ဧဒင်အချစ်ပုံပြင်: တပ်မတော်သားများ ရေဘေးကယ်ဆယ်ရေး စခန်းများတွင် လုပ်အားပေး ဆောင်ရွက်

Friday 24 August 2012

တပ်မတော်သားများ ရေဘေးကယ်ဆယ်ရေး စခန်းများတွင် လုပ်အားပေး ဆောင်ရွက်

အနောက်တောင်တိုင်းစစ်ဌာနချုပ်နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များမှတပ်မတော်သားများနှင့်နယ်မြေခံစစ်မြေပြင် ဆေးတပ်ရင်းမှ ဆေးအကာအကွယ် ပေးရေး
အဖွဲ့များသည် ဧရာဝတီတိုင်း ဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်လျက်ရှိသည့် မြို့နယ်အသီးသီးတွင် ရေဘေးသင့် ပြည်သူများအား ကူးစက်ရောဂါ မဖြစ်ပွားအောင် ကယ်ဆယ်ရေး စခန်းများ၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင် ရွက်ပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်း၊ အခမဲ့ဆေးဝါးကုသမှု ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၃ ရက်က ကျောင်းကုန်းမြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေး စခန်းများ အသီးသီးသို့ ရောက်ရှိလာသော ထောက်ပံ့ပစ္စည်းများအား ဖြန့်ဝေမည့်နေရာသို့ လုပ်အားပေးသယ်ယူ ပို့ဆောင်ပေးခြင်း၊ ထောက်ပံ့ပစ္စည်းများအား ရေဘေးသင့် ပြည်သူများကို ဖြန့်ဝေရာတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခြင်း၊ ကယ်ဆယ်ရေး စခန်းများတွင် ကူးစက်ရောဂါဖြစ်ပွားမှု မရှိစေရန် သန့်ရှင်းရေး လုပ်ဆောင်ခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် အခမဲ့ဆေးဝါး ကုသပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...