ဧဒင်အချစ်ပုံပြင်: "မိန်းကလေးတယောက် အသည်းကွဲနေတယ်"

Sunday 29 July 2012

"မိန်းကလေးတယောက် အသည်းကွဲနေတယ်"



ဧပြီလ (၇) ရက်နေ့က မျှော်စင်ကျွန်းမှာပြုလုပ်ခဲ့တဲ့ စိန်ဂေဟာဂီတဖျော်ဖြေပွဲမှ
ဖြူဖြူကျော်သိန်း ၊ ဓာတ်ပုံ- myanmarcelebrity.com

"မိန်းကလေးတယောက်ကတော့ အသည်းကွဲနေပါတယ်လို့။ အဲဒါ ဖြူဖြူကျော်သိန်း ဟုတ်၊ မဟုတ် ဆိုတာကတော့ အခွေအစစ်ကို ၀ယ်ပြီးတော့ နားဆင်ခြင်းအားဖြင့် သိရှိနိုင်ပါလိမ့်မယ်"လို့
ဖြူဖြူကျော်သိန်းက ဇူလိုင်လ ၂၅ ရက်နေ့က လုပ်ခဲ့တဲ့ တေးစီးရီး မိတ်ဆက်ပွဲမှာ MRTV- 4 နဲ့ အင်တာဗျူးမှာ ပြောသွားတာပါ။

"မိန်းကလေးတယောက် အသည်းကွဲနေတယ်" ဆိုတဲ့ ဖြူဖြူကျော်သိန်းရဲ့ တကိုယ်တော် ကိုယ်ပိုင်သံစဉ် တေး စီရီး ကို လာမယ့် သြဂုတ်လ ၄ ရက်နေ့ စနေနေ့မှာ ထွက်ပါတော့မယ်တဲ့။

သီချင်း ၁၁ ပါဝင်တဲ့ ဖြူဖြူကျော်သိန်းရဲ့ ဘ၀၊ ဆန္ဒနဲ့ ဂီတတွေကို တပုဒ်နဲ့ တပုဒ်ချိတ်ဆက်သီဆိုထားပြီး Lazy Club က တီးခတ်ထားပြီး PTL စတူဒီယို အသံဖမ်းထားတဲ့ တေးစီးရီးဖြစ်ပါတယ်တဲ့။

မိန်းကလေး တယောက် အသည်းကွဲနေတယ်ဆိုတဲ့ သီချင်းကတော့ အမျိုးသမီး တေးရေးအသစ်ဖြစ်တဲ့ "စိမ့်"က ရေးစပ်ပေးထား တာဖြစ်တယ် လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။

အခြား တေးရေးတွေဖြစ်ကြတဲ့ စောခူဆဲ၊ ဆောင်းဦးလှိုင်၊ ဖိုးကာ အစရှိတဲ့ သူတွေဖြစ်ပါတယ်တဲ့။

အခုလို ကိုယ်ပိုင် သံစဉ်တေးစီးရီးဖြစ်လာဖို့က ၂၀၀၈ ခုနှစ်ကတည်းကပါတဲ့။ ဖြူဖြူကျော်သိန်းဟာ ကော်ပီ သီချင်းတွေနဲ့ နံမည်ကြီးလာတဲ့ အဆိုတော်ဖြစ်ပြီး အခု လို သူ့ရဲ့ စတုတ္တမြောက် တကိုယ်တော် တေး စီးရီး မှာတော့ သီချင်းတိုင်း ကိုယ်ပိုင်သံစဉ်ဖြစ်ပြီး Pop, R&B, Alternative, Rock ဆိုတဲ့ ဂီတမျိုးစုံနဲ့ စီစဉ်ထား တာဖြစ်ပါတယ်။

from The Irrawaddy's Blog by အိမ့်သံစဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...