဝန်ထုပ်ဝန်ပိုးကြီးကို
ထမ်းရတာကျွန်မအတွက်သိပ်ပင်ပန်းတယ်””လို့ ဖုက ပြောပါတယ်။
တစ်နေ့မှာတော့ စာကြည့်တိုက်တစ်ခုကိုသွားရင်း သမ္မာကျမ်းစာ တစ်အုပ်ကို ဖု တွေ့တယ်။ ပထမ ဆုံးအကြိမ်အဖြစ်
ဘ၀မှာအဓိပ္ပာယ် ရှိသေးတယ်လို့ ဖု ခံစားမိတယ်။ သူ့ကို သူမလိုချင်တဲ့ကျော်ကြား မှုပေးခဲ့တဲ့ ဓာတ်ပုံဟာ သူ့အတွက်
အခွင့်အရေးတစ်ခု ထပ်ပေးခဲ့ပြန်ပါ တယ်။ ၁၉၈၂ ခုနှစ်မှာ နိုင်ငံခြား သ တင်းထောက်တစ်ဦးရဲ့အကူအညီ နဲ့ ဖု
|အနောက်ဂျာမနီကို ဆေးသွားကုခဲ့ပါတယ်။ နောက်တော့ သူ့ဇာတ် လမ်းကိုကရုဏာသက်တဲ့ ဗီယက်နမ်ဝန်ကြီးချုပ်က
ဖုကို ကျူးဘားမှာ စာသင်ဖို့စီစဉ်ပေးခဲ့ပါတယ်။
ဖုဟာ နေ့စဉ်နဲ့အမျှ သူ့အိမ်ကို လာနေတဲ့ သတင်းသမားတွေ၊ အတိတ်ကိုအမှတ်ရစေတဲ့ အချက် တွေကနေ နောက်
ဆုံးတော့ လွတ် ငြိမ်းချမ်းသာခွင့်ရသွားပါတယ်။ ဒါ ပေမယ့် သူ့ဘ၀ကတော့ သာမန်ဘ၀ဖြစ်ဖို့ အလှမ်းဝေးနေတုန်းပါပဲ။
လော့စ်အိန်ဂျလိစ်မှာ “အေပီ” နဲ့အတူအလုပ်လုပ်နေတဲ့ အွတ်ဟာ ဖုဆီကို ၁၉၈၉ ခုနှစ်မှာ လာတွေ့ပါတယ်။ ဒါပေမယ့်
သူတို့နှစ်ဦး တစ်ခါမျှ သီးခြားတွေ့ခွင့်မရခဲ့ပါဘူး။ သူ့ဆီ ကနေ ဖုတစ်ယောက် အကူအညီ သိပ်လိုအပ်နေမှန်း အွတ်
သိဖို့ အခွင့် မသာခဲ့ပါဘူး။
“ကျွန်မရဲ့အိပ်မက်တွေထဲမှာ သိနေခဲ့တယ်။ ဦးလေးအွတ်ဟာ တစ်နေ့မှာ ကျွန်မကို လွတ်မြောက် ခွင့်ရဖို့ ထပ်ကူညီနိုင်ဦး
မှာပဲလို့လေ။ ဒါပေမယ့် ကျွန်မက ကျူးဘားမှာ။ သူနဲ့အဆက်အသွယ်မရတော့ ကျွန် မ သိပ်စိတ်ပျက်တယ်။ ကျွန်မ
ဘာမှမတတ်နိုင်ခဲ့ဘူး”
ကျောင်းတက်နေစဉ်မှာ ဖုဟာ ဗီယက်နမ်လူငယ်တစ်ဦးနဲ့ ဆုံစည်းရ တယ်။ သူ့ဘ၀မှာ သူ့ရဲ့မီးလောင် ဒဏ်ရာတွေကြောင့် သူ့ကို သဘောကျမယ့် ယောက်ျားတစ်ယောက်ရှိမှာ မဟုတ်ဘူးလို့ပဲ ဖုထင်ခဲ့ပေမယ့် ဘွီဟူတုန်ဆိုတဲ့ လူငယ်အတွက်ကတော့
အဲဒါတွေကြောင့်ပဲ ဖုကို ချစ်မိသွားခဲ့ပုံရပါရဲ့။
နှစ်ယောက်သား ၁၉၉၂ ခုနှစ် မှာ လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ပြီး မော် စကိုကို ပျားရည်ဆမ်းခရီးထွက်ခဲ့ကြတယ်။ ကျူးဘားကိုအပြန်
ကနေဒါ မှာ လေယာဉ်ဆီဖြည့်တုန်း လက်ထပ်ပြီးစ ဇနီးမောင်နှံဟာ ခုန်ဆင်းလိုက်ကြတယ်။ ဖု တစ်ယောက် လွတ် လပ်သွားပြီပေါ့။
ဖုလည်း အွတ်ကိုဆက်သွယ်ပြီး သူ့သတင်းကိုပေးတယ်။ အွတ်က ဖုကို သူ့ဇာတ်ကြောင်းကို ကမ္ဘာက သိအောင် ပြောပြခိုင်းတယ်။ ဒါပေ
