ဧဒင်အချစ်ပုံပြင်: မလေးရှားနိုင်ငံရှိ ရွှေနှင့် ကျောက်မျက်ရတနာဆိုင် တစ်ဆိုင်တွင် လုယက်မှုဖြစ်ပွား

Tuesday 17 July 2012

မလေးရှားနိုင်ငံရှိ ရွှေနှင့် ကျောက်မျက်ရတနာဆိုင် တစ်ဆိုင်တွင် လုယက်မှုဖြစ်ပွား


မလေးရှားနိုင်ငံ ဘတူကေ့ဗ်ရှိ ကုန်တိုက်တစ်ခုအတွင်းမှ ကျောက်မျက်ရတနာဆိုင် တစ်ဆိုင်ကို လက်နက်ကိုင် သုံးဦးက ၀င်ရောက်လုယက်ခဲ့ရာ စင်ကာပူဒေါ်လာ လေးသိန်းကျော် တန်ဖိုးရှိ ရွှေနှင့် အခြားကျောက်မျက်ရတနာ ပစ္စည်းများ ပါသွားခဲ့ကြောင်း သိရသည်။ အဆိုပါ လက်နက်ကိုင် လုယက်မှုသည် ဇူလိုင် ၁၄ ရက် နံနက် ၁၁ နာရီ ၂၈ မိနစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၄င်းတို့သုံးဦးအနက်မှ နှစ်ဦးသည် ပစ္စတိုသေနတ်များ ကိုင်ဆောင်ထားပြီး ဆိုင်မှဝန်ထမ်းများအား ၄င်းတို့ပါလာသော အိတ်အတွင်းသို့ လက်ဝတ်ရတနာများ ထည့်ခိုင်းခဲ့ကြောင်း သိရသည်။ ထို့နောက် ဆိုင်အတွင်း၌ လင်ပန်း(၁၁)ခုမှ လက်ဝတ်ရတနာများကို အိတ်အတွင်းသို့ ထည့်ပြီးချိန်တွင် ၄င်းတို့သုံးဦးသည် ဆိုင်မှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။ သို့ရာတွင် အဆိုပါ လူသုံးဦးသည် ဆိုင်အတွင်းရှိ မှန်ဘီရိုများကို ထုခွဲဖျက်ဆီးခဲ့ခြင်း မရှိကြောင်းနှင့် အမျိးသမီး ၀န်ထမ်းများကိုလည်း တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း သိရသည်။ (အင်တာနက်)

2 comments:

  1. ပြန်လည်ဖမ်းမိနိုင်ပါစေလို့ပဲ ဆုတောင်းရတော့မှာပေါ့...

    ReplyDelete
  2. အင်း.....တိုးတက်တဲ့နိုင်ငံတဲ့ ...အကြမ်းဖက်မှုရှိတာပဲနော့

    သတင်းတွေအတွက်ကျေးဇူးပါ ဧဒင်ရေ ....

    ReplyDelete

Related Posts Plugin for WordPress, Blogger...