ဧဒင်အချစ်ပုံပြင်: ကန်ကြီးထောင့်မြု့နယ်တွင် သြဂုတ်လ(၁)ရက်နေ့က တာကျိုးပေါက်မှုတစ်ခုဖြစ်ပွား

Friday 3 August 2012

ကန်ကြီးထောင့်မြု့နယ်တွင် သြဂုတ်လ(၁)ရက်နေ့က တာကျိုးပေါက်မှုတစ်ခုဖြစ်ပွား




3 Aug, 2012
လွန်ခဲ့သည့်မေလအတွင်းက အပြီးသတ် တည်ဆောက်ခဲ့သည့် ကန်ကြီးထောင့်မြို့နယ်ရှိ ဒါးကမြို့နှင့် မန္တလေးကုန်းကျေးရွာသို့ ဆက်သွယ်ဖေါက်လုပ် ထားသည့် အရှည်ပေ (၃ရ၀၀) ကျော်ရှိသသည့် ကျေးရွာချင်းဆက်
မြေသားရေထိန်းတာတမံတစ်ခု သြဂုတ်လ(၁)ရက်နေ့ နံက်ပိုင်းက ဒါးကမြစ်ရေကြီးမှုကြောင့် တာအလည်ခန်မှ နေ၍ အကျယ်ပေ(၁၆၀)ခန်ကျိုးပေါက်သွားကြောင်း သိရှိရသည်။ အဆိုပါတာသည် နှစ်စဉ်ရေနစ်မြုပ်သည့်
ရေနက်ကွင်းဧရိယာတွင် ဆည်မြောင်းဥိးစီးဌာနမှတာအတွင်းရှိ ရေကျနောက်စိုက်စပါးဧက (၁၆၈၀၀)အား မိုးဦးစိုက်အဖြစ် စမ်းသပ်စိုက်ပျိုးနိုင်ရန်အတွက် ရည်ရွယ်၍ ဖေါက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့ ဒီတာကို ကျေးရွာအုပ်စု (၈)ခုနှစ် သီးစားစိုက်နိုင်ဘို့အတွက် ဒီနှစ်မေလတုံးကမှ အပြီးသတ် ဖေါက်တာ၊ အခုကျေးရွာအုပ်စု(၈)ခုလုံးမှာ ဧက (၅၂၀၀)ကျော်မိုးဦး စမ်းသပ်စိုက်ပြီးသွားပြီ၊ အခုလို တာကျိုးသွားတော့ဧက(၄၃၀၀)လောက် ရေမြုပ်သွားတယ်၊ တာကို အချိန်မှီ ပြန်ပြုပြင်နိုင်ရင်တော့ အကုန်လုံး မပျက်စီးလောက်ဘူး ၊ မပြင်နိုင်ရင်တော့ အကုန်လုံးပျက်စီးသွားနိုင်တယ်လို့” ပျဉ်းမငူကျေးရွာမှ ဦးအောင်ကျော်ဦးက ပြောပြသည်။



မန္တလေးကုန်းတာသည် မြေသားတာအမျိုးအစားဖြစ်ပြီး မေလကမှ ဖေါက်လုပ်ပြီးစီးခဲ့သဖြင့် အောက်ခံ မြေသားခိုင်ခံမှု မရှိသေးဟုဆိုသည်၊ စတင်ဖေါက်လုပ်စဉ်က အောက်ခြေအကျယ်ပေ(၆၀)၊ အမြင့်(၁၅)ပေ၊ ထိပ်ဝအကျယ်(၁၂) ပေရှိသည်။ အဆိုပါတာသည် မြေသားတမံ ဖြစ်ကာ ရေပတ်လည် ၀န်းရံလျှက်ရှိ၍ မြေနူးနေချိန်တွင် ဒါးကမြစ်ရေမြင့် တက်ကာ ရေဖိအားဖြင့် တာအလည်မှ ကျိုးပေါက်ခဲ့ခြင်းဖြစ်သည်။

တာကျိုးပေါက်မှုအား အချိန်မှီ ပြုပြင်နိုင်ရေးအတွက် ယင်းဒေသ၏ လွှတ်တော်ကိုယ်စားလှယ်အပါအ၀င် ဒေသခံပြည်သူများ ၊ တပ်မတော်သားများ ၀ိုင်းဝန်းပြင်ဆင် ဆောင်ရွက်လျက် လိုအပ်လျှက်ရှိသည့် သဲအိပ်များနှင့် အခြားလိုအပ်သော ပစ္စည်းများ အချိန်မီရရှိနိုင်ရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

@ Eleven News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...