မယ့် ဖုတစ်ယောက် မေးမြန်းခန်း တွေဖြေရတာ၊ ဓာတ်ပုံအရိုက်ခံရ တာတွေကို စိတ်ကုန်နေပါပြီ။
“ကျွန်မမှာ ယောက်ျားနဲ့၊ ဘ၀အသစ်နဲ့ဆိုတော့ တခြားလူတွေလို သာမန်ဘ၀မှာ နေထိုင်ချင်ပါပြီ””လို့ ဖုက ဆိုပါတယ်။
နောက်တော့ ဖုကို တိုရွန်တိုမြို့ နားမှာနေမှန်း မီဒီယာက သိရှိသွား ခဲ့တယ်။ ဖုကတော့ သူ့ဇာတ်လမ်းကို သူ့စိတ်ကြိုက်ပြောပြဖို
့ ဆုံးဖြတ် လိုက်တယ်။ သူ့ဘ၀အကြောင်း စာအုပ်တစ်အုပ်ကို ၁၉၉၉ ခုနှစ်မှာ ရေးသားခဲ့သလို သူ့အကြောင်း ရိုက်ထားတဲ့
မှတ်တမ်းဇာတ်ကားတစ် ကားလည်း ထွက်လာခဲ့ပါတယ်။ သူ့ ဇာတ်ကြောင်းကို သူပြောချင်တဲ့ ပုံစံအတိုင်းပေါ့။ စစ်ဒဏ်ခံရသူတွေ
အတွက် ကုလသမဂ္ဂရဲ့ငြိမ်းချမ်းရေး သံတမန်လုပ်ဖို့ ကမ်းလှမ်းခံရတယ်။ ဖုနဲ့ အွတ်တို့ဟာ အဲဒီနောက်ပိုင်း ကြိမ်ဖန်များစွာ ပြန်ဆုံဖြစ်ကြပြီး သူတို့ဇာတ်ကြောင်းကို ပြန်ပြောဖြစ် ကြသလို နောက်ဆုံး လန်ဒန်ထိ သွားပြီး ဘုရင်မကြီးကိုတောင် တွေ့ဆုံခဲ့ကြပါတယ်။
““ဒီနေ့တော့ ကင့်မ်ကို ကူညီနိုင် ခဲ့လို့ ကျွန်တော်သိပ်ဝမ်းသာတယ်။ ကျွန်တော် သူ့ကို ကျွန်တော့် သမီး လို့ပဲ ခေါ်တယ်””လို့ အေပီ
သတင်းထောက် လုပ်နေဆဲဖြစ်တဲ့ အွတ်ကပြောပါတယ်။
ဆယ်စုနှစ်လေးခုအကြာမှာ သားနှစ်ယောက်အမေဖြစ်နေပြီဖြစ် တဲ့ ဖုဟာ အ၀တ်မပါပြေးလွှားနေတဲ့ သူ့ရဲ့ကလေးဘ၀ပုံကို ပြန်ကြည့်ရဲ
သွားပြီဖြစ်သလို ဒီပုံဟာ ဘာကြောင့်ဒီလောက် အစွမ်းထက်ရသလဲ ဆိုတာကိုပါ နားလည်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီပုံလေးက သူ့ကို
ကယ် တင်ခဲ့တယ်၊ စမ်းသပ်ခဲ့တယ်၊ ကုန် ကုန်ပြောရရင် သူ့ကို လွတ်မြောက် စေခဲ့တယ်။
“လူအတော်များများက ကျွန်မ ဓာတ်ပုံကို သိကြတယ်။ ဒါပေမယ့် ကျွန်မအကြောင်းသိသူကတော့ အတော်နည်းပါတယ်။ ကျွန်မရဲ့ ဒီ
ဓာတ်ပုံဟာ သိပ်ကိုအစွမ်းထက်တဲ့ လက်ဆောင်တစ်ခုမှန်း ကျွန်မ လက်ခံနိုင်ခဲ့လို့ ကျွန်မ သိပ်ကျေးဇူးတင် တယ်။ ဒီနောက်
ကျွန်မရဲ့ရွေးချယ်မှု ပဲပေါ့။ ကျွန်မ ဒီပုံနဲ့အတူ ငြိမ်းချမ်း ရေးအတွက် လုပ်နိုင်ပါပြီ”တဲ့။
Original story (AP) Photo of ‘napalm girl’ from Vietnam War turns 40 by Margie Mason
ဘာသာ ပြန် သတင်းဆောင်းပါး မူရင်း ဖော်ပြထား သည့် နေရာ
by-freedomnewsgroup
Subscribe to:
Post Comments (Atom)
No comments:
Post a Comment