ဧဒင်အချစ်ပုံပြင်: လူသတ်ပွဲတော်ကြီး တစ်ခုကို ကမ္ဘာအလယ်မှာ ခန့်ညားစွာ ကျင်းပကြတော့မလို့လား

Wednesday 6 June 2012

လူသတ်ပွဲတော်ကြီး တစ်ခုကို ကမ္ဘာအလယ်မှာ ခန့်ညားစွာ ကျင်းပကြတော့မလို့လား

'မလေးရှားရောက် ရခိုင်လူမျိုးများ နဲ့ မြန်မာလူမျိုးများ သတိရှိကြပါ'

ဒီနေ့ မျက်မှောက် ဖြစ်နေတဲ့ ပြသနာတွေကို ကြားနေ မြင်နေရတာ အတော်လေးကို ရင်ထဲမကောင်းဖြစ်မိပါတယ် ။
ကျွန်မ အက်ဒမင် လုပ်နေတဲ့ နိုင်းဆိုဒ်လေးမှာဆို ကော်မန့်တွေကို တောက်လျှောက် စစ်နေရပါတယ် ။ အင်တာနက်

စာမျက်နှာ ဆိုတာ လွတ်လပ်စွာ ရေးသားပြောဆို နိုင်တယ်ဆိုပေမယ့်  မိမိရေးသားလိုက်တဲ့ စာတစ်ကြောင်း က နိုင်ငံ

နဲ့ချီ  အဓိကရုဏ်း တွေဖြစ်စေနိုင်တယ် ဆိုတာ မသိကြတာလား ။ ဒါမှမဟုတ် သိနေရက်နဲ့ တမင် လှုံဆော် ဆူပူ အောင်

လုပ်နေကြတာ လားလို့တွေးမိလာတယ် ။


သတင်းတွေ မှာ ပြန်ရေးလာတဲ့ ကော်မန့်တွေကိုလည် သက်ဆိုင်ရာ ဆိုဒ်အသီးသီးက အက်ဒမင်တွေ အနေနဲ့ ဒီတိုင်း
လွတ်ပေးမထားကြပါနဲ့ ။စီစစ်ပေးကြပါ လို့ မေတ္တာရပ်ခံပါရစေ ။ ကော်မန့်ရေးတဲ့ နေရာလေးက ဆဲခြင်တိုင်းဆဲဖို့ နေရာ
မှ မဟုတ်တာဘဲရှင် ။ ကျွန်မတို့ နိုင်ငံကြီးသား စိတ်ဓာတ်လေးတွေ မွေးမြူကြရအောင် ။ ရေတိုကို မကြည့်ဘဲ ရေရှည်
ကို ကြည့်ပေးကြပါလို့ တောင်းပန်ပါရစေ ။မိမိတို့ လုပ်ရပ်က ဘယ်အတိုင်းတာထိ သက်ရောက် တာသွားစေတယ်
ဆိုသာကို တွေးတောဆင်ခြင်စေချင်ပါတယ်ရှင် ။ မနေ့ကဆို ကျွန်မတို့ ဆိုဒ်ထဲရခိုင် ပြည်နယ် ကသတင်းဘလော့မှာ
ကောင်လေးတစ်ယောက်က ဆဲဆိုရေးသားထားတာ မြင်လို့တောင် မသင့်တော်ပါဘူး ။ဒီလို ကော်မန့်တွေက ဆူပူ
တစ်ခုကို လှုံဆော်နေသလိုပါပဲ ။ ပြောပြန်တော့ ကုလားမိန်းမ ဖြစ်ချင်တာလားဆိုတဲ့ ရိုင်းစိုင်းတဲ့ တုံ့ပြန်မှုတွေ
ထပ်ရေးပြန်တယ် ။ ဒါဟာ ပြသနာတစ်ခုကို ဖြေရှင်းတဲ့ နည်းလမ်းမှန် တစ်ခုလား ဆိုတာကို သေချာ ပြန်လည် သုံးသပ်
သင့်နေကြပါပြီ ။ မိမိစကားလုံး ၊ စာကြောင်းတစ်ကြောင်းဟာ ဆိုးကျိုး ၊ ကောင်းကျိုး ကို ဘယ်အတိုင်းတာထိ တာသွား
တယ်ဆိုတာကို သေချာသုံးသပ် ဝေဖန်စမ်းစစ်ဖို့ လိုအပ်နေပါပြီရှင် ။ ဆရာကြီး လုပ်တာမျိုးလည်း မဟုတ်ရပါ ။ အားလုံး
ကို အေးချမ်းစေချင်တဲ့ စိတ်တစ်ခုသာရှိပါတယ် ။ မနေ့ကဆို ကျွန်မ မေးကို မေးတစ်စောင်ရောက်လာတယ် ။
'မလေးရှားရောက် ရခိုင်လူမျိုးများ နဲ့ မြန်မာလူမျိုးများ သတိရှိကြပါ'
မလေးရှားတွင် အလုပ်လုပ်နေကြတဲ့ ရခိုင်လူမျိုးများနဲ့ မြန်မာလူမျိုးများ တို့ မလေးရှားမူဆလင်ကုလားလူမျိုးများ မှ ရခိုင်လူမျိုး များမှ ကို သူတို့ကုလားလူမျိုးတွေကို သတ်ထားသောကြောင့် မလေးရှာတွင်ရောက်နေကြသော ရခိုင်လူမျိုးများ နဲ့ မြန်မာလူမျိုး များကို အယောက်နှစ်ဆယ် ပြန်ပြီး သတ်မယ် လို့ ကြော်ငြာနေ ပြီး လူစု ဖွဲပြီး လိုက်ရှာကြောင်းသိရပါသည် ဒါကြောင့် သတိဝီရိယ နဲ့နေကြဖို့ တိုက်တွက်လိုက်ပါရပါသည်။ Share လုပ်ပေးပါရန်...

