ပြီးခဲ့တဲ့ အင်္ဂါနေ့က ကိုရီးယားနိုင်ငံရှိ Gangwon
ဒေသက အသက်(၁၀)နှစ်အရွယ် လေးတန်းကျောင်းသူတစ်ဦးက ဘဝဟာ အရမ်းခက်ခဲတာပဲဆိုတဲ့
စာချန်ထားခဲ့ပြီး မိမိကိုယ်ကို သေကြောင်း ကြံသွားခဲ့တယ်လို့
ယုံကြည်ရကြောင်း သိရပါတယ်။
ရဲများ၏ အပြောအရ ကလေး၏မိခင်ဟာ မိသားစုအတူနေထိုင်သော တိုက်ခန်းတွဲ၏
ဥယျာဉ်ထဲတွင် သူမသမီးသေဆုံးနေတာကို တွေ့ရှိခဲ့တာဖြစ်ကြောင်း သိရသည်။
ကျောင်းမှာ test ရှိလို့ ကျောင်းမတက်တဲ့ ထိုကျောင်းသူလေး၏ ဆရာမက
ကလေးအမေကို ဖုန်းခေါ်အသိပေးခဲ့၍ မိခင်က ကလေးကို ဖုန်းခေါ်၍ ဆူပူခဲ့ကြောင်း
၊ နောက်တစ်ကြိမ် ဖုန်းခေါ်ရာတွင် ဖုန်းမကိုင်တော့သည့်အတွက် ထူခြားနေသလို
ခံစားလာရကာ (၁၁)လွှာရှိ မိသားစုနေအိမ်သို့
သူမကိုတွေ့ရန် ပြန်လာခဲ့တာဖြစ်ကြောင်း အသက်(၃၇)နှစ်အရွယ် ကလေး၏ မိခင်က
ရဲကိုပြောဆိုခဲ့ကြောင်း သိရသည်။
မိသားစုနေအိမ်ထဲရှိ လှေကားမှာ တင်ထားသော မိသားစုမှန်ဘောင်၌
“ဝမ်းနည်းပါတယ် ။ ဘဝဟာသိပ်ခက်ခဲလို့ ဒီလိုလုပ်ရတာပါ”လို့ ရေးထားတဲ့
သူမ၏စာကို တွေ့ရှိခဲ့တာလို့ သိရပါတယ်။
Source : Stratistimes
No comments:
Post a Comment