ဧဒင်အချစ်ပုံပြင်: မြေငတ်နေတဲ့ မိတ္ထီလာ စည်ပင်အရာရှိ

Sunday 29 July 2012

မြေငတ်နေတဲ့ မိတ္ထီလာ စည်ပင်အရာရှိ




မိတ္ထီလာမြို့အတွင်းရှိ ကျောက်ဖြူကုန်းအုပ်စု မြင်တော်ကန်ကျေးရွာမှာ နေထိုင်တဲ့ ကိုနေလင်းပိုင် ယာမြေတွေကို မိတ္ထီ လာမြို့ စည်ပင်သာယာအမှုဆောင်အရာရှိ ဦးသန်းအေး က မကျူးကျော်ရ စည်ပင်ပိုင်နယ်မြေအဖြစ်သတ်မှတ်၊ အဓမ္မ သိမ်းယူခဲ့ပါတယ်။

ယခု စည်ပင်သာယာက သိမ်းယူထားတဲ့ ယာမြေတွေဟာ နှစ်ပေါင်း (၈၀) ကျော် ဓါးမဦးချ လုပ်ကိုင်စိုက်ပျိုးလာခဲ့တဲ့ ဘိုးဘွားပိုင်မြေတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်းမှာရှိတဲ့ တောင်သူလယ်သမားတွေဟာ မိမိတို့ စိုက်ပျိုးလာခဲ့တဲ့ လယ် ယာမြေတွေကို ပိုင်ဆိုင်ကြောင်း REGISTER မလုပ်ထားတာကို အာဏာပိုင်အဖွဲ့စည်းအမျိုးမျိုးက နည်းအမျိုးမျိုးနဲ့ အခွင့် ကောင်းယူကာ နေရာတိုင်း၊ ဒေသတိုင်းမှာ အဓမ္မသိမ်းယူနေကြပါတယ်။

အခုလို လယ်ယာမြေများ အဓမ္မအသိမ်းခံရမှုတွေထဲမှာ မြင်တော်ကန်ကျေးရွာက ကိုနေလင်း ရဲ့ ယာမြေတွေလဲ အပါအ ဝင် ဖြစ်ပါတယ်။ ကိုနေလင်း ရဲ့ ယာမြေတွေကို စည်ပင်သာယာက မကျူးကျော်ရဆိုင်းဘုတ်များ၊ ကျောက်တိုင်တွေစိုက် နေတဲ့အပြင် မြေတူးစက်ကြီးတွေနဲ့ ယာမြေတွေကို တူးယူဖျက်ဆီးနေကြပါတယ်။

ဓါးမဦးချ လုပ်ကိုင်စားသောက်လာခဲ့တဲ့ လယ်ယာမြေတွေကို နည်းအမျိုးမျိုးနဲ့ အတင်ကာရောလုယက်နေတာနဲ့ ပတ် သက်လို့ မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားမိသားစု အကျိုးဆောင်ကွန်ယက်က ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့ က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကွန်ယက်အနေနဲ့ လယ်ယာမြေသိမ်းယူတာတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ချက်ထဲမှာ အခုလို့ ရှုံ့ချထားပါတယ်။

“လုပ်ပိုင်ခွင့်အာဏာကို အသုံးချကာ ရိုးသားပြီး မသိနားမလည်တဲ့ တောင်သူလယ်သမားပိုင် လယ်ယာမြေတွေကို အ တင်းအဓမ္မ သိမ်းယူနေတာကို ကျွန်ုပ်တို့ ကွန်ယက်က အပြင်းအထန်ရှုံ့ချပါတယ်။ ကျွန်ုပ်တို့ ကွန်ယက်ဟာ အဖိနှိပ်ခံ တောင်သူလယ်သမားတွေဘက်က ရပ်တည်ကာ ဆုံးရှုံးနေတာတွေကို ဆက်လက်ရင်ဆိုင်တောင်းဆိုသွားမှာ ဖြစ်ပါ တယ်”

ပေးပို့ … မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားမိသားစု အကျိုးဆောင်ကွန်ယက်

from We Fight We Win by ယမုန်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...