ဧဒင်အချစ်ပုံပြင်: မလေးရှား ကုန်တင်သင်္ဘောတစ်စင်း မိုးကြိုးပစ်ချမှုကြောင့် ပေါက်ကွဲ၊မီးလောင်မှုဖြစ်ပွား

Monday 30 July 2012

မလေးရှား ကုန်တင်သင်္ဘောတစ်စင်း မိုးကြိုးပစ်ချမှုကြောင့် ပေါက်ကွဲ၊မီးလောင်မှုဖြစ်ပွား

                                                   ဧဒင်အချစ်ပုံပြင်မှလှိုက်လဲစွာကြိုဆိုပါတယ်

ဓာတုပစ္စည်းများ သယ်ဆောင်လာသောသင်္ဘော လာဘူအန်ကျွန်းတွင် မီးလောင်ပေါက်ကွဲခဲ့သည်ကို ၂၀၁၂ ခုနှစ်၊ ဇူလိုင် ၂၆ ရက်နေ့က တွေ့ရစဉ်

မက်သနောဓာတုပစ္စည်းများ တင်ဆောင်လာသော မလေးရှား ကုန်တင်သင်္ဘောတစ်စီးသည် ဇူလိုင်လ ၂၆ ရက်နေ့က ပေါက်ကွဲမှုကြောင့် သင်္ဘောဝန်ထမ်းတစ်ဦး သေဆုံးခဲ့ပြီး လူလေးဦး ပျောက်ဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့များ၏ ပြောကြားချက်အရ သိရသည်။
ယင်းပေါက်ကွဲမှုသည် မိုးကြိုးပစ်ခြင်းကြောင့်ဖြစ်ကြောင်းနှင့် တောင်တရုတ်ပင်လယ်အတွင်းတွင်ရှိ Labuan ကျွန်းရှိ Petronasကုမ္မဏီသို့ မောင်းနှင်လာစဉ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သင်္ဘောကုမ္မဏီ MIRS မှ ပြောကြား ခဲ့ခြင်းဖြစ်သည်။ Bunga Aplinia အမည်ရှိ သင်္ဘောသည် တန်ချိန် ၃၈၀၀၀ ခန့်လေးကာ ပေါက်ကွဲမှုကြောင့် ၈၀ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှုဖြစ်ပွားချိန်က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး စတင်လောင်ကျွမ်းခဲ့သောမီးသည် မိုးကြိုးပစ်ချခြင်းကြောင့် ဖြစ်နိုင်ကြောင်း ရဲအရာရှိ ဆိုင်မန်ကာစ်ရန်က ပြောကြားခဲ့သည်။
ယင်းဓာတုနှင့် အုန်းဆီများ တင်ဆောင်လာသော သင်္ဘောပေါ်တွင် မလေးရှားလူမျိုး ၂၃ ဦးနှင့် ဖိလစ်ပိုင်လူမျိုး ၆ ဦးပါကြောင်းနှင့် ယင်းတို့အနက် သင်္ဘောသား ၂၄ ဦးမှာ ကမ်းပေါ်သို့ ဘေးကင်းစွာ ပြန်သွားနိုင်ခဲ့သည်။
Ref;AFP, Eleven Media Group:

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...