ဧဒင်အချစ်ပုံပြင်: ဖေ့စ်ဘုတ်စာမျက်နှာထက်မှာ နေရာယူလာတဲ့ ပြေသုဒြာ

Monday 30 July 2012

ဖေ့စ်ဘုတ်စာမျက်နှာထက်မှာ နေရာယူလာတဲ့ ပြေသုဒြာ

 အနုပညာရှင်တွေကြားထဲမှာပါ တွင်တွင်ကျယ်ကျယ်အသုံးပြုလာတဲ့အရာ ကတော့ဖေ့စ်ဘုတ်ပဲဖြစ်ပါတယ်။ ဖေ့စ်ဘုတ်ထဲမှာ အနုပညာရှင်များက သူတို့ကို ချစ်တဲ့ ပရိသတ်များနဲ့ ရင်းရင်းနှီးနှီး အပြန်အလှန် စကားပြောဆိုနေကြတာတွေ၊ အနုပညာရှင်တွေက သူတို့ရဲ့ခံစားချက်တွေကို ဖေ့စ်ဘုတ်ပေါ်မှာ ရင်ဖွင့်ရင်း ပရိသတ်တွေ က ပြန်လည်ဝေဖန် ပြောကြားတာတွေကို တွေ့နေရပါတယ်။ အဲဒီအချိန်မှာပဲ အကယ်ဒမီပြေတီဦးနဲ့ အကယ်ဒမီအိန္ဒြာကျော်ဇင်တို့ရဲ့သမီး ပြေသုဒြာဟာလည်း သူ့ကိုယ် ပိုင် ဖေ့စ်ဘုတ်အကောင့်မှာ
သူ့ဓာတ်ပုံလေးနဲ့တင်ထားတာ တွေ့ရပြန်ပါတယ်။ ဖေဖေ၊မေမေတို့နဲ့ တွဲရိုက်ထားတဲ့ ချစ်စရာပုံရိပ်လေးတွေအပြင် ဓာတ်ပုံရိုက်တိုင်း အမြဲပျော်ရွှင်နေတဲ့မျက်နှာချိုချိုလေးနဲ့ သမီးလေးရဲ့ ပုံရိပ်တွေဟာ တအားချစ်ရာကောင်းနေပါတယ်။ သူ့ဓာတ်ပုံလေးတွေအောက်မှာ ချစ်စရာကောင်းကြောင်း စာဝင်ရေးကြတဲ့ မိတ်ဆွေများကိုလည်း ပြေသုဒြာကိုယ်တိုင်က ကျေးဇူးတင်စကားပြောနေတယ်လို့ ထင်ရလောက်အောင် တွေ့နေရတာတွေကိုတော့ ပြေသုဒြာရဲ့မေမေ အိန္ဒြာကျော်ဇင်က သမီးလေးကိုယ်စားသုံး ပေးနေတာဖြစ်ပါတယ်။ ပြေသုဒြာရဲ့အကောင့်မှာ ဓာတ်ပုံလေးတွေ Updateဖြစ်အောင်တင်ပေးရင်း Commentတွေပါ ပြန် တင်ပေးဖြစ်နေတဲ့ အိန္ဒြာကျော်ဇင်က သမီးလေးပြေသုဒြာရဲ့ ဓာတ်ပုံလေးတွေကို ကြည့်ရင်းပီတိဖြစ်နေသူပါ။ ပေါ်ပြူလာ ပရိသတ်တွေအတွက် ပြေသုဒြာ ရဲ့ချစ်စဖွယ် ဓာတ်ပုံလေးတွေကို သမီးလေးရဲ့ ဖေ့စ်ဘုတ် မှတစ်ဆင့် မေမေအိန္ဒြာကျော်ဇင်ရဲ့ခွင့်ပြုချက်နဲ့အတူ ဖော်ပြပေးလိုက်ပါတယ်။ ပရိသတ်များ မျှော်လင့်စောင့်စားနေတဲ့ သမီးလေး ပြေသုဒြာတို့မိသားစုရဲ့ ကြည်နူးစရာပုံရိပ်များကိုလည်း ဝေဝေဆာဆာ တင်ဆက်ပေးရင်း ပရိသတ်ဆန္ဒကို မကြာမီဖြည့်ဆည်းပေးတော့ မှာဖြစ်ပါ တယ်။
ဝဿန်
ဓာတ်ပုံ-ပြေသုဒြာ ဖေ့စ်ဘုတ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...