ဧဒင်အချစ်ပုံပြင်: “လူဟုခေါ်သည်” (ဓါတ်ပုံ)

Tuesday 31 July 2012

“လူဟုခေါ်သည်” (ဓါတ်ပုံ)




နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ အလှူရှင်များအား မေတ္တာလက်ဆောင် (ကန့်သတ်) အဖြစ် ပြန်လည် ပေးအပ်သည့် “လူမှုရေးဂီတသူရဲကောင်းများ” MTV Vol:2 အခွေအတွက် ၃ဝ.၇.၂ဝ၁၂ ရက်နေ့ နံနက် (၉းဝဝ) နာရီအချိန်တွင် နာရေးကူညီမှု အသင်း(ရန်ကုန်) တည်ရှိရာ မြောက်ဒဂုံမြို့နယ် အဆောက် အဦး အနောက်ဖက်တွင် စီးဆင်းနေသော ငမိုးရိပ်ချောင်းအတွင်း၌ MTV ရိုက်ကူးမှု အစီအစဉ်အား ပြုလုပ် ခဲ့ပါတယ်။


ယင်းရိုက်ကူးမှုတွင် တေးသံရှင် လင်းလင်းနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားများမှ ခဲရာခဲဆစ် ကြိုးစားပမ်းစား ရိုက်ကူးခဲ့ကြသည်။

တေးသံရှင် လင်းလင်းသည် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လူမှုရေး သင်တန်းအား တက်ရောက်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

လင်းလင်း၏ လူမှုရေးစိတ်ဓါတ်၊ လူသားချင်းစာနာသော စိတ်ဓါတ်တို့ကြောင့် ယခုကဲ့သို့ နာရေး ကူညီမှုအသင်း (ရန်ကုန်)တွင် သင်တန်းတက်ရောက်ခြင်းနှင့် ဂီတ သံစဉ်များဖြင့် “လူဟုခေါ်သည်” ဆိုသည့် လူမှုရေး သီချင်း အား ရေးစပ်သီဆို၍ နာရေးကူညီမှုအသင်း (ရန်ကုန်)အား ကူညီပံ့ပိုးခြင်းဖြစ်သည်။


တစ်နည်းအားဖြင့် မိမိတတ်စွမ်းသော ဂီတပညာရပ်ဖြင့် အများ ပြည်သူတို့အား ပေးဆပ်ခြင်းဖြစ်သည်။ ယင်းရိုက်ကူးမှုအစီအစဉ်အား ဝဋ်ကြွေးတော်ပြေဆရာတော်ကြီး၏ စက်လှေတစ်စီး၊ အင်ဂျင်နီယာ ကိုခင်မောင်အေး၏ ပံ့ပိုးကူညီသော စက်လှေကြီးတစ်စီး၊ ရိုက်ကူးရေး အတွက် လိုအပ်သော ကင်မရာအား KNZ ခင်လတ်အဖွဲ့မှ ကူညီပေးခဲ့ပြီး ရိုက်ကူးရေးအဖွဲ့တွင် ရုပ်ရှင်စက်မှု လုပ်သား ကိုထူးလူ၊ နာရေးကူညီမှု အသင်း(ရန်ကုန်) အသင်းသားများဖြစ်ကြသော ကင်မရာမင်း ဦးလုံး၊ ဖြိုးကိုကို၊ ကိုစိုင်း၊ ဇာနည်ထက်၊ ဦးပြောင်ကြီး၊ ရုပ်ငြိမ်ဓါတ်ပုံ ဦးရောဘတ်၊ ကင်မရာမင်း ဦးကျော်ဟိန်းနှင့် အတူ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူတို့မှ ကင်မရာမင်းများအဖြစ် ပါဝင်ရိုက်ကူး ပုံဖော် ခဲ့ကြသည်။


လူဟုခေါ်သည် ------ ရေး/ဆို - လင်းလင်း
ကမ္ဘာလည်နေတာ ခဏရပ်ပြီး
အချိန်တွေပြန် နောက်ဆုတ်လိုက်
အို …. မင်းမရှက်တက်ရင်လေ

လူဆိုတာဟာ ကိုယ့်လိပ်ပြာနဲ့ကွယ်
လူဆိုတာဟာ ကိုယ့်သိက္ခာနဲ့ပေါ့ကွယ်
ပြန်ဆန်းစစ်ကြည့်ပါလေ

CHO: ဘာမှငါ သေသေချာချာ မသိ
ဘာမှငါ ရေရေရာရာ မရှိ
မြင်သမျှ အရာရာ အိုး …. No ... အို …. No …
မာန်မာနတွေ စောင်လိုငါ အရေခြုံပြီး ….
အာဃသတွေ အလိုလိုငါ မွှန်ထူပြီး ….
လိုချင် ရမ္မက်တွေရယ် အိုး …. No … အို …. No …
ဒီခန္ဓာ ငရဲမှာကွယ် …

အာဏာတွေကို တပ်မက်သူရှိတယ်
နေရာတွေကို ရူးကြသူများလဲရှိတယ်
မင်းသေသွားလဲ နောက်မှာမပါ

ထင်ပေါ်တာတွေနောက် လိုက်သူရှိတယ်
အပေါ်ယံ မျက်နှာဖုံးနဲ့ လူများလဲရှိတယ်
မင်းသေသွားလဲ နောက်မှမပါ ….
x x x x x x





by-Kyaw Thu(နာရေးကူညီမှု အသင်း)



from The Irrawaddy's Blog by အိမ့်သံစဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...