ကျွန်မတို့ ခေါင်းအေးအေး နဲ့ တွေးကြည့်ရအောင်နော် ။ ခုဖြစ်နေတာတွေ နောက်ဆုံး ရလာဒ်က
ဘာဖြစ်လာမလဲ ။တစ်ယောက် တစ်ပြန်လက်စားချေမှုတွေကြားမှာ လူသားတွေ သွေးချောင်းစီးရတော့မယ် ။
လူသတ်ပွဲတော်ကြီး တစ်ခုကို ကမ္ဘာအလယ်မှာ ခန့်ညားစွာ ကျင်းပကြတော့မလို့လား ။ ဘယ်သူအတွက်
အကျိုးဖြစ်ထွန်းစေသလဲ ။ ညီမငယ်လေးသီတာထွေး ကိစ္စက အစပြုလိုက်တဲ့ ပြသနာ တစ်ခု ။ ညီမငယ်လေး
သီတာထွေး အတွက် ခုလုပ်ရပ်တွေက ဘာတွေ အကျိုးဖြစ်ထွန်းစေခဲ့ပါသလဲ ။ ခုဆိုရင်ဘဲ
မလေးရောက် မြန်မာလူမျိုးတွေ ရင်တထိတ်ထိတ်နေနေရပါပြီ။ မဆုံးနိုင်တဲ့ ကလဲ့စားချေပွဲ
တွေကို ဆက်လက် ဖြစ်ပွားနေကြတော့မှာလား ။ လောကကြီးမှာ လူရယ်လို့ ဖြစ်လာရင် ယောကျာင်္း နဲ့ မိန်းမ
လူမျိုး 2ခုဘဲရှိပါတယ်။မိမိနှစ်သက်ရာ ဘာသာ အသီးသီး ကို ကိုးကွယ်ကြတယ် ။ လူတစ်ယောက်မှာ
အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးက ကိုယ်ပိုင် ခံယူချက်နဲ့ ကိုယ်ပိုင်အသိတွေ  နည်းလမ်း မှန်ကန်စေဖို့၊
လူသားချင်းစာနာ ထောက်ထားတတ်ဖို့ပါပဲ ။ သစ်ထူးလွင် သတင်းစုစည်းမှု (၆-၆)
မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောသွားခဲ့ တယ် ။
ဒေါသကို အခြေခံပြီးတော့ မလုပ်ပါနဲ့...ကျမတို့ဟာ ပုတုဇဉ်လူသားတွေချည်းပါပဲ၊ ဘယ်နိုင်ငံကဖြစ်ဖြစ် ဘယ်ဘာသာပဲ ကိုးကွယ်ကိုးကွယ် လူတိုင်းလူတိုင်းဟာ အေးအေးချမ်းချမ်းနေချင်တယ်၊ လုံလုံခြုံခြုံနေချင်တယ်...

နောက်တစ်ခုက ကျမအမြဲတမ်းပြောတယ် လူများစုဆိုတာ လူနည်းစုကို ဂရုဏာထားရမယ်... အဲ့ဒါတော့ ကျမသတိပေးပါရစေ... ကျမ ဒီလိုပြောတာကို တချို့က ကြိုက်ချင်မှ ကြိုက်မယ်... ကြိုက်တာ မကြိုက်တာထက် ပြောသင့်တာကိုတော့ ကျမပြောရမယ်... လူများစုဆိုတာ ကိုယ့်ရဲ့ အင်အားက ရှိပြီးသား၊ ကိုယ့်ရဲ့ အများစု အင်အားက ရှိပြီးသားမို့ ပိုပြီးတော့ သဘောထားကြီးနိုင်ရမယ်၊ ပိုပြီးတော့ ဂရုဏာတရားထားနိုင်ရမယ်...

ကျမတို့ နိုင်ငံမှာရှိတဲ့ ဘာသာမရွေး ၊ လူမျိုးမရွေး၊ ချစ်ချစ်ခင်ခင် နဲ့ အေးအေးချမ်းချမ်းနေတာကို ကျမက မြင်ချင်တယ်... ဒီလိုဖြစ်ဖို့ အတွက် ကျမတို့အနေနဲ့ ကူညီနိုင်တယ်ဆိုရင် ကျမတို့ ကူညီမယ်...လုပ်ပေးနိုင်တာကို လုပ်ပေးမယ်... ဒါပေမယ့် ဖြစ်ပွားနေတဲ့ကိစ္စတွေ ပိုကြီးထွား မလာအောင်လို့တော့ ကျမတို့ သတိပြုပြီး ရှောင်ရပါမယ်...
(ဒေါ်အောင်ဆန်းစုကြည် ၆ ဇွန် ၂၀၁၂)

သိပ်ကို မှတ်သားသင့်တဲ့ စကားလေးပါ ။ အတွေးခေါ်တွေ မြင့်မားပေးကြပါ ရှင်။ သွေးဆူ တယ်ဆိုတာ မည်သူအတွက်မှ
ကောင်းသော ရလာဒ်ဖြစ်လာစေမှာ မဟုတ်ပါဘူး ။တိုင်းတစ်ပါးရောက် ကျွန်မတို့ အကိုတွေ ၊ အမတွေ ၊ မောင်လေး
ညီမလေးတွေ အတွက်ကိုလည်း ရှေးရှူ တွေးပေးကြပါ ။ မိသားစု ၀မ်းရေးအတွက် တိုင်းတစ်ပါးမှာ ကိုယ်ခန္ဓာနဲ့ သူများ
စိတ် အလုပ်လုပ်နေရတဲ့ အပြင်ခုလို ရင်တထိတ်ထိတ် သည်းတဖိုဖို နေနေရတဲ့ ဘ၀တွေကို ကိုယ်ချင်းစာပေးကြပါ ။
စည်းလုံးခြင်း ၊ သွေးစည်းခြင်းဆိုသာ ကောင်းတဲ့ စိတ်ဓာတ်လေးတွေပါ ။ ဒီစိတ်ဓာတ်လေးတွေကို ကောင်းမွန် မှန်ကန်
တဲ့ နည်းလမ်းတွေနဲ့ အသုံးချတတ်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နောက်ထပ် သွေးချောင်းစီး စေတဲ့ မြင်ကွင်းတွေ
သတင်းတွေကို မဖတ်ရ ၊ မမြင်ရပါစေနဲ့ လို့ လေးနက်စွာ ဆုတောင်း နေမိပါတော့သည်။
ခိုင်လေး (ရွှေတောင်)

7 comments:

  1. မှန်လိုက်တာရှင်

    ReplyDelete
  2. တင်ပြချက်လေးတွေမှန်လို့ ပိုစ့်ကောင်းလေးဖတ်သွားတယ်။
    စာရေးသူလည်း ကျန်းမာပျော်ရွှင်ပါစေ။
    ဧဒင်လေးရေ မကြီးလွမ်း လာရောက်ဖတ်တွားတယ်

    ခင်မင်တဲ့
    မကြီးလွမ်း

    ReplyDelete
  3. ရခိုင်တွေက လူမျိုးချစ်တဲ့နေရာမှာ အစွန်းရောက်တတ်ကြတယ်..
    ကုလားတွေကတော့ ဘာသာရေးအစွမ်းရောက်တယ်...
    ရခိုင်တွေ ကုလားကို မုန်းတာမဟုတ်ဘူး......
    သူတို့ရဲ့ လူမျိုးဝါးမျိုရေးဝါဒကို မုန်းတာ.....
    ဘေးလူတယောက်အနေနဲ့ နားလည်ပေးနိုင်ဖို့မလွယ်ဘူး........

    ReplyDelete
  4. VERY GOOD OPINION.

    RGDS/NANG MYINT

    ReplyDelete
  5. အင်း...နိုင်ငံရေးလား လူမျိုးရေးလား..
    ဘာသာရေးလား..ရောထွေးနေတာတော့အမှန် ပဲ..

    ReplyDelete
  6. ဒီလိုရေးတာမျိုး ဖတ့်ရခဲပါတယ် ကွန့်မင့်မှာ မှန်ကန် တရားမျှတစွာ ရေးမိရင် နင်က ကုလားလား ကုလားအားပေးတယ် ဘယ်လောက်ရသလဲ ဆိုတာတွေ ရေးလာတော့ လူဆိုတော့ မခံချင်ဘူးပေါ့ ခုလို မှန်ကန်စွာရေးတာကို ကျေးဇူးတင်ပါတယ်

    ReplyDelete
  7. သိမ်မှန်တဲ့ စကားပဲ.... မှန်တဲ့စကားဆိုတာ လူတိုင်းန၀င်မှာမချိုနိုင်ဘူး.....အခုလိုပြောရဲတဲ့အတွက် ကျေးဇူးတင်ပါတယ်။

    ReplyDelete

Related Posts Plugin for WordPress, Blogger...