မန္တလေးဘူတာကြီး၏
အပေါ်ထပ်များအားအဆင့်မြှင့်ဟိုတယ်နှင့်အဆင့်မြှင့်ဈေးဝယ်စင်တာများ
ဖွင့်လှစ်လိုသည့်မြန်မာနိုင်ငံသား များအား
ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း
မြန်မာ့မီးရထားကသိရှိရသည်။
“မြန်မာနိုင်ငံသားတွေအတွက်ပဲ စီစဉ်ပေးတာပါ။ နိုင်ငံခြားသားတွေလုပ်ကိုင်လို့မရပါဘူး။ မူဝါဒအရကိုက
ဒီလိုပါပဲ။ ကိုယ့်နိုင်ငံသားကို
ငှားရမ်းမည့်သူများအား
တင်ဒါစနစ်ဖြင့်ရွေးချယ်ငှားရမ်းပေးသွားမည်ဖြစ်ပြီး
မြန်မာနိုင်ငံသားများကိုသာငှားရမ်းပေးသွားမည်ဖြစ်ကြောင်း
သိရသည်။ m
အဆိုပါလျှောက်လွှာဖောင်များအားတစ်စောင်လျှင် ငွေကျပ် တစ်သောင်း
(၁၀၀၀၀)နှုန်းဖြင့်မန္တလေးဘူတာကြီး တိုင်းအမှတ်(၃)တွင်
ဝယ်ယူနိုင်ကြောင်းသိရသည်။
“ဘူတာကြီးရဲ့အပေါ်ထပ်တွေကို
ငှားရမ်းပေးသွားမှာပါ။
အခုဒီရုံးမှာတော့လျှောက်လွှာတွေ ရောင်းပေးနေပါတယ်။
ဒီနေ့ ၁၅
ရက်နေ့ကစပြီးရောင်းချပေးနေတာပါ။အခုချိန်ထိတော့
လျှောက်လွှာ(၂)စောင်ရောင်းချပေးပြီးသွားပါပြီ”ဟု
မန္တလေးဘူတာကြီး
တိုင်းအမှတ်(၃)မှလျှောက်လွှာရောင်းပေးသူ ၀န်ထမ်းအမျိုးသမီးတစ်ဦးကပြောသည်။
ဌားရမ်းလုပ်ကိုင်လိုသူများမှာ
လျှောက်လွှာတွင်ပါဝင်သော
အချက်အလက်များကိုပြည့်စုံစွာဖြည့်၍ နေပြည်တော်
ဘူတာကြီးရှိ (အထွေထွေမန်နေဂျာ-
အင်ဂျင်နီယာစီမံ)ရုံးသို့ သြဂုတ်လ (၁၅)ရက်နေ့
နောက်ဆုံးထား၍ ပေးပိုသွားရမည်ဖြစ်သည်။
“နှစ်ရှည်လုပ်နိုင်မယ့်သူတွေကို
ဦးစားပေးသွားမယ်။ ဒါပေမယ့်ခုချိန်ထိတော့
ဘယ်နှစ်နှစ်လုပ်ကိုင်ရမယ်တို့
ငှားရမ်းခဘယ်လောက် ဆိုတာ တို့တော့ မသိရသေးပါဘူး”ဟု
ဟုမြန်မာ့မီးရထားရုံး(စီးပွားရေးဌာန)တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။
မန္တလေးဘူတာကြီးသည် အထပ်(၆)ထပ်ရှိပြီး အကုန်လုံးကိုဌားရမ်းပေးသွားမည်မဟုတ်ပဲ၊ စတုတ္တထပ်၊
ပဉ္စမထပ်၊ ဆဋ္ဌမထပ်နှင့်
ခေါင်မိုးထပ်(အပေါ်ဆုံးထပ်) များကိုသာ ငှားရမ်းပေးသွားမည်ဖြစ်ကြောင်းနှင့်နှစ်ရှည်ငှားရမ်းလုပ်ကိုင်မည့်
သူများကိုသာ ဦးစားပေး
ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြထားသည်။
“ဒီလိုမျိုး မြန်မာနိုင်ငံသားတွေအတွက်
သီးသန့်ဆိုတာနဲ့တင်ကျေနပ်ပါတယ်။ကိုယ့်နိုင်ငံသားတွေကိုလုပ်ကိုင်ခွင့်
ပေးတာ
ကောင်းပါတယ်။လက်ဝါးကြီးအုပ်ချင်တဲ့
စီးပွားရေးလုပ်ငန်းရှင်တွေကိုတော့ သေချာစီစစ်ပေးသင့်ပါတယ်”ဟု မန္တလေးမြို့
ရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
ကျော်ဇင်မန်း(မြစ်မခ)
No comments:
Post a Comment