ဧဒင်အချစ်ပုံပြင်: 7-Eelevenဆိုင်များဖွင့်လှစ်မည့်အစီအစဉ် ကို ဇေကမ္ဘာကုမဏီမှရပ်ဆိုင်းလိုက်ပြီ

Wednesday 18 July 2012

7-Eelevenဆိုင်များဖွင့်လှစ်မည့်အစီအစဉ် ကို ဇေကမ္ဘာကုမဏီမှရပ်ဆိုင်းလိုက်ပြီ


မြန်မာတစ်နိုင်ငံလုံးတွင် 7-Eelevenဆိုင်များဖွင့်လှစ်မည့်အစီအစဉ် ကို ဇေကမ္ဘာကုမဏီမှရပ်ဆိုင်းလိုက်ပြီဟု ဦးဇေသီဟ ကပြောသည်။

“လွန်ခဲ့တဲ့ နှစ်ပါတ်လောက်ထဲကဆက်ပြီးမလုပ်တော့ဘူးလို့ဆိုပြီးဆုံးဖြတ်လိုက်တာ ဘာလို့လဲဆိုတော့
လုပ်ရမယ့်ပရောဂျက်တွေ က အများကြီးရှိနေသေးတယ်အဲ့ဒါကြောင့်ဒါကို မလုပ်တော့ ဘူးလို
့ဆုံးဖြတ်လိုက်တာ”ဟု ဦးဇေသီဟက ဇူလိုင်၁၆ ရက်နေ့တွင်ပြောသည်။

ဇေကမ္ဘာကုမဏီသည်အဆိုပါဆိုင်များဖွင့်လှစ်ရန်အတွက် ပြည်တွင်းဈေးကွက်၌ဈေးကွက်လေ့လာမှုပြုပြီးနောက်မှမလုပ်ရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟုသိရသည်။

7-Eleven စတိုးဆိုင်တွဲများကို ဂျပန်ကုမ္ပဏီတစ်ခုဖြစ်သော Seven & I Holdings Co., Ltd က ပိုင်ဆိုင် ပြီး ၁၉၂၇ ခုနှစ်တွင် စတင်တည်ထောင် ခဲ့ခြင်းဖြစ်သည်။ 

အမေရိကန်နိုင်ငံတက္ကဆက်ပြည် နယ်တွင် ရုံးချုပ်ဖွင့်လှစ်ထားသည်။

အဆိုပါဆိုင်များမှာ နိုင်ငံပေါင်း ၁၀၀ ၀န်းကျင်တွင် ဖွင့်လှစ်ထားပြီးအာဆီယံဒေသတွင်း နိုင်ငံများဖြစ်သော ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်စသည့် နိုင်ငံများတွင်ဖွင့်လှစ်ထားသည်။ 
 

ဝေယံမိုးမြင့်(ပေါ်ပြုလာမြန်မာ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...