ဧဒင်အချစ်ပုံပြင်: ဆီးရီးယားမှာ သတင်းယူရင်း သေဆုံး ခဲ့ရတဲ့ သတင်း ထောက် ယာမာမိုတို (ရုပ်သံ)

Friday 24 August 2012

ဆီးရီးယားမှာ သတင်းယူရင်း သေဆုံး ခဲ့ရတဲ့ သတင်း ထောက် ယာမာမိုတို (ရုပ်သံ)

ဆီးရီးယားမှာ သတင်းယူရင်း သေဆုံး ခဲ့ရတဲ့ သတင်း ထောက် ယာမာမိုတို


ဆီးရီးယား နိုင်ငံတွင် အစိုးရနှင့် အတိုက်အခံ အဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသော အလတ် ပိုဆိပ်ကမ်းမြို့ ၌ ဂျပန် အမျိုးသမီး ဂျာနယ်လစ် တစ်ဦး သတင်းလိုက်ရင်း အသတ်
ခံ ခဲ့ရကြောင်း ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး BBC သတင်းတွင် ဖော်ပြထားသည်။

တိုကျိုမြို့ တော် အခြေစိုက် Japan Press သတင်း အေဂျင်စီ ၏ အသက် ၄၅ နှစ်အရွယ် အမျိုးသမီး စစ်သတင်းထောက် ယာမာမိုတို ဆီးရီးယား နိုင်ငံ၌ အသတ်ခံ ခဲ့ရခြင်း ဖြစ်သည်။


အသတ်ခံရချိန်တွင် အနီး၌ သတင်းလိုက်ဖော် တစ်ဦး ပါဝင်ကြောင်း ဂျပန် နိုင်ငံခြားရေး ၀န်ကြီး ဌာန ပြောရေးဆိုခွင့် ရှိသူက ပြောကြား သွားသည်။

အဆိုပါ သတ်ဖြတ် ခံရမှုနှင့် ပတ်သတ်၍ Japan Press သတင်း အေဂျင်စီက မည်သည့် သတင်း ထုတ်ပြန်ချက်မျှ ထုတ်ပြန် သွားခြင်း မရှိသေးပေ။
ယာမာမိုတိုသည် ၁၉၉၅ ခုနစ်မှ စတင်ပြီး Japan Press သတင်း အေဂျင်စီနှင့် လက်တွဲ လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး အာဖဂန်နှင့် အီရတ် စစ်ပွဲ များတွင်လည်း စစ်သတင်းများ လိုက်ခဲ့ကြောင်း အေဂျင်စီ ၀က်ဆိုဒ်တွင် ဖော်ပြထားသည်။

ဆီးရီးယား နိုင်ငံတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ အကြောင်း စစ်သတင်း လိုက်ရင်းဖြင့် အမေရိကန် သတင်းထောက် တစ်ဦး နှင့် ပြင်သစ် သတင်းထောက် နှစ်ဦးလည်း သေဆုံး ခဲ့ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

၂၀၁၁ခုနှစ် မတ်လမှ စတင်ဖြစ်ပွားသော အစိုးရနှင့် အတိုက်အခံများကြား တိုက်ပွဲများကြောင့် ဒေသခံ ၁၈၀၀၀ ကျော် သေဆုံးခဲ့ပြီး နိုင်ငံသား ၂ ဒသမ ၅ သန်းကျော် အရေးပေါ် ကူညီမှုများ လိုအပ်နေကြောင်း ကုလသမဂ္ဂ သတင်း ထုတ်ပြန်ချက်များတွင် ဖော်ပြ ထားသည်။
The Voice Weekly
 
ကိုထွန်းဝေစာမျက်နှာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...