ဧဒင်အချစ်ပုံပြင်: ဂျပန်နစ်ဆန်း ကားစက်ရုံတည်ရန် ပဲခူးတွင်မြေရှာနေ

Monday 30 July 2012

ဂျပန်နစ်ဆန်း ကားစက်ရုံတည်ရန် ပဲခူးတွင်မြေရှာနေ


ဂျပန်နစ်ဆန်းကား  ကုမ္ပဏီ မှ မြန်မာနိုင်ငံတွင်  ကားထုတ်လုပ်ရန်အတွက်  ပဲခူးတွင် မြေ ဧက  ၁ဝဝရှာဖွေလျက်ရှိကြောင်း  စက်မှုကုန်ထုတ်သူများ  အသင်း မှ သိရသည်။
”ပဲခူးမှာ မြေဧက ၁ဝဝ တောင်းထားတယ်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေကို လည်း ၁ဝဝ ရာခိုင် နှုန်းအစား ပြည်တွင်း လုပ်ငန်းရှင် တွေကို ထောက်ပံ့ပေးပြီး လက်တွဲ ခေါ်ဖို့ဖြစ်စေလိုတယ်”ဟု စက်မှုကုန်ထုတ်သူ အသင်းမှ တာဝန်ရှိသူ တစ် ဦးက ပြောသည်။
မလေးရှား အခြေစိုက် ပန်ချောင် ကုမ္ပဏီမှ နစ်ဆန်းကားစက်ရုံ တည်ဆောက် ရန် မြေနေရာရှာဖွေခြင်းဖြစ်ပြီး ဆောက်လုပ်နိုင်မည့် မြေနေရာအား လေ့လာ ၍ တိုင်းဒေသကြီး အစိုးရထံ
တင်ပြမည် ဖြစ်ကြောင်း သိရသည်။
“CKD စနစ်နဲ့လုပ်မယ် ပြောတယ်။ ဟိုတယ်ကနေပစ္စည်းတွေ ယူလာပြီး ဒီမှာတပ်ဆင်ထုတ်လုပ်သွား မှာပါ”ဟု ကုန်သည်စက်မှု အသင်းချုပ် အလုပ်အမှုဆောင် ဦးအေးထွန်းက ပြောသည်။
မြန်မာနိုင်ငံတွင် ကားထုတ်လုပ်သည့် ကုမ္ပဏီများအပြင် ကားအပိုပစ္စည်း ထုတ်လုပ်သည့် စက်ရုံများလည်းများစွာ လိုအပ်နေသေးကြောင်း စက်မှု ကုန်ထုတ်သူများ အသင်းမှ ဦးဇော်မင်းဝင်းက ပြောသည်။
မြန်မာနိုင်ငံသို့ တင်သွင်းသည့် ကားများ အနက် ၉၈ ရာခိုင်နှုန်းမှာ ဂျပန် ကားများဖြစ်ပြီးတရုတ်ကား မှာ ၂ ရာခိုင်နှုန်းခန့်ရှိကာ ကျန် ကားများမှာ ဝ ဒသမ ၄ ရာခိုင် နှုန်းရှိကြောင်း ကုန်သည်စက်မှု အ သင်းချုပ် အတွင်းရေးမှူး ဦးမိုးကျော် ထံမှ သိရသည်။

1 comment:

  1. တကယ်သာ အဲဒီလိုတွေ နိုင်ငံကြီးတွေ က ရင်းနှီးမြုတ်နှံမှုတွေ

    ရောက်လာရင် နိုင်ငံဟာ တကယ်အမှန်တိုးတက်ဖို့ လမ်းစပွင့်တာပဲ

    ReplyDelete

Related Posts Plugin for WordPress, Blogger...