ဧဒင်အချစ်ပုံပြင်: နေပြည်တော်ရောက် တိုင်ချီဒို

Monday 23 July 2012

နေပြည်တော်ရောက် တိုင်ချီဒို



ဒေါ်အောင်ဆန်းစုကြည် နှင့် တိုင်ချီဒို @ နေပြည်တော် (ဓါတ်ပုံ - ဘန်နီ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖော်လည်း ဟုတ်တဲ့ တိုင်ချီဒို အမည်ရ ခွေးကလေးလည်း နေပြည်တော် ကို ရောက်ပါတယ်။ လွှတ်တော်တက်ဖို့ နေပြည်တော်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ သူလည်း လိုက်လာတာပါ။ သူကတော့ လွှတ်တော်တက်ဖို့ မဟုတ်ပေမယ့် လွှတ်တော်တက်မယ့် သခင်ကို စောင့်
ရှောက်ဖို့ လိုက်လာတာလည်းဖြစ်ပါတယ်။နေပြည်တော်မှာ ရှိတဲ့ နှင်းဆီစံအိမ်မှာ တိုင်ချီဒိုလေးလည်း တက္ကသိုလ် ရိပ်သာလမ်းက အိမ်လိုပဲ ပျော်နေတဲ့ပုံ ပါပဲ။ တိုင်ချီဒိုလေးက အလုပ်များတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တခါတလေ နားမလည်တတ်ပါဘူးတဲ့။ သူ့သခင်က သူ့အတွက်ပေးတဲ့ အချိန်တွေထဲက လုယူနေကြတဲ့ ဧည့်သည်တချို့ကို ရန်လိုပြီး ကိုက်တတ်လို့ မိတ်မပျက်
အောင် သူ့ကို ကြိုးချည် ထားရတာ များပါတယ်။

သူက ချွဲလည်း ချွဲတတ်ပြီး စိတ်လည်း အရမ်းကောက်တတ်ပါတယ်တဲ့။ သူ့ကို သခင်က မခေါ်သွားရင်လည်း အလွန် စိတ်ကောက်တတ်ပါတယ်။ တခါတရံ စည်းကမ်းမရှိ စားစရာတွေ လှန်လှောစားတတ်လို့ သခင်ရဲ့ ဆူတာ ငေါက်တာ ခံရလည်း သူက ခေါင်းငုံ့ ငြိမ်ခံနေပါသတဲ့။

ဒါပေမယ့် သခင်အပေါ် ချစ်တဲ့ စိတ်၊ သစ္စာ ရှိတဲ့ စိတ်ကတော့ တပြားသားမှ လျှော့မသွားပါဘူးတဲ့။
မိသားစု ဘ၀ကို ဒေါ်အောင်ဆန်းစုကြည်က တိုင်ချီဒိုလေးနဲ့ အစားထိုး စိတ်ဖြေသိမ့်ပြီးနေရတာမို့ သူက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဝင် သား၊ သမီးလို ဖြစ်နေတာပါတဲ့။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...