ဧဒင်အချစ်ပုံပြင်: လုံလုံခြုံခြုံဖြင့် ရေကူးသည့် မက်ဒေါနား(4 photo)

Tuesday 21 August 2012

လုံလုံခြုံခြုံဖြင့် ရေကူးသည့် မက်ဒေါနား(4 photo)

madonnaမက်ဒေါနားတစ်ယောက် ယခင်နှင့်မတူ ရေကူးရာတွင် အလွန်လုံခြုံ ပြည့်စုံသော အဝတ်အစားများကို ဝတ်ဆင်ခဲ့သဖြင့် ပါပါရာဇီများ တအံ့တဩ ဖြစ်ခဲ့ရကြောင်း သိရှိရသည်။ အသက်(၅၄)နှစ်ရှိ Popဂီတ အဆိုတော်သည် အဖြူရောင် အားကစား ဝတ်စုံကို အလွန်လုံခြုံစွာ ဝတ်ဆင်ပြီး ခေါင်းပေါ်တွင် ဘေ့စ်ဘော ဦးထုပ် တစ်လုံးကို ဆောင်းကာ ပြင်သစ်နိုင်ငံရှိ ရီဗီရာ ကမ်းခြေသို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် သူမသည် ထိုအဝတ်အစားဖြင့်ပင် ရေထဲဆင်းခဲ့ခြင်း ဖြစ်သည်။
လုံလုံခြုံခြုံဖြင့် ရေကူးသည့် မက်ဒေါနား
မက်ဒေါနားတစ်ယောက် ယခင်နှင့်မတူ ရေကူးရာတွင် အလွန်လုံခြုံ ပြည့်စုံသော အဝတ်အစားများကို ဝတ်ဆင်ခဲ့သဖြင့် ပါပါရာဇီများ တအံ့တဩ ဖြစ်ခဲ့ရကြောင်း သိရှိရသည်။ အသက်(၅၄)နှစ်ရှိ Popဂီတ အဆိုတော်သည် အဖြူရောင် အားကစား ဝတ်စုံကို အလွန်လုံခြုံစွာ ဝတ်ဆင်ပြီး ခေါင်းပေါ်တွင် ဘေ့စ်ဘော ဦးထုပ် တစ်လုံးကို ဆောင်းကာ ပြင်သစ်နိုင်ငံရှိ ရီဗီရာ ကမ်းခြေသို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် သူမသည် ထိုအဝတ်အစားဖြင့်ပင် ရေထဲဆင်းခဲ့ခြင်း ဖြစ်သည်။

(မက်ဒေါနားအား သူမ၏ချစ်သူ ဘရာဟင်ဇိုင်ဘတ်၊ သမီးဖြစ်သူ လောဒရက်စ်တို့နှင့်အတူ ရေကူးနေသည့် မက်ဒေါနား)
သူမ၏ အနုပညာ သက်တမ်းတစ်လျှောက် ခပ်ဟော့ဟော့ ဖြတ်သန်းခဲ့သော မက်ဒေါနားသည် ခန္ဓာကိုယ် အစိတ်အပိုင်းများကို ထုတ်ဖော်ပြသရန် ရှက်ရွံ့တွန့်ဆုတ်တတ်သူ မဟုတ်သော်လည်း နိုက်စ်ရှိ ကမ်းခြေတွင်မူ သူမ၏ လုံခြုံစွာ ဝတ်စားဆင်ယင်မှုသည် ဘာသာရေးနှင့် ဆက်နွယ်နေနိုင်ကြောင်း သတင်းများက သုံးသပ် ရေးသားခဲ့သည်။ မက်ဒေါနားသည် ခါဘာလာ အမည်ရှိ ထူးခြားလျှို့ဝှက်သော ဘာသာတရား တစ်ခုကို (၁၉၉၆)ခုနှစ် ကတည်းက သက်ဝင် ကိုးကွယ်လာခဲ့သည်။
madonna
(ချစ်သူနှင့်အတူ စကားစမည် ပြောနေသည့် မက်ဒေါနား)
ထိုဘာသာတရားတွင် အဖြူရောင် ဝတ်စုံသည် သန့်စင်ကောင်းမွန်သော စွမ်းအင်ကို ဖြည့်တင်းပေးသည်ဟု အယူအဆ ရှိနေသည်။ မက်ဒေါနားသည် ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဉ်အရ နိုက်စ်သို့ ရောက်ရှိလာစဉ် ကမ်းခြေသို့ လာရောက် လည်ပတ်ခဲ့ခြင်းဖြစ်ပြီး အသက်(၂၄)နှစ်အရွယ် ချစ်သူ ဘရာဟင်ဇိုင်ဘတ်၊ အသက်(၁၅)နှစ်ရှိ သမီး လောဒရက်စ်တို့လည်း လိုက်ပါလာသည်။ လောဒရက်စ်မှာမူ အဖြူရောင် ဘီကနီဖြင့် နေပူစာ လှုံနေခဲ့သည်ကို တွေ့ရသည်။
madonna
(မက်ဒေါနား၏ လုံလုံခြုံခြုံ ရေကူးဝတ်စုံ)
မက်ဒေါနားသည် အီစတန်ဘူလ် ဖျော်ဖြေပွဲတွင် ညာဘက် ရင်သားကို လှစ်ပြခဲ့သလို ရိုးမားတွင်လည်း စင်အောက်မှ ပရိသတ်အား သူမ၏ ဆွဲဆောင်မှုရှိသော တင်သားဖြင့် ညှို့ယူခဲ့သေးရာ ယခုကဲ့သို့ ရုတ်တရက် အရှက်သည်းသွားခြင်းသည် အတင်းအဖျင်း သတင်းဌာနများအတွက် အံ့ဩစရာ အခြေအနေ တစ်ခုသဖွယ် ဖြစ်လာကြောင်းလည်း သိရှိရသည်။
SourceDailyMail ,planet

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...