ဧဒင်အချစ်ပုံပြင်: ရှင်စောပု(မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း)၀ါဆိုသင်္ကန်းကပ်လှူ (3 photos)

Saturday, 11 August 2012

ရှင်စောပု(မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း)၀ါဆိုသင်္ကန်းကပ်လှူ (3 photos)

                                                  ဧဒင်အချစ်ပုံပြင်မှလှိုက်လဲစွာကြိုဆိုပါတယ်

ရှင်စောပု(မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း)၏ ပထမအကြိမ်စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ဗဟိုအလုပ်မူဆောင်ကော်မတီဝင်များမြို့နယ် အလုပ်မှူဆောင်ကော်မတီဝင်များတွေဆုံဆွေးနွေးပွဲကို မော်လမြိုင်မြို့- ဖက်တန်းရပ်-မွန်ဓမ္မာရုံတွင် သြဂုတ်၈
ရက်နေ့ကကျင်းပခဲ့ကြသည်။အဆိုပါအခမ်းအနားသို့မြို့နယ်အသီးသီးမှ ဆရာတော်သံဃာတော်များ(၁၂)ပါးနှင့်ရှင်စောပု (မွန်အမျိုးသမီစွမ်းဆောင်ရှင်များ အသင်း)မှ အလုပ်မှူဆောင်ကော်မတီဝင်များ(၂၀၀)ခန့်တက်ရောက်ခဲ့ကြသည်။


ဆက်လက်၍ဗဟိုအလုပ်မူဆောင် ကော်မတီဝင်များ၏လုပ်ငန်းညိုနှိုင်းအစည်းအဝေးကိုနေ့လည် ၁၂းနာရီတွင် အခမ်းအနားကိုဆက်လက်ကျင်းပခဲ့ကြပြီး၊ အစည်းအဝေးတွင်နာယက ဆရာတော်အသီးသီးမှ သြ၀ါဒစကားမိန့်ကြားခဲ့ကြကာ ဥက္ကဋ္ဌ ဒေါ်မိကျင်သန်း မှ အသင်းနှင့်ပတ်သတ်ပြီး ဆက်လက်တည်တံ့ခိုင်မြဲစေရေးအတွက် တက်ရောက်လာသော ဧည်ပရိတ်များအား သိမှတ်ဖွယ်ရာများကို ရှင်းလင်းခဲ့ကြောင်းသိရသည်။

ဒုဥက္ကဋ္ဌ ဒေါ်မိကွန်ချစ်ချစ် မှ စာပေယဉ်ကျေးမှူအခန်းကဏ္ဍကိုအသေစိတ်ရှင်းလင်းပြောကြားခဲ့ပြီး ဒုဥက္ကဋ္ဌ မိခင်လေးမြင့်မှ ပညာရေးအခန်းကဏ္ဍကို၎င်း၊ ဒုဥက္ကဋ္ဌ ဒေါ်မိတင်တင်ဝင်း မှ မွန်အမျိုးသမီးများ၏ကျန်မာရေးအခန်းကဏ္ဍနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်ပြောကြားခဲ့ကြာသည်။ဒုဥက္ကဋ္ဌ ဒေါ်မိအေးယဉ်မှ မွန်အမျိုးသမီးလူမူရေးနှင့်ပတ်သတ်ပြီး အခန်းကဏ္ဍကိုရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

ရှင်စောပု(မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း)၏ဖွဲ့စည်းပုံမူကြမ်းနှင့်ပတ်သက်၍ တက်ရောက်လာသောမွန် အမျိုးသမီးများနှင့် အလုပ်မူဆောင်ကော်မတီဝင်များမှ အပြန်အလှန်ဆွေးနွေးအတည်ပြုပေးခဲ့ကြသည်။ဆက်လက်၍ အဆိုပါအဖွဲ့၏ရှေ့လုပ်ငန်းစဉ်လျာထားချက်များကိုအသေစိတ်ဆွေးနွေးရာတွင် သံဖြူဇရပ်မြို့နယ် မှ ဥက္ကဋ္ဌ ဒေါ်မိအုန်းရီ မှ ဘဏ္ဍာရေးနှင့်ငွေခွဲဝေသုံးစွဲရေးလုပ်ငန်းများနှင့်ပတ်သတ်၍ တင်ပြဆွေးနွေးပြီနောက် အစည်းအဝေးကို ညနေ့ ၄းနာရီ၃၀တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်းသိရသည်။

အိမမ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...