ဧဒင်အချစ်ပုံပြင်: ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်ကိုင်နေကြတဲ့ မြန်မာအမျိုးသမီး ရွှေ့ပြောင်းအလုပ်သမားတွေကို ကလေး မွေးဖွားဖို့ ပြန်ပို့မယ်

Thursday 19 July 2012

ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်ကိုင်နေကြတဲ့ မြန်မာအမျိုးသမီး ရွှေ့ပြောင်းအလုပ်သမားတွေကို ကလေး မွေးဖွားဖို့ ပြန်ပို့မယ်

ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်ကိုင်နေကြတဲ့ မြန်မာအပါအ၀င် ကိုယ်ဝန်ဆောင် အမျိုးသမီး ရွှေ့ပြောင်းအလုပ်သမားတွေကို မူရင်း နိုင်ငံမှာ ကလေး မွေးဖွားဖို့ ပြန်ပို့မယ်ဆိုတဲ့ ထိုင်း အလုပ်သမားဝန်ကြီးရဲ့
ကြေညာချက်အပေါ် ပြန်လည်သုံးသပ်ဖို့ ထိုင်း အမျိုးသား လူ့ အခွင့် အရေး ကော်မရှင် ဥက္ကဌ ဆီကို အမေရိကန်အခြေစိုက် HRW လူ့အခွင့် အရေး စောင့်ကြည့် အဖွဲ့က စာရေးသား တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၂၆) ရက်နေ့က ထိုင်းအလုပ်သမားဝန်ကြီး ပဒန်ချိုင်း က ကိုယ်ဝန် သုံး လေး လ ရှိတဲ့

အမျိုးသမီးရွှေ့ပြောင်းအလုပ်သမားတွေကို မူရင်းနိုင်ငံပြန်ပို့ဖို့ စီစဉ်မယ်လို့ ကြေညာခဲ့ ပါတယ်။ ဒါဟာ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းကလေးအလုပ်သမားဦးရေ လျော့နည်းသွားစေဖို့ အတွက် စီစဉ်တာဖြစ်ကြောင်း၊ ဒါ့ပြင်အမေရိကန်နိုင်ငံခြားရေးဌာန က ထိုင်းနိုင်ငံကို လူကုန်ကူးမှု တိုက်ဖျက်ရေး အားနည်းနေတဲ့အတွက် အဆင့် (၂) စောင့်ကြည့်အဆင့် သတ်မှတ်လိုက်တဲ့အပေါ် တုံ့ပြန်တာလည်း
ဖြစ်ကြောင်း သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။

ဒီအစီအစဉ်ကို အကောင်အထည်ဖေါ်ရေးအတွက် နှစ်လအတွင်း ဥပဒေမူကြမ်းရေးဆွဲဖို့ အလုပ် သမားကာကွယ်ရေး နဲ့ ဖူလုံရေးဌာန
အောက်မှာ အလုပ်အဖွဲ့တစ်ဖွဲ့ဖွဲ့စည်းထားတယ်လို့ သိရ ပါတယ်။ ထိုင်းအလုပ်သမားဝန်ကြီး ရဲ့ အစီအစဉ်ဟာ လူ့အခွင့်အရေးကို
ချိုးဖေါက်နေတဲ့အပြင် အမျိုးသမီး အလုပ်သမားတွေကိုခွဲခြား
ဆက်ဆံရာရောက်ပြီး၊ ထိုင်းအစိုးရက ကတိပြုထားတဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ရည်မှန်းချက်တွေဆီရောက်ရှိဖို့လည်း ခက်ခဲပါလိမ့်မယ်လို့ HRW ရဲ့ ပေးစာမှာဖေါ်ပြထားပါတယ်။

ဒီ အစီအစဉ်ကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးရွှေ့ပြောင်း
အလုပ်သမားတွေ လက်ရှိအလုပ်ကနေ လအတော်ကြာ အဓမ္မ ရပ်နားခံရမှာဖြစ်ပြီး၊ တူညီတဲ့ လုပ်ငန်းခွင်အခွင့်အရေး မရဘဲ၊ ၀င်ငွေအရလည်း နစ်နာမှာ ဖြစ်ပါတယ်။

ပြန်လာတဲ့အခါမှာလည်း မူလအလုပ်ပြန်ရဖို့မသေချာတဲ့အပြင်၊ စရိတ် စက တွေလည်း ကုန်ကျခံရမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် အမျိုးသမီးရွှေ့ပြောင်းအလုပ်သမားတွေကြားမှာ အန္တရာယ်မကင်းတဲ့ ကိုယ်ဝန်ဖျက်ချမှုတွေပေါ်ပေါက်လာမှာကို ထိုင်းလူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်နေကြောင်း HRW က ပြောပါတယ်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...