ချင်းမိုင်မြို့ရောက် မြန်မာပြည်သားအများအပြားဟာ ဒီကနေ့မနက် ကျုံးတောင်ဘက်မှာ ရှိတဲ့ ၀ပ်ဆိုင်မွန်း မြန်မာဘုန်းကြီးကျောင်းကို သွားရောက်ပြီး ဒီကျောင်းမှာ မြန်မာကျောင်းထိုင်ဘုန်းကြီး ထားရှိရေးကို လိုလားကြောင်း ဆန္ဒဖော်ထုတ်ကြပါတယ်။
မွန်းလွဲပိုင်းမှာ ထိုင်းသံဃာအဖွဲ့အစည်းတွေ၊ အာဏာပိုင်တွေ ရောက်ရှိလာမယ်ဆိုတဲ့အတွက် ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်နေကြတာပါ။
ရောက်လာတဲ့ ထိုင်းအာဏာပိုင်တွေက ဒီကျောင်းမှာ သီတင်းသုံးနေတဲ့ မြန်မာသံဃာတွေ၊ ဒကာ ဒကာမတွေနဲ့ သွားရောက် တွေ့ဆုံပါတယ်။ ထိုင်းသံဃအဖွဲ့အစည်းက ချမှတ်ထားတဲ့ စည်းကမ်းတွေအရ ထိုင်းသံဃာတပါး ဒီကျောင်းမှာ ကျောင်းလာထိုင်မယ့်အကြောင်း ရှင်းပြပါတယ်။
ဒီကျောင်းကို မကြာသေးမီကအထိ မြန်မာဆရာတော်တွေပဲ ကျောင်းထိုင်ခဲ့တာပါ။
နောက်ဆုံး ကျောင်းထိုင်ခဲ့တဲ့ ဆရာတော် ပျံလွန်တော်မူပြီးနောက်ပိုင်း ထိုင်းသံဃာတပါး ကျောင်းထိုင်အုပ်ချုပ်မယ့် အခြေအနေ ဖြစ်ပေါ်လာတာပါ။
ထိုင်းအုပ်ချုပ်ရေးအရာရှိများက ကျောင်းထဲက ပရိသတ်ကို အချိန်ယူပြီး ရှင်းပြနေတာ တွေ့ခဲ့ရပါတယ်။
ဘာသာပြန်သူများကလည်း ၀င်ရောက် ကူညီ ဘာသာပြန်ပေးနေကြပါတယ်။
ကျောင်းကို ၀င်ထွက်နေတဲ့ မြန်မာပြည်သားများ၊ သတင်းထောက်များရဲ့ မေးခွန်းကိုလည်း အုပ်ချုပ်ပိုင်းက ဖြေကြား ရှင်းပြပါတယ်။
နေ့ခင်း နှစ်နာရီခွဲမှာတော့ ဘုန်းကြီးကျောင်းရှေ့ကို အချုပ်ကားတစီး နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ရောက်လာပါတယ်။
ဆန္ဒဖော်ထုတ်သူများဘက်က ရုန်းရင်းဆန်ခတ် မလုပ်ဘူး၊ အချင်းချင်း အခြေအနေကို ထိန်းသိမ်းနိုင်တယ် ဆိုရင်တော့ မြန်မာကျောင်းထဲက လူစုလူဝေးက အေးအေးဆေးဆေး အိမ်ပြန်နိုင်ကြမှာ ဖြစ်ပါတယ်။





ဘုရားစင်ရှေ့မှာတော့ ကျောင်းမှာ သီတင်းသုံးတဲ့ သံဃာများ ဖြစ်ပါတယ်


No comments:
Post a Comment