ဧဒင်အချစ်ပုံပြင်: အိပ်နေစဉ် ငယ်ပါ အခိုးခံရခြင်း

Friday 27 July 2012

အိပ်နေစဉ် ငယ်ပါ အခိုးခံရခြင်း



ငယ်ပါအခိုးခံလိုက်ရတဲ့ Fei Lin၊ သတင်း၊ ဓာတ်ပုံ- Daily Star, Austrian Times

တရုတ်နိုင်ငံအရှေ့ဘက်ခြမ်းက ဇီကျန် (Zhejiang) ပြည်နယ် ရဲတပ်ဖွဲ အဆိုအရ အသက် ၄၁ နှစ် အရွယ် Fei Lin ဆိုတဲ့ အမျိုးသားက သူတို့ကို ပြောတာကတော့ နိကျို (Niqiao) ရွာက သူ့အိမ်ထဲကို သူ အိပ်နေစဉ်မှာပဲ မနက် ၄ နာရီ လောက် လူတစုက ၀င်လာခဲ့ပါတယ်လို့ဆိုပါတယ်။

ပြီးတော့ သူ့ခေါင်းကို အိပ်စွပ်၊ သူ့ဘောင်းဘီ ကို ဆွဲချွတ်၊ ပြီးတော့ သူ့ ငယ်ပါ လေးကို ဖြတ်သွားကြတယ်လို့ ရဲတပ်ဖွဲ့ကို သူက ပြောဆိုခဲ့ပါတယ်တဲ့။

ရွှေ့ပြောင်းအလုပ်သမားတယောက်လည်းဖြစ်တဲ့ Fei Lin က ပြောတာက အဖြစ်အပျက်တွေက အရမ်းမြန် တယ်တဲ့။ သူလည်းပဲ ငယ်ပါမရှိတာတောင် သတိမထားမိလိုက်ဘူးတဲ့။ နောက်မှ သွေးတွေမြင်မှ သိလိုက် တာပါတဲ့။



“သူတို့ ငါ့ခေါင်းကို တခုခုနဲ့စွပ်လိုက်တယ်၊ ဘောင်းဘီကို ဆွဲချွတ်၊ ပြီးတော့ သူတို့ ဖြတ်လိုက်ကြတယ်။ ငါ ဘယ်လိုမှ မခံစားခဲ့ရတာ အံ့သြတယ်။ နောက် ငါသွေတွေထွက်နေတာမြင်တော့ ငါ့ ငယ်ပါလေး သွားပြီ မရှိတော့ဘူး” လို့ Fei Lin က ဆိုပါတယ်။

Fei Lin နေတဲ့ သူ့အိမ်လေး ( ဘယ်) နဲ့ အခင်းဖြစ်ပျက်စဉ်က သူ့ အိမ်တွင်းက သွေးကွက် (ညာ)
အခုတော့ ငယ်ပါလေး အခိုးခံလိုက်ရတဲ့ Fei Lin ဟာ ဆေးရုံပေါ်မှာ တက်ရောက်ကုသနေရပါတယ်။
ဘယ်သူကမှ နားမလည်နိုင်အောင်ဖြစ်နေပေမယ့် သူ့ငယ်ပါကို ဖြတ်တောက်သွားသူတွေဟာ တကယ်တော့ သူ့ကို အချစ်ရေးကိစ္စတွေနဲ့ မနာလိုဖြစ်တဲ့သူတွေဖြစ်မယ်လို့ ရဲတပ်ဖွဲ့က ထင်ပါတယ်တဲ့။

ဘာကြောင့်လည်းဆိုတော့ သူနဲ့ ရွာထဲက မိန်းကလေးတော်တော်များများက ချစ်ရေးချစ်ရာ ကျွမ်းဝင်ပြီး သူဟာ မြာပွေသူလည်းဖြစ်တာကြောင့် အခုလို ဖြစ်နိုင်တယ်လို့ ရဲက ယူဆတယ်။ သူက တော့ ဒါကို ငြင်းဆိုထားပါတယ်။

အခင်းဖြစ်တဲ့နေရာ တ၀ိုက်မှာလည်း အရေးပေါ် ကယ်ဆယ်ရေး လုပ်သားတွေက သူ့ရဲ့ ပျောက်သွားတဲ့ ငယ်ပါလေး ရှိ လို့ ရှိညား လိုက်ရှာခဲ့ပါသေးတယ်တဲ့။ အကယ်လို့ ပြန်တွေ့ရင် ဘာပဲ ပြောပြော အချိန် မီ ပြန်ဆက်ပေးနိုင်အောင်ပေါ့။ ဒါပေမယ့် ပြန်ရှာလို့လည်း မတွေ့ရပါဘူးတဲ့။

အခုကိစ္စနဲ့ ပတ်သက်ပြီး ငယ်ပါလေး ဓားပြတိုက်သွားသူတွေနဲ့ ဒီနောက်က ဘယ်သူရှိမလဲ ဆိုတာ ရဲကလည်း စုံစမ်းမှုတွေ လုပ်နေပါတယ်တဲ့။

အဲဒီကိစ္စမှာ သူနဲ့ပတ်သက်ခဲ့တဲ့ မိန်းကလေးတွေနဲ့ ဆက်စပ်နေမယ်လို့ ရဲကလည်း ထင်မြင်ယူဆနေပါတယ်တဲ့။

“သွားပြီး မရှိတော့ဘူး” လို့ Fei Lin က ဆိုပါတယ်။

စာဖတ်သူ အမျိုးသားများလည်း Fei Lin လို မဖြစ်ပါစေဖို့ ဒီသတင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...