ဧဒင်အချစ်ပုံပြင်: အိုလံပစ်ပြိုင်ပွဲဖွင့်ပွဲ၌ ပန်း ကန်ပြားပျံတစ်ခုတွေ့ရှိဟုဆို

Tuesday 31 July 2012

အိုလံပစ်ပြိုင်ပွဲဖွင့်ပွဲ၌ ပန်း ကန်ပြားပျံတစ်ခုတွေ့ရှိဟုဆို



အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲ  အခမ်းအနား၌ မီးရှူးမီးပန်းများ  ပစ်လွှတ်စဉ်ကောင်းကင်၌  ပန်းကန် ပြားပျံတစ်ခုအား  တွေ့ရှိခဲ့ကြောင်း  ဗြိတိန်နိုင်ငံထုတ်  သတင်းစာကြီးတစ်စောင်တွင် ဖော် ပြထားသည်။
လန်ဒန်မြို့အထက်ရှိကောင်းကင် ယံတွင်တွေ့ရှိရသည့် အဆိုပါအရာ ဝတ္ထုသည် ပန်းကန်ပြားပျံဖြစ်နိုင် သော်လည်း ကောင်းကင်၌နှေးကွေး စွာရွေ့လျားနေခဲ့ပြီး
အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ ယခုအချိန်ထိ တိကျ ရှင်းလင်းစွာ မသိရသေးကြောင်း သိရသည်။ ပန်းကန်ပြားပျံဟုယူဆ ရဖွယ်ရှိသည့် ၄င်းအရာဝတ္ထုအား လန်ဒန်မြို့အရှေ့ဘက်ရှိ စတန့်ဖို့ဒ် အရပ်ရှိ အိုလံပစ်အားကစားရုံ၌ ဇူလိုင် ၂၇ ရက် နံနက်က ဖွင့်ပွဲအခမ်း အနားကျင်းပစဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အိုလံပစ်ပြိုင်ပွဲကျင်းပစဉ် အခြားကမ္ဘာမှဂြိုဟ်သားများသည် လူသားများနှင့်အတူ ပါဝင်ဆင်နွှဲရန်အတွက် အာ ကာသယာဉ်များဖြင့် ရောက်ရှိလာမည် ဖြစ်ကြောင်း ပြီးခဲ့သည့်တစ်ပတ်က ဗြိတိန်နိုင်ငံမှ ထိပ်တန်းပန်းကန်ပြားပျံ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သူ နစ်ခ်ပိုပီက ခန့်မှန်းပြောကြားခဲ့သည်။
သို့ရာတွင် You Tubue ဝက်ဘ်ဆိုက် ပေါ်တွင် ကြည့်ရှုခဲ့ကြသူအချို့က အဆိုပါအရာသည် ရဟတ်ယာဉ်တစ်ခု သာဖြစ်သည်ဟု ယူဆကြောင်းသိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...