ဧဒင်အချစ်ပုံပြင်: သြဂုတ် ၇ ရက်မွေး နေ့ရှင် မြင့်မြတ်မွေးနေ့ အစီအစဉ်

Friday 27 July 2012

သြဂုတ် ၇ ရက်မွေး နေ့ရှင် မြင့်မြတ်မွေးနေ့ အစီအစဉ်

မြင့်မြတ်က ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ ‘ရယ်သံ မထွက်တဲ့ မျက်ရည်စက်’ဇာတ်ကား မှာ ဖွေးဖွေးနဲ့ အတူ ပါဝင် သရုပ်ဆောင်နေ ပါတယ်။ ဒီဇာတ်ကားထဲမှာ ကောင်လေး နဲ့ ကောင်မလေးနှစ်ယောက်လုံးက လူ့လောကထဲမှာ ဒုက္ခ ရောက်နေတာတွေကိုတွေ့လို့ရှိရင် လိုက်ပြီး တော့ကူညီပေးတတ်တဲ့ ပရဟိတပညာပေး ဇာတ်ကားလေးဖြစ်ပါ တယ်။ ဒီဇာတ်ကားထဲ မှာ ကျောင်းစိမ်းဝတ်စုံလေးနဲ့ရိုက်ကူးနေတာ ကိုတွေ့ရလို့ ငယ်ငယ်တုန်းက ကျောင်းသား ဘဝကို ပြန်သတိရမိလား ဆိုပြီး မြင့်မြတ်ကို မေးတော့
“ကျောင်းသားဘဝမှာတော့ အမှတ် တရ ရယ်လို့တော့ မရှိခဲ့ပါဘူး။ ဒါပေမဲ့ အခုလိုမျိုးကျောင်းဝတ်စုံကို ပြန်ဝတ် လိုက်ရ တော့ ပြန်တော့ တွေးမိတာပေါ့။ ကျွန်တော်တို့  ကျောင်းသွား ခဲ့ရတာလေးတွေ ကိုတော့ ပြန်ပြီး မြင်ယောင်မိတယ်”လို့ပြောပါတယ်။ အနု ပညာနဲ့ ပတ်သက်ပြီး Plan ချပြီး
စာကြိုးစား တာမျိုးတွေကော မြင့်မြတ်အနေနဲ့ စိတ်ကူးရှိပါ သလားလို့မေးတော့” Plan ဆိုတာက ကိုယ် ချတိုင်းဖြစ်ချင်မှဖြစ်တာလေ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော့်ကိုယ်ကျွန်တော် မင်းသားတစ်ယောက်ဖြစ် ရမယ်လို့ အရင်တုန်းက Plan မရှိခဲ့ဘူး။ အနုပညာအလုပ်ကိုတော့ ဝါသနာပါတယ်။ဘယ်လိုနေရာမျိုးမှာ ပဲဖြစ်ဖြစ် ဥပမာ- ကျွန်တော် Supporting လွဲချင်လွဲနေမယ်။ ဒါမှမဟုတ်လည်း တခြားသော အနုပညာလုပ်ငန်းတွေမှာ တစ်ထောင့် တစ်နေရာကနေ ပါဝင်ခွင့်ရရင်လည်း ရနေမယ်။ အဲဒီလိုမျိုးသဘောနဲ့ ဒီအနုပညာ လုပ်ငန်းကို ဝါသနာပါလို့ ကြိုးစားခဲ့တယ်။ အဲဒီလိုကြိုးစားရင်းနဲ့ပဲ အောင်မြင်မှုရလာ တာပါ” လို့ပြောပြပါတယ်။
မြင့်မြတ်က ကိုယ်ရိုက်ထားတဲ့ဇာတ်ကား တွေကို လည်း ပြန်ကြည့်ဖြစ် ပြီး ဝေဖန် သုံးသပ် ကာ ထူးခြားတဲ့ကာရိုက်တာမျိုးကို ရိုက်ရရင် ပိုသဘောကျတယ်။ ကိုယ် ကျတဲ့ဇာတ်ရုပ်ပေါ်မှာတော့ အကောင်းဆုံး ဖြစ်အောင် သရုပ်ဆောင်တာ ပါပဲလို့ ပြောပါ တယ်။ မြင့်မြတ်က သြဂုတ်လ ၇ ရက်နေ့မှာ ကျရောက်မယ့် ဒီနှစ်မွေးနေ့ကိုတော့ အစီ အစဉ်မရှိသေးပေမယ့် နှစ်စဉ် မွေးနေ့တိုင်းကို တော့ အိမ်မှာပဲ ဘုန်းကြီးငါးပါးကို ဆွမ်းကပ် ဖြစ်ပြီး ကားရိုက်ရင်းနဲ့ပဲ စက်အဖွဲ့တွေနဲ့အတူ မုန့်ကျွေးဖြစ်ကြောင်း၊မနက်အစောကြီး ဘုရား မတက်ခင် မိဘနှစ်ပါးကို လည်း နှစ်တိုင်း ကန် တော့ဖြစ်တဲ့ အလေ့အထလေးတွေရှိကြောင်း ပြောပြခဲ့ပါတယ်။
လွင်လွင်ထွန်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...