ဧဒင်အချစ်ပုံပြင်: ဘုရားသခင်ရဲ့ သတင်းပေးပါလို့ ဆိုခဲ့တဲ့ မလေးဓါးသမားကို ရဲတွေ အသေပစ်ခတ်ဖမ်းမိ

Wednesday, 11 July 2012

ဘုရားသခင်ရဲ့ သတင်းပေးပါလို့ ဆိုခဲ့တဲ့ မလေးဓါးသမားကို ရဲတွေ အသေပစ်ခတ်ဖမ်းမိ

မလေးရှားဝန်ကြီးချုပ် မစ္စတာ Najib Razak ၏ ရုံးနားတွင် ဆာမူရိုင်းဓါးရှည်နဲ့ မလေးနိုင်ငံသား ဓါးကိုင်တစ်ဦးအား ရဲတွေက တနင်္လာနေ့တွင် အသေပစ်ခတ် ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
ထိုသူက သူ့အမျိုးသမီးအား သူဟာ ဘုရားသခင်ရဲ့ သတင်းပေးပါလို့ ဆိုခဲ့တဲ့အကြောင်း မလေးရှားရဲများက အင်္ဂါနေ့တွင် ပြောဆိုခဲ့ကြောင်း သိရသည်။
အလုပ်လက်မဲ့တစ်ဦးဖြစ်သူ အသက်(၄၇)နှစ်အရွယ် ထိုဓါးသမားဟာ အစွဲလွန်သော အစုအဖွဲ့မှ ဖြစ်နိုင်ကြောင်းကို Putrajaya မြို့ရဲ့ ရဲမှူးကြီးဖြစ်တဲ့
မစ္စတာ Abdul Razak Majid က AFP ကို ပြောဆိုခဲ့ကြောင်း သိရသည်။
တနင်္လာနေ့က ဖြစ်ပျက်ခဲ့သော အခင်းဖြစ်စဉ်တွင် ထိုအမျိုးသားနှင့် အသက်(၂၈)နှစ်အရွယ် အမျိုးသမီးတို့ဟာ ဓါးကိုယ်စီကိုင်ပြီး ဝန်ကြီးချုပ်၏ ရုံးပရဝဏ်အတွင်း ဝင်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...