ဧဒင်အချစ်ပုံပြင်: Batman မျက်နှာဖုံးစွပ်နဲ့ မက္ကဆီကို ရုပ်ရှင်ရုံနှစ်ရုံတွင် ငွေများအလုခံရ

Tuesday 31 July 2012

Batman မျက်နှာဖုံးစွပ်နဲ့ မက္ကဆီကို ရုပ်ရှင်ရုံနှစ်ရုံတွင် ငွေများအလုခံရ

တနင်္လာနေ့က မက္ကဆီကိုနိုင်ငံ Chihuahua မြို့ကြီးတွင် လက်နက်များ ကိုင်ဆောင်ထားကြသော Batman မျက်နှာဖုံးစွပ်နှင့် အမဲရောင် ဝမ်းဆက် ဝတ်ထားကြသည့် လူသုံးဦးဟာ Batman ကားဖြစ်သည့် The Dark Knight Rises  ပြနေသည့် ရုပ်ရှင်ရုံနှစ်ရုံသို့ ညဥ့်လယ်တွင် အငိုက်ဖမ်းဝင်ရောက်ပြီး ငွေများလုယက်ခဲ့ကြကြောင်း သိရသည်။
၎င်းတို့က ပထမဦးစွာ Cinepolis ရုပ်ရှင်ရုံသို့ အလစ်ဝင်ရောက်ခဲ့ပြီး ရုပ်ရှင်လက်မှတ် ရောင်းရငွေဖြစ်သည့် ရုံဝင်ခများကို လုယူသွားခဲ့ပြီး Cinemax ရုပ်ရှင်ရုံတွင်လည်း အလားတူ အလစ်အငိုက် ဝင်ရောက်လုယက်ခဲ့ပြီး ယင်းရုပ်ရှင်ရုံမန်နေဂျာ၏ မျက်နှာကို အပြင်းအထန် ဒဏ်ရာရစေခဲ့ကြောင်း
သိရသည်။
လုယက်သူများဟာ ရုပ်ရှင်ရုံနှစ်ရုံပေါင်းမှ မက္ကဆီကိုငွေ နှစ်သိန်းလေးသောင်း တန်ဖိုးရှိသော ငွေများကို လုယက်ခဲ့ကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။
Source : Straitstimes

